သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အီရန္နဲ႔ ႏ်ဴကလီးယား သေဘာတူညီမႈ ထင္သေလာက္ ျမန္ဆန္ဖြယ္မရွိ - ကန္အထူးကိုယ္စားလွယ္ Robert Malley


အီရန္ဆိုင္ရာ အေမရိကန္ အထူးကိုယ္စားလွယ္ Robert Malley. (ဇြန္ ၂၀၊ ၂၀၂၁)

(Zawgyi / Unicode)

အီရန္နဲ႔ ကမၻာ့အင္အားႀကီး ႏိုင္ငံေတြၾကား ႏ်ဴကလီးယား သေဘာတူညီခ်က္တခု ရရွိဖို႔ နီးစပ္လာၿပီ ဆိုတာကို သူ႔အေနနဲ႔ မယံုၾကည္ေၾကာင္း အီရန္ဆိုင္ရာ အေမရိကန္ အထူးကိုယ္စားလွယ္ Robert Malley က တနဂၤေႏြေန႔မွာ ေျပာဆိုလိုက္ပါတယ္။

ဒါဟာဆိုရင္ ၾသစႀတီးယားႏိုင္ငံ ၿမိဳ႕ေတာ္ ဗီယင္နာမွာ ၁၁ လၾကာ ေဆြးေႏြး ညႇိႏိႈင္းၿပီးေနာက္ ရပ္တန္႔ေနတဲ့ အီရန္ ႏ်ဴကလီးယားအေရး ေဆြးေႏြးပြဲအေပၚမွာ ေမွ်ာ္လင့္ခ်က္ေတြကို ေလွ်ာ့ခ်လိုက္တာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ လပိုင္းေတြတုန္းကေတာ့ သေဘာတူညီခ်က္ဟာ သိပ္ၿပီး နီးစပ္လာေနၿပီလို႔ ယူဆခဲ့ၾကေပမယ့္ မၾကာခင္ ျဖစ္လာေတာ့မယ္ဆိုတဲ့ အေပၚမွာေတာ့ စိတ္ခ်လက္ခ် မရွိေၾကာင္း အီရန္ဆိုင္ရာ အေမရိကန္ အထူးကိုယ္စားလွယ္ Robert Malley က ဒိုဟာဖိုရမ္ ႏိုင္ငံတကာ ေဆြးေႏြးပြဲမွာ ေျပာဆိုခဲ့တာပါ။

အီရန္ ဘာသာေရးေခါင္းေဆာင္ Ayatollah Ali Khamenei ရဲ႕ အႀကီးတန္းအႀကံေပး Kamal Kharrazi ကေတာ့ သေဘာတူညီခ်က္ မၾကာခင္ ထြက္ေပၚလာႏိုင္ေၾကာင္း ေျပာဆိုခဲ့တာပါ။

“အေမရိကန္ျပည္ေထာင္စုရဲ႕ ႏိုင္ငံေရးစိတ္ဆႏၵ အေပၚမွာ မူတည္ပါတယ္။” လုိ႔ ဒိုဟာဖိုရမ္ ႏိုင္ငံတကာ ေဆြးေႏြးပြဲမွာ Kharrazi က ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

ဒီေျပာဆိုခ်က္ ထြက္လာၿပီးေနာက္မွာပဲ ၂၀၁၅ ခုႏွစ္ ႏ်ဴကလီးယား သေဘာတူညီခ်က္ ျပန္လည္အသက္သြင္းေရး ေစ႔စပ္ညႇိႏိႈင္းမႈေတြအေပၚ အေမရိကန္ အထူးကိုယ္စားလွယ္က အကဲျဖတ္ ေျပာဆိုခဲ့တာပါ။

အီရန္ဘက္က ႏ်ဴကလီးယား အစီအစဥ္ေတြကို ေလွ်ာ့ခ်ၿပီး အျပန္အလွန္အားျဖင့္ ျပင္းထန္တဲ့ ဒဏ္ခတ္ပိတ္ဆို႔မႈတခ်ိဳ႕ကို ေလွ်ာ့ခ်ေပးမယ့္ ၂၀၁၅ ခုႏွစ္ အီရန္ ႏ်ဴကလီးယား သေဘာတူညီခ်က္ကို ျပန္လည္စတင္ေရး ႀကိဳးပမ္းမႈေတြ မေအာင္ျမင္ရင္ေတာ့ အေရွ႕အလယ္ပိုင္းေဒသတြင္း တင္းမာမႈေတြ တိုးလာမယ့္ အႏၲရာယ္ရွိၿပီး အေနာက္ႏိုင္ငံေတြရဲ႕ ပိုၿပီး ျပင္းထန္တဲ့ ဒဏ္ခတ္ပိတ္ဆို႔မႈ ျဖစ္လာေစႏိုင္သလို ကမၻာ့ေရနံေစ်းႏႈန္းလည္း ထပ္တက္လာမယ္လို႔ သံုးသပ္သူေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

အီရန်နဲ့ နျူကလီးယား သဘောတူညီမှု ထင်သလောက် မြန်ဆန်ဖွယ်မရှိ - ကန်အထူးကိုယ်စားလှယ် Robert Malley

အီရန်နဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေကြား နျူကလီးယား သဘောတူညီချက်တခု ရရှိဖို့ နီးစပ်လာပြီ ဆိုတာကို သူ့အနေနဲ့ မယုံကြည်ကြောင်း အီရန်ဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် Robert Malley က တနင်္ဂနွေနေ့မှာ ပြောဆိုလိုက်ပါတယ်။

ဒါဟာဆိုရင် သြစတြီးယားနိုင်ငံ မြို့တော် ဗီယင်နာမှာ ၁၁ လကြာ ဆွေးနွေး ညှိနှိုင်းပြီးနောက် ရပ်တန့်နေတဲ့ အီရန် နျူကလီးယားအရေး ဆွေးနွေးပွဲအပေါ်မှာ မျှော်လင့်ချက်တွေကို လျှော့ချလိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေတုန်းကတော့ သဘောတူညီချက်ဟာ သိပ်ပြီး နီးစပ်လာနေပြီလို့ ယူဆခဲ့ကြပေမယ့် မကြာခင် ဖြစ်လာတော့မယ်ဆိုတဲ့ အပေါ်မှာတော့ စိတ်ချလက်ချ မရှိကြောင်း အီရန်ဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် Robert Malley က ဒိုဟာဖိုရမ် နိုင်ငံတကာ ဆွေးနွေးပွဲမှာ ပြောဆိုခဲ့တာပါ။

အီရန် ဘာသာရေးခေါင်းဆောင် Ayatollah Ali Khamenei ရဲ့ အကြီးတန်းအကြံပေး Kamal Kharrazi ကတော့ သဘောတူညီချက် မကြာခင် ထွက်ပေါ်လာနိုင်ကြောင်း ပြောဆိုခဲ့တာပါ။

“အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံရေးစိတ်ဆန္ဒ အပေါ်မှာ မူတည်ပါတယ်။” လို့ ဒိုဟာဖိုရမ် နိုင်ငံတကာ ဆွေးနွေးပွဲမှာ Kharrazi က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီပြောဆိုချက် ထွက်လာပြီးနောက်မှာပဲ ၂၀၁၅ ခုနှစ် နျူကလီးယား သဘောတူညီချက် ပြန်လည်အသက်သွင်းရေး စေ့စပ်ညှိနှိုင်းမှုတွေအပေါ် အမေရိကန် အထူးကိုယ်စားလှယ်က အကဲဖြတ် ပြောဆိုခဲ့တာပါ။

အီရန်ဘက်က နျူကလီးယား အစီအစဉ်တွေကို လျှော့ချပြီး အပြန်အလှန်အားဖြင့် ပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတချို့ကို လျှော့ချပေးမယ့် ၂၀၁၅ ခုနှစ် အီရန် နျူကလီးယား သဘောတူညီချက်ကို ပြန်လည်စတင်ရေး ကြိုးပမ်းမှုတွေ မအောင်မြင်ရင်တော့ အရှေ့အလယ်ပိုင်းဒေသတွင်း တင်းမာမှုတွေ တိုးလာမယ့် အန္တရာယ်ရှိပြီး အနောက်နိုင်ငံတွေရဲ့ ပိုပြီး ပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ဖြစ်လာစေနိုင်သလို ကမ္ဘာ့ရေနံဈေးနှုန်းလည်း ထပ်တက်လာမယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။

XS
SM
MD
LG