သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေးတိုးတက်မှု နှေးကွေးပြီး ငွေကြေးဖောင်းပွမယ့် အန္တရာယ် ကမ္ဘာ့ဘဏ်သတိပေး


နှစ်ပတ်လည် ငွေကြေးဖောင်းပွမှု ၇၃ ဒသမ ၅ ရာခိုင်နှုန်းကို မေလ အတွင်း ရောက်ရှိလာတဲ့ တူရကီ နိုင်ငံ အန်ကာရာက ဈေးတခုမှာ အသီးအနှံ ရောင်းချသူ။
နှစ်ပတ်လည် ငွေကြေးဖောင်းပွမှု ၇၃ ဒသမ ၅ ရာခိုင်နှုန်းကို မေလ အတွင်း ရောက်ရှိလာတဲ့ တူရကီ နိုင်ငံ အန်ကာရာက ဈေးတခုမှာ အသီးအနှံ ရောင်းချသူ။

(Zawgyi/ Unicode)

ကမ ္ဘာမှာ ဖွံ့ဖြိုးမှု အားနည်းပြီး ငွေကြေးဖောင်းပွမှု တိုးလာတဲ့ ရှည်လျားတဲ့ ကာလတခု အတွင်းကို ဝင်ရောက်လာနေပြီလို့ ကမ ္ဘာ့ဘဏ်က အင်္ဂါနေ့မှာ ပြောဆိုလိုက်ပြီး ၂၀၂၂ ခုနှစ် အတွက် ကမ ္ဘာတလွှား ဖွံ့ဖြိုးမှုနှုန်းကိုလည်း ၁ ဒသမ ၂ ရာခိုင်နှုန်း လျှော့ချလိုက်ပြီး ၂ ဒသမ ၉ ရာခိုင်နှုန်းသာရှိမယ်လို့ ခန့်မှန်းထားပါတယ်။

နိုင်ငံ အများအပြား စီးပွားကျမှုနဲ့ ကြုံရနိုင်တယ်လို့လည်း ကမ ္ဘာ့ဘဏ်က ပြောဆိုထားပါတယ်။ ပြဿနာရဲ့ အဓိက အကြောင်းရင်းခံ အဖြစ် Covid-19 ကပ်ဘေးရောဂါကို အပြစ်ဖို့ထားပြီး ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ်ကိုလည်း အကြောင်းရင်း တရပ် အဖြစ် ကမ ္ဘာ့ဘဏ်က ထောက်ပြထားပါတယ်။ လက်ရှိ ဖြစ်နေတဲ့ ဖွံ့ဖြိုးမှုတန့်ပြီး ငွေကြေးဖောင်းပွမှု တိုးလာတဲ့ အန္တရာယ်က ကြီးမားတယ်လို့ ကမ ္ဘာ့ဘဏ် ဥက္ကဌ David Malpass က အစီရင်ခံစာ အမှာစာမှာ ရေးသားထားပါတယ်။

ကမ ္ဘာ့ ရင်းနှီးမြှုပ်နှံမှု အများစုက အားနည်းသွားတာကြောင့် ဖွံ့ဖြိုးမှုနှေးကွေးမှုက ဆယ်စုနှစ် တခုလုံး ဆက်ရှိနေမယ့် အနေအထား ရှိကြောင်းလည်း သူက ပြောပါတယ်။ နိုင်ငံ အများအပြားမှာ ဆယ်စုနှစ်များစွာ အတွင်း ငွေကြေးဖောင်းပွမှု မြင့်တက်လာတာနဲ့ အတူ ရောင်းလိုအား ဖွံ့ဖြိုးမှုကလည်း နှေးကွေးလာမယ်လို့လည်း ခန့်မှန်းထားပါတယ်။

ငွေကြေးဖောင်းပွမှုကလည်း ရှေ့လျှောက် ပိုတိုးလာမယ့် အန္တရာယ်လည်း ရှိနေပါတယ်။ နိုင်ငံ အများအပြားမှာ ငွေကြေးဖောင်းပွမှု ဆက်လက် မြင့်တက်နေမှာနဲ့ အတူ ၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ် အတွင်း ကမ ္ဘာ့ဖွံ့ဖြိုးမှုက ၃ ရာခိုင်နှုန်းလောက်မှာဘဲ ရှိလိမ့်မယ်လို့လည်း World Bank က ယူဆထားပါတယ်။ အမေရိကန် နိုင်ငံတွင်း ဖွံ့ဖြိုးမှုက ပြီးခဲ့တဲ့နှစ် အတွင်း ၅ ဒသမ ၇ ရာခိုင်နှုန်း ရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ ၂ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိမယ်လို့လည်း ပြောဆိုထားပါတယ်။

ဥရောပမှာတော့ ပြီးခဲ့တဲ့နှစ်က ၅ ဒသမ ၄ ရာခိုင်နှုန်းနဲ့ ယှဉ်ရင် ဒီနှစ်မှာ ၂ ဒသမ ၅ ရာခိုင်နှုန်းလောက်သာ ဖွံ့ဖြိုးမှု ရှိနိုင်တယ်လို့လည်း ကမ ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။ တရုတ်မှာတော့ ပြီးခဲ့တဲ့နှစ်က ၈ ဒသမ ၁ ရာခိုင်နှုန်းကနေ ဒီနှစ်မှာတော့ ၄ ဒသမ ၃ ရာခိုင်နှုန်းကို ကျဆင်းမယ်လို့လည်း ခန့်မှန်းထားပါတယ်။ တရုတ်ရဲ့ Covid- 19 ဆိုင်ရာ အသွားအလာ တားမြစ်ပိတ်ပင်တဲ့ ပြင်းထန်တဲ့ ဥပဒေကြောင့် ဖွံ့ဖြိုးမှုနှုန်း နှေးကွေးရတာ ဖြစ်ကြောင်းလည်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)

စီးပှားရေးတိုးတကျမှု နှေးကှေးပွီး ငှကွေေးဖောငျးပှမယ့ျ အန်တရာယျ ကမ်ဘာ့ဘဏျသတိပေး







XS
SM
MD
LG