သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ႏ်ဴကလီးယား စက္ရံုေတြက ေစာင္႔ၾကည့္ကင္မရာေတြ အီရန္ဖယ္ရွား


Iran Nuclear

[[ ZAWGYI / UNICODE ]]

ႏ်ဴကလီးယား စက္ရံုေတြက ေစာင္႔ၾကည့္ကင္မရာေတြ အီရန္ဖယ္ရွား

အီရန္ႏိုင္ငံက ႏ်ဴကလီးယားစက္႐ုံေတြမွာ တပ္ဆင္ထားတဲ့ လုံျခံဳေရးကင္မရာ ၂၇ ခုကို ဖယ္ရွားလိုက္တာေၾကာင့္ ႏ်ဴကလီးယား လုပ္ငန္းေတြကို ေစာင့္ၾကည့္ဖို႔ မလြယ္ေတာ့ေၾကာင္း ႏိုင္ငံတကာ အႏုျမဴစြမ္းအင္ေအဂ်င္စီ (IAEA) အႀကီးအကဲက ေျပာလိုက္ပါတယ္။

အီရန္ရဲ႕ လုပ္ရပ္ဟာ စိုးရိမ္စရာ စိန္ေခၚမႈျဖစ္ၿပီး၊ မၾကာခင္သီတင္းပတ္ေတြမွာ အီရန္ရဲ႕ ႏ်ဴကလီးယား အစီအစဥ္နဲ႔ ပတ္သက္လို႔ သိႏိုင္ေတာ့မွာ မဟုတ္ေၾကာင္းလည္း IAEA အတြင္းေရးမွဴးခ်ဳပ္ Rafael Mariano Grossi က ၾကာသပေတးေန႔မွာ ေျပာဆိုလိုက္တာပါ။ ကမာၻ႔အင္အားႀကီး ၅ ႏိုင္ငံနဲ႔ ရရွိခဲ့တဲ့ အီရန္ႏ်ဴကလီယားအေရး ႏိုင္ငံတကာ သေဘာတူညီခ်က္ကို ျပန္လည္အသက္သြင္းႏိုင္ဖို႔ ေစ့စပ္ညႇိႏႈိင္းမႈေတြကို အႀကီးအက်ယ္ ထိခိုက္ေစတဲ့ လုပ္ရပ္ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

တျခားႏ်ဴကလီးယားစက္႐ုံေတြမွာရွိတဲ့ ကင္မရာ ၄၀ ေလာက္ကေတာ့ ရွိေနဆဲပဲလို႔ ေျပာပါတယ္။ ကင္မရာေတြ ဖယ္ရွားလိုက္တဲ့ စက္႐ုံေတြထဲမွာေတာ့ ႏ်ဴကလီးယားသန္႔စင္တဲ့ Natanz ေျမေအာက္စက္႐ုံနဲ႔ Isfahan က စက္႐ုံေတြ ပါ၀င္ေၾကာင္းလည္း IAEA အႀကီးအကဲက ေျပာပါတယ္။ အီရန္ႏ်ဴကလီးယားအေရး ၂၀၁၅ ခုႏွစ္ ႏိုင္ငံတကာ သေဘာတူညီခ်က္ကို ျပန္လည္အသက္သြင္းႏိုင္ဖို႔ ႀကိဳးပမ္းမႈေတြကေတာ့ ဧၿပီလကစ ရပ္ဆိုင္းေနတာပါ။

အေမရိကန္ သမၼတေဟာင္း Donald Trump လက္ထက္က ႏုတ္ထြက္ခဲ့တဲ့ သေဘာတူညီခ်က္မွာ ျပန္လည္ပါ၀င္ဖို႔ သမၼတ Joe Biden အစိုးရက ေစ့စပ္ညႇိႏႈိင္းတာေတြ ရွိေပမဲ့ ေအာင္ျမင္မႈေတာ့ မရခဲ့ပါဘူး။ ကၽြမ္းက်င္သူေတြကေတာ့ အီရန္ဟာ ႏ်ဴကလီးယားဗုံး ထုတ္လုပ္ႏိုင္မယ့္ သန္႔စင္ၿပီးသား ယူေရနီယံ ထုတ္လုပ္ႏိုင္ဖို႔ နီးစပ္ေနၿပီလို႔ ခန္႔မွန္းေနၾကပါတယ္။ အီရန္ကေတာ့ ႏ်ဴကလီယား လုပ္ငန္းေတြဟာ ၿငိမ္းခ်မ္းတဲ့ ရည္ရြယ္ခ်က္နဲ႔သာျဖစ္ေၾကာင္း ကာကြယ္ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

=====================================

{{ UNICODE }}

နျူကလီးယား စက်ရုံတွေက စောင့်ကြည့်ကင်မရာတွေ အီရန်ဖယ်ရှား

အီရန်နိုင်ငံက နျူကလီးယားစက်ရုံတွေမှာ တပ်ဆင်ထားတဲ့ လုံခြုံရေးကင်မရာ ၂၇ ခုကို ဖယ်ရှားလိုက်တာကြောင့် နျူကလီးယား လုပ်ငန်းတွေကို စောင့်ကြည့်ဖို့ မလွယ်တော့ကြောင်း နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ (IAEA) အကြီးအကဲက ပြောလိုက်ပါတယ်။

အီရန်ရဲ့ လုပ်ရပ်ဟာ စိုးရိမ်စရာ စိန်ခေါ်မှုဖြစ်ပြီး၊ မကြာခင်သီတင်းပတ်တွေမှာ အီရန်ရဲ့ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်လို့ သိနိုင်တော့မှာ မဟုတ်ကြောင်းလည်း IAEA အတွင်းရေးမှူးချုပ် Rafael Mariano Grossi က ကြာသပတေးနေ့မှာ ပြောဆိုလိုက်တာပါ။ ကမ္ဘာ့အင်အားကြီး ၅ နိုင်ငံနဲ့ ရရှိခဲ့တဲ့ အီရန်နျူကလီယားအရေး နိုင်ငံတကာ သဘောတူညီချက်ကို ပြန်လည်အသက်သွင်းနိုင်ဖို့ စေ့စပ်ညှိနှိုင်းမှုတွေကို အကြီးအကျယ် ထိခိုက်စေတဲ့ လုပ်ရပ်ဖြစ်ကြောင်းလည်း ပြောပါတယ်။

တခြားနျူကလီးယားစက်ရုံတွေမှာရှိတဲ့ ကင်မရာ ၄၀ လောက်ကတော့ ရှိနေဆဲပဲလို့ ပြောပါတယ်။ ကင်မရာတွေ ဖယ်ရှားလိုက်တဲ့ စက်ရုံတွေထဲမှာတော့ နျူကလီးယားသန့်စင်တဲ့ Natanz မြေအောက်စက်ရုံနဲ့ Isfahan က စက်ရုံတွေ ပါဝင်ကြောင်းလည်း IAEA အကြီးအကဲက ပြောပါတယ်။ အီရန်နျူကလီးယားအရေး ၂၀၁၅ ခုနှစ် နိုင်ငံတကာ သဘောတူညီချက်ကို ပြန်လည်အသက်သွင်းနိုင်ဖို့ ကြိုးပမ်းမှုတွေကတော့ ဧပြီလကစ ရပ်ဆိုင်းနေတာပါ။

အမေရိကန် သမ္မတဟောင်း Donald Trump လက်ထက်က နုတ်ထွက်ခဲ့တဲ့ သဘောတူညီချက်မှာ ပြန်လည်ပါဝင်ဖို့ သမ္မတ Joe Biden အစိုးရက စေ့စပ်ညှိနှိုင်းတာတွေ ရှိပေမဲ့ အောင်မြင်မှုတော့ မရခဲ့ပါဘူး။ ကျွမ်းကျင်သူတွေကတော့ အီရန်ဟာ နျူကလီးယားဗုံး ထုတ်လုပ်နိုင်မယ့် သန့်စင်ပြီးသား ယူရေနီယံ ထုတ်လုပ်နိုင်ဖို့ နီးစပ်နေပြီလို့ ခန့်မှန်းနေကြပါတယ်။ အီရန်ကတော့ နျူကလီယား လုပ်ငန်းတွေဟာ ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်နဲ့သာဖြစ်ကြောင်း ကာကွယ်ပြောဆိုထားပါတယ်။

XS
SM
MD
LG