(Zawgyi / Unicode)
အီရန်နဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေကြား နျူကလီးယား သဘောတူညီချက်ကို ပြန်လည်စတင်လာနိုင်ခြေ ရှိနေချိန်မှာပဲ အစ္စရေးလ်နဲ့ အာရပ်ပင်လယ်ကွေ့ မဟာမိတ်တွေရဲ့ စိုးရိမ်မှုကို ချေဖျက်နိုင်ရေး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ကြိုးပမ်းနေပါတယ်။
အီရန်နဲ့ ညှိနှိုင်းမှုအရေးကို ထိပ်တန်းဦးစားပေး ဆွေးနွေးကြမယ်လို့ ခန့်မှန်းထားတဲ့ တနင်္ဂနွေနေ့က အစ္စရေးလ်၊ နောက် အာရပ်နိုင်ငံလေးခုက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အထူးတွေ့ဆုံပွဲ မတိုင်ခင်လေးမှာဘဲ ဝန်ကြီး Blinken က အခုလို မှတ်ချက်ပေး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အစ္စရေးလ် နိုင်ငံခြားရေးဝန်ကြီး Yair Lapid နဲ့ အတူလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Blinken က “အရေးကြီးဆုံးကိစ္စမှာတော့ ကျနော်တို့ တသဘောတည်းရှိပါတယ်” ပြောဆိုခဲ့ပါတယ်။
“အီရန်အနေနဲ့ ဘယ်တော့မှ နျူကလီးယားလက်နက် မပိုင်ဆိုင်စေရ ဆိုတာဟာ နှစ်ဖက်လုံးရဲ့ ပိုင်းဖြတ်ချက်၊ နှစ်ဖက်လုံးရဲ့ သန္နိဋ္ဌာန် ဖြစ်ပါတယ်။” လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့တာပါ။
အီရန် နျူကလီးယား သဘောတူညီချက်ကို အစ္စရေးလ်နဲ့ အိမ်နီးချင်းနိုင်ငံ အများအပြားက ပြင်းပြင်းထန်ထန် ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။
-----------------------------
(Unicode)