သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကမာၻ႔ဘဏ္ စီးပြားေရး သုံးသပ္ခ်က္မွာ ျမန္မာအေျခအေန ခ်န္လွပ္ခဲ့တဲ့အေပၚ အကဲခတ္ေတြအျမင္ 


World Bank

မၾကာေသးခင္က ထုတ္ျပန္လိုက္တဲ့ ကမာၻ႔ဘဏ္ရဲ႕ ကမာၻတ၀ွမ္း စီးပြားေရး အေျခအေန သုံးသပ္ခ်က္ ၄ လပတ္ အစီရင္ခံစာမွာ ျမန္မာႏိုင္ငံကို ခ်န္လွပ္ထားခဲ့ပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကေပးပို႔တဲ့ သတင္းကိုေတာ့ ကိုခင္ေမာင္စိုးမင္း ေျပာျပေပးမွာ ျဖစ္ပါတယ္။

ကမာၻ႔ဘဏ္ စီးပြားေရး သုံးသပ္ခ်က္မွာ ျမန္မာအေျခအေန ခ်န္လွပ္ခဲ့တဲ့အေပၚ အကဲခတ္ေတြအျမင္

{{Zawgyi/Unicode}}
မၾကာေသးခင္က ထုတ္ျပန္လိုက္တဲ့ ကမာၻ႔ဘဏ္ရဲ႕ ကမာၻတ၀ွမ္း စီးပြားေရး အေျခအေန သုံးသပ္ခ်က္ ၄ လပတ္ အစီရင္ခံစာမွာ ျမန္မာႏိုင္ငံကို ခ်န္လွပ္ထားခဲ့ပါတယ္။ ကိုဗစ္ကပ္ေရာဂါနဲ႔ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း အက်ပ္အတည္းေတြ ရင္ဆိုင္ေနရတဲ့ ျမန္မာႏိုင္ငံရဲ႕ အေျခအေနေတြကို တိတိက်က် မသိႏိုင္တာဟာ အစီရင္ခံစာမွာ ခ်န္လွပ္ခဲ့ရတဲ့ အေၾကာင္းရင္းတခု ျဖစ္ႏိ္ုင္တယ္လို႔လည္း အကဲခတ္ေတြက ခန္႔မွန္းပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကေပးပို႔တဲ့ သတင္းကိုေတာ့ ကိုခင္ေမာင္စိုးမင္း ေျပာျပေပးမွာ ျဖစ္ပါတယ္။

ကမာၻ႔ဘဏ္က သူ႔ရဲ႕ဇြန္လမွာထုတ္ျပန္တဲ့ ကမာၻလုံးဆိုင္ရာ စီးပြားေရး အစီရင္ခံစာမွာ တ႐ုတ္နဲ႔ အာရွပစိဖိတ္ေဒသထဲက ၂၂ႏိုင္ငံရဲ႕ GDP တိုးတက္ႏႈန္းကို ခန႔္မွန္းတြက္ခ်က္ထားေပမဲ့ ျမန္မာႏိုင္ငံကိုေတာ့ ဒီစာရင္းထဲမွာ ခ်န္လွပ္ထားခဲ့တယ္လို႔ ေရးသားထားပါတယ္။ အေၾကာင္းကေတာ့ ျမန္မာျပည္တြင္းက မေသခ်ာ၊ မေရရာမႈေတြေၾကာင့္လို႔ မွတ္ခ်က္ေရးသား ေဖာ္ျပထားပါတယ္။

စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ျမန္မာႏိုင္ငံမွာ ႏိုင္ငံေရး၊ စီးပြားေရးနဲ႔ လုံျခံဳေရးအေျခအေနေတြ ယိုယြင္းေနခ်ိန္မွာပဲ ကမာၻ႔ဘဏ္ရဲ႕ သုံးသပ္ခ်က္မွာ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္လို႔ ခ်န္လွပ္ခဲ့တဲ့အေပၚ စီးပြားေရးပညာရွင္ ဦးေဇာ္ေဖဝင္းက အခုလို သုံးသပ္ပါတယ္။

" စစ္ေကာင္စီကေပးတဲ့ စာရင္းဇယားေတြက reliable မျဖစ္ဘူး။ တကယ္လက္ေတြ႕က ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈေတြ ေတာ္ေတာ္ေလ်ာ့သြားၿပီးေတာ့ စီးပြားေရးအေျခအေန ေတာ္ေတာ္က်ပ္တည္းေနတယ္။ သူတို႔ေၾကညာတာ ၿပီးခဲ့တဲ့ႏွစ္ရက္သုံးရက္က သတင္းစာထဲမွာ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈေတြ ဘယ္လိုတိုးတက္လာတယ္တို႔ ႏိုင္ငံျခားကိုဆန္ပို႔တာ ဘယ္ေလာက္တိုးတက္လာတယ္တို႔ စသည္ျဖင့္ အဲဒီလို reliable မျဖစ္တဲ့ စာရင္းဇယားေတြအေပၚမွာ အေျခခံၿပီးေတာ့ ခန႔္မွန္းယူရင္ ခန႔္မွန္းခ်က္က မွားဖို႔ပဲမ်ားတယ္။ အဲဒါေၾကာင့္မို႔လို႔ ကမာၻ႔ဘဏ္အေနနဲ႔က ဒါေတြကို အသုံးမခ်ဘဲနဲ႔ေပါ့ ေရွာင္လိုက္တဲ့သေဘာမ်ိဳး ျဖစ္ႏိုင္တာေပါ့။ အဲဒီႏွစ္ခ်က္ပါပဲ။"

ျမန္မာလိုဘဲ အခုႏွစ္ စီးပြားေရးကို ခန႔္မွန္းလို႔မရႏိုင္တဲ့ ႏိုင္ငံေတြအျဖစ္ အာဖဂန္နစၥတန္၊ လီဘႏြန္၊ လစ္ဗ်ား၊ ဆီးရီးယား၊ ယီမင္တို႔ကိုလည္း ကမာၻဘဏ္က ခြၽင္းခ်က္အေနနဲ႔ အခုအစီရင္ခံစာမွာ ခ်န္လွပ္ထားခဲ့တာပါ။

ျမန္မာေငြတန္ဖိုးက အေမရိကန္ေဒၚလာနဲ႔ လဲလွယ္တာမွာ ၂ႏွစ္အတြင္း ရာခိုင္ႏႈန္း ၆၀ေက်ာ္ေလာက္ က်သြားပါတယ္။ ေဒၚလာေငြ ရွားပါးတာကိုထိန္းခ်ဳပ္ဖို႔ စစ္ေကာင္စီဘက္က ႀကိဳးစားေပမဲ့လည္း သြင္းကုန္လိုအပ္ခ်က္မ်ားတဲ့ ျမန္မာႏိုင္ငံအဖို႔ ကုန္ေစ်းႏႈန္းတက္တဲ့ဘက္ကိုပဲ ပိုၿပီးသက္ေရာက္ခဲ့ပါတယ္။

အခုႏွစ္အစ ဇန္နဝါရီ ၂၆ရက္မွာ ထုတ္ျပန္ခဲ့တဲ့ ကမာၻ႔ဘဏ္ရဲ႕ အစီရင္ခံစာမွာေတာ့ ျပည္တြင္းက ကုန္ထုတ္လုပ္ငန္းေတြ အေရာင္းနဲ႔ အက်ိဳးအျမတ္က်လာတာ၊ ေငြသားစီးဆင္းမႈ အက်ပ္အတည္း၊ ကုန္ၾကမ္းရရွိမႈ၊ ဘဏ္ဝန္ေဆာင္မႈ၊ အင္တာနက္ရရွိမႈ ဒါေတြမွာ အခက္ခဲျဖစ္ေနတာေတြကို ေထာက္ျပထားပါတယ္။

လယ္သမားေတြအတြက္ သြင္းအားစုေတြ ေစ်းတက္လာတာ၊ ေခ်းေငြရဖို႔ခက္ခဲတာ၊ ကုန္စည္သယ္ယူေရးခက္ခဲတာ ဒါေတြကို ဆက္ၿပီးရင္ဆိုင္ေနရတယ္လို႔ အဲဒီတုန္းက အစီရင္ခံစာမွာ ေရးသားထားတာပါ။ ေနရပ္စြန႔္ခြာတာေတြ မ်ားလာတဲ့အတြက္ အလုပ္လက္မဲ့ႏႈန္းနဲ႔အတူ ကြၽမ္းက်င္ လုပ္သားရင္းျမစ္နဲ႔ ကုန္ထုတ္စြမ္းအားေတြ သိသိသာသာ ေလ်ာ့က်သြားလိမ့္မယ္လို႔ ကမာၻ႔ဘဏ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အႀကီးတန္း စီးပြားေရးပညာရွင္ Kim Edwards က အဲဒီတုန္းက သတိေပးခဲ့တာပါ။

ျမန္မာႏိုင္ငံရဲ႕ ၂၀၁၉ GDP တိုးတက္ႏႈန္းကို ၆.၈ ရွိတယ္လို႔ ကမာၻ႔ဘဏ္က တြက္ခ်က္ခဲ့ၿပီး အဲဒီႏွစ္ တ႐ုတ္ႏိုင္ငံထက္ေတာင္ အနည္းငယ္မ်ားေနတာပါ။ ကိုဗစ္ေရာဂါဝင္လာတဲ့ ၂၀၂၀ မွာေတာ့ ျမန္မာ့ GDP ကထက္ဝက္ေလာက္က်သြားၿပီး စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ၂၀၂၁ မွာေတာ့ အႏႈတ္ ၁၈အထိ ေရာက္ခဲ့တယ္လို႔ ကမာၻ႔ဘဏ္က တြက္ခ်က္ခဲ့ပါတယ္။


စစ္ေကာင္စီအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကေတာ့ စီးပြားေရးေမာင္းႏွင္အားကို မျဖစ္မေနေဆာင္႐ြက္ရမယ္လို႔ ၾကာသပေတးေန႔က ရန္ကုန္တိုင္း အစိုးရအဖြဲ႕႐ုံးမွာ ေျပာပါတယ္။ စိုက္ပ်ိဳးေရးအထြက္နည္းေနတာကို တဧကအလိုက္ အထြက္တိုးေအာင္လုပ္ဖို႔၊ လွ်ပ္စစ္ကိုေခြၽတာသုံးဖို႔၊ ႏိုင္ငံျခားသုံးေငြေလွ်ာ့ခ်ၿပီး ကုန္သြယ္မႈလိုေငြျပတာကို ေလွ်ာ့ခ်ဖို႔ ဒါေတြကိုမွာၾကားခဲ့တယ္လို႔ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးက ဇြန္လ၉ရက္ေန႔စြဲနဲ႔ သတင္းထုတ္ျပန္ထားပါတယ္။

ယူကရိန္းစစ္ပြဲေၾကာင့္လည္း ေငြေဖာင္းပြတာ၊ အတိုးႏႈန္းႀကီးလာတာေတြေၾကာင့္ ကမာၻ႔စီးပြားေရးက ၂၀၂၂ ထဲမွာ က်သြားႏိုင္တယ္လို႔ ကမာၻ႔ဘဏ္က ခန႔္မွန္းပါတယ္။ ဒါက ၁၉၇၀ ေနာက္ပိုင္းတခါမွ မႀကဳံဖူးေသးတဲ့ စီးပြားေရးဖြံ႔ၿဖိဳးမႈေတြ ေႏွးေကြးေနတယ္လို႔ ကမာၻ႔ဘဏ္က အခုဇြန္လမွာထုတ္ျပန္တဲ့ အစီရင္ခံစာမွာ ေရးသားထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

.....................................................

ကမ္ဘာ့ဘဏ် စီးပွားရေး သုံးသပ်ချက်မှာ မြန်မာအခြေအနေ ချန်လှပ်ခဲ့တဲ့အပေါ် အကဲခတ်တွေအမြင်

{{Zawgyi/Unicode}}
မကြာသေးခင်က ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ ကမ္ဘာတဝှမ်း စီးပွားရေး အခြေအနေ သုံးသပ်ချက် ၄ လပတ် အစီရင်ခံစာမှာ မြန်မာနိုင်ငံကို ချန်လှပ်ထားခဲ့ပါတယ်။ ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကျပ်အတည်းတွေ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို တိတိကျကျ မသိနိုင်တာဟာ အစီရင်ခံစာမှာ ချန်လှပ်ခဲ့ရတဲ့ အကြောင်းရင်းတခု ဖြစ်နိုင်တယ်လို့လည်း အကဲခတ်တွေက ခန့်မှန်းပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့ သတင်းကိုတော့ ကိုခင်မောင်စိုးမင်း ပြောပြပေးမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ဘဏ်က သူ့ရဲ့ဇွန်လမှာထုတ်ပြန်တဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အစီရင်ခံစာမှာ တရုတ်နဲ့ အာရှပစိဖိတ်ဒေသထဲက ၂၂နိုင်ငံရဲ့ GDP တိုးတက်နှုန်းကို ခန့်မှန်းတွက်ချက်ထားပေမဲ့ မြန်မာနိုင်ငံကိုတော့ ဒီစာရင်းထဲမှာ ချန်လှပ်ထားခဲ့တယ်လို့ ရေးသားထားပါတယ်။ အကြောင်းကတော့ မြန်မာပြည်တွင်းက မသေချာ၊ မရေရာမှုတွေကြောင့်လို့ မှတ်ချက်ရေးသား ဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လုံခြုံရေးအခြေအနေတွေ ယိုယွင်းနေချိန်မှာပဲ ကမ္ဘာ့ဘဏ်ရဲ့ သုံးသပ်ချက်မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ချန်လှပ်ခဲ့တဲ့အပေါ် စီးပွားရေးပညာရှင် ဦးဇော်ဖေဝင်းက အခုလို သုံးသပ်ပါတယ်။

" စစ်ကောင်စီကပေးတဲ့ စာရင်းဇယားတွေက reliable မဖြစ်ဘူး။ တကယ်လက်တွေ့က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ တော်တော်လျော့သွားပြီးတော့ စီးပွားရေးအခြေအနေ တော်တော်ကျပ်တည်းနေတယ်။ သူတို့ကြေညာတာ ပြီးခဲ့တဲ့နှစ်ရက်သုံးရက်က သတင်းစာထဲမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဘယ်လိုတိုးတက်လာတယ်တို့ နိုင်ငံခြားကိုဆန်ပို့တာ ဘယ်လောက်တိုးတက်လာတယ်တို့ စသည်ဖြင့် အဲဒီလို reliable မဖြစ်တဲ့ စာရင်းဇယားတွေအပေါ်မှာ အခြေခံပြီးတော့ ခန့်မှန်းယူရင် ခန့်မှန်းချက်က မှားဖို့ပဲများတယ်။ အဲဒါကြောင့်မို့လို့ ကမ္ဘာ့ဘဏ်အနေနဲ့က ဒါတွေကို အသုံးမချဘဲနဲ့ပေါ့ ရှောင်လိုက်တဲ့သဘောမျိုး ဖြစ်နိုင်တာပေါ့။ အဲဒီနှစ်ချက်ပါပဲ။"

မြန်မာလိုဘဲ အခုနှစ် စီးပွားရေးကို ခန့်မှန်းလို့မရနိုင်တဲ့ နိုင်ငံတွေအဖြစ် အာဖဂန်နစ္စတန်၊ လီဘနွန်၊ လစ်ဗျား၊ ဆီးရီးယား၊ ယီမင်တို့ကိုလည်း ကမ္ဘာဘဏ်က ချွင်းချက်အနေနဲ့ အခုအစီရင်ခံစာမှာ ချန်လှပ်ထားခဲ့တာပါ။

မြန်မာငွေတန်ဖိုးက အမေရိကန်ဒေါ်လာနဲ့ လဲလှယ်တာမှာ ၂နှစ်အတွင်း ရာခိုင်နှုန်း ၆၀ကျော်လောက် ကျသွားပါတယ်။ ဒေါ်လာငွေ ရှားပါးတာကိုထိန်းချုပ်ဖို့ စစ်ကောင်စီဘက်က ကြိုးစားပေမဲ့လည်း သွင်းကုန်လိုအပ်ချက်များတဲ့ မြန်မာနိုင်ငံအဖို့ ကုန်ဈေးနှုန်းတက်တဲ့ဘက်ကိုပဲ ပိုပြီးသက်ရောက်ခဲ့ပါတယ်။

အခုနှစ်အစ ဇန်နဝါရီ ၂၆ရက်မှာ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာတော့ ပြည်တွင်းက ကုန်ထုတ်လုပ်ငန်းတွေ အရောင်းနဲ့ အကျိုးအမြတ်ကျလာတာ၊ ငွေသားစီးဆင်းမှု အကျပ်အတည်း၊ ကုန်ကြမ်းရရှိမှု၊ ဘဏ်ဝန်ဆောင်မှု၊ အင်တာနက်ရရှိမှု ဒါတွေမှာ အခက်ခဲဖြစ်နေတာတွေကို ထောက်ပြထားပါတယ်။

လယ်သမားတွေအတွက် သွင်းအားစုတွေ ဈေးတက်လာတာ၊ ချေးငွေရဖို့ခက်ခဲတာ၊ ကုန်စည်သယ်ယူရေးခက်ခဲတာ ဒါတွေကို ဆက်ပြီးရင်ဆိုင်နေရတယ်လို့ အဲဒီတုန်းက အစီရင်ခံစာမှာ ရေးသားထားတာပါ။ နေရပ်စွန့်ခွာတာတွေ များလာတဲ့အတွက် အလုပ်လက်မဲ့နှုန်းနဲ့အတူ ကျွမ်းကျင် လုပ်သားရင်းမြစ်နဲ့ ကုန်ထုတ်စွမ်းအားတွေ သိသိသာသာ လျော့ကျသွားလိမ့်မယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်း စီးပွားရေးပညာရှင် Kim Edwards က အဲဒီတုန်းက သတိပေးခဲ့တာပါ။

မြန်မာနိုင်ငံရဲ့ ၂၀၁၉ GDP တိုးတက်နှုန်းကို ၆.၈ ရှိတယ်လို့ ကမ္ဘာ့ဘဏ်က တွက်ချက်ခဲ့ပြီး အဲဒီနှစ် တရုတ်နိုင်ငံထက်တောင် အနည်းငယ်များနေတာပါ။ ကိုဗစ်ရောဂါဝင်လာတဲ့ ၂၀၂၀ မှာတော့ မြန်မာ့ GDP ကထက်ဝက်လောက်ကျသွားပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ မှာတော့ အနှုတ် ၁၈အထိ ရောက်ခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က တွက်ချက်ခဲ့ပါတယ်။


စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ စီးပွားရေးမောင်းနှင်အားကို မဖြစ်မနေဆောင်ရွက်ရမယ်လို့ ကြာသပတေးနေ့က ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးမှာ ပြောပါတယ်။ စိုက်ပျိုးရေးအထွက်နည်းနေတာကို တဧကအလိုက် အထွက်တိုးအောင်လုပ်ဖို့၊ လျှပ်စစ်ကိုချွေတာသုံးဖို့၊ နိုင်ငံခြားသုံးငွေလျှော့ချပြီး ကုန်သွယ်မှုလိုငွေပြတာကို လျှော့ချဖို့ ဒါတွေကိုမှာကြားခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဇွန်လ၉ရက်နေ့စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။

ယူကရိန်းစစ်ပွဲကြောင့်လည်း ငွေဖောင်းပွတာ၊ အတိုးနှုန်းကြီးလာတာတွေကြောင့် ကမ္ဘာ့စီးပွားရေးက ၂၀၂၂ ထဲမှာ ကျသွားနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းပါတယ်။ ဒါက ၁၉၇၀ နောက်ပိုင်းတခါမှ မကြုံဖူးသေးတဲ့ စီးပွားရေးဖွံ့ဖြိုးမှုတွေ နှေးကွေးနေတယ်လို့ ကမ္ဘာ့ဘဏ်က အခုဇွန်လမှာထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။

XS
SM
MD
LG