သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီယားလက်နက် အန္တရာယ်ကြီးမားလာမှု  ကုလသတိပေး


{{Zawgyi/Unicode}}

နျူကလီးယားလက်နက် သုံးလာနိုင်တဲ့အန္တရာယ်ဟာ စစ်အေးကာလနောက်ပိုင်း အခုအချိန်မှာ ပိုပြီးကြီးထွားလာနေတယ်လို့ ကုလသမဂ္ဂရဲ့ လက်နက်ဖျက်သိမ်းရေးဆိုင်ရာအကြီးအကဲက သောကြာနေ့မှာ သတိပေးလိုက်ပါတယ်။

ယူကရိန်းနိုင်ငံမှာဖြစ်ပွါးနေတဲ့ စစ်ပွဲဟာ ဒီအန္တရာယ်အတွက် အထင်ရှားဆုံး သာဓက ဖြစ်တယ်လို့ လက်နက်ဖျက်သိမ်းရေးဆိုင်ရာ အထူးကိုယ်စားလှယ် Izumi Nakamitsu က လုံခြုံရေးကောင်စီမှာ တင်ပြခဲ့ပါတယ်။

ဘဲလားရုစ် နယ်မြေထဲမှာ နည်းဗျူဟာမြောက် နျူကလီးယား လက်နက်တွေ တပ်ဆင်မယ့် အစီအစဉ်ကို မတ်လ ၂၅ ရက်နေ့မှ ရုရှားက ကြေညာခဲ့တာနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့ ယူကရိန်းကပန်ကြားခဲ့တာမှာ အမေရိကန်နဲ့ အယ်လ်ဘေးနီးယားတို့ကလည်း ထောက်ခံခဲ့တာပါ။

နျူကလီးယား လက်နက်တွေအရေးနဲ့ပတ်သက်ရင် မှားယွင်းယူဆတွက်ချက်မှုတွေနဲ့ တင်းမာမှုတွေတိုးလာစေနိုင်တဲ့ လုပ်ရပ်မျိုးကို နိုင်ငံအားလုံးက ရှောင်ကျဉ်ရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောလိုပါတယ်လို့လည်း သူမက ပြောဆိုခဲ့ပါတယ်။

နျူကလီးယားမပြန့်ပွားရေးစာချုပ်မှာ ပါဝင်တဲ့နိုင်ငံတွေအားလုံး နျူကလီးယား လက်နက်ပိုင်ဆိုင်တဲ့နိုင်ငံတွေ၊ နျူကလီးယား လက်နက်မရှိတဲ့နိုင်ငံတွေ အားလုံးဟာ စာချုပ်မှာပါဝင်တဲ့ လိုက်နာလုပ်ဆောင်ရမယ့်အချက်တွေနဲ့ ကတိကဝတ်တွေကို တသဝေမတိမ်း လိုက်နာကြရမယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

တင်းမာမှုတွေ ဖြေလျှော့ပြီး ဆွေးနွေးကြဖို့လည်း နိုင်ငံတွေကို တိုက်တွန်းပါတယ်။ အထူးသဖြင့်တော့ ရုရှားနဲ့ အမေရိကန်တို့အနေနဲ့ နှစ်နိုင်ငံကြား အဓိက လက်နက်ထိန်းချုပ်ရေးစာချုပ် START သဘောတူညီချက်သစ်ကို အပြည့်အဝ ပြန်လည် ကျင့်သုံးကြဖို့လည်း လက်နက်ဖျက်သိမ်းရေးဆိုင်ရာ အထူးကိုယ်စားလှယ် Izumi Nakamitsu က ပန်ကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

===============

{{Unicode}}

နြူကလီယားလကျနကျ အန်တရာယျကွီးမားလာမှု ကုလသတိပေး








XS
SM
MD
LG