သတိထားဖွယ် နျူကလီယား အန္တရာယ်
နျူကလီယားနည်းပညာ တွင်တွင်ကျယ်ကျယ်သုံးနေတဲ့ ယူကရိန်းနိုင်ငံကို ရုရှားက ဝင်တိုက်တဲ့အခါ ယူကရိန်းမှာရှိတဲ့ နျူကလီယား ဓါတ်အားပေးစက်ရုံတွေ ထိခိုက်ပျက်စီးပြီး ဆိုးဆိုးဝါးဝါး အန္တရာယ် ပေးမှာကို စိုးရိမ်လာကြပါတယ်။ ယူကရိန်းမှာ Chernobyl ဓါတ်အားပေးစက်ရုံအပါအဝင် နျူကလီယားစက်ရုံကြီး ၄ ခု ရှိနေတာကြောင့်ပါ။