သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဆူဒန္စစ္အာဏာသိမ္း ဆန္႔က်င္ဆႏၵျပပဲြ ႏွိမ္နင္းမႈ ၇ ဦးထက္မနည္းေသ


SUDAN-POLITICS

[[ ZAWGYI /UNICODE ]]

ဆူဒန္စစ္အာဏာသိမ္း ဆန္႔က်င္ဆႏၵျပပဲြ ႏွိမ္နင္းမႈ ၇ ဦးထက္မနည္းေသ

စစ္တပ္ကအာဏာသိမ္းထားတဲ့ ဆူဒန္ႏုိင္ငံမွာ ၾကာသပေတးေန႔ကေထာင္နဲ႔ေသာင္းနဲ႔ခ်ီ တဲ့ဆႏၵျပသမားေတြက စစ္အုပ္ခ်ဳပ္ေရးကုိဆန္႔က်င္ဆႏၵျပခဲ့ၾကၿပီး၊ ရဲနဲ႔စစ္တပ္ေတြရဲ႔ ပစ္ခတ္မႈေၾကာင့္ဆႏၵျပသမား ၇ ဦးေသဆုံးေၾကာင္း က်န္းမာေရး၀န္ထမ္းေတြက ေျပာပါတယ္။

ၿမိဳ႔ေတာ္ Khartoum ခပ္တြန္နဲ႔ တဘက္ကမ္းမွာရွိတဲ့ Omdurman အြန္ဒါမန္ ၿမိဳ႔ေတြမွာ အဓိကဆႏၵျပခဲ့ၿပီး ေထာင္နဲ႔ခ်ီတဲ့ဆႏၵျပသူေတြဟာ ၿမိဳ႔ေတာ္ခပ္တြန္မွာရွိတဲ့ သမတနန္း ေတာ္ကုိဦးတည္ခ်ီတက္ခဲ့ပါတယ္။

ဆႏၵျပသူေတြဟာ အာဏာသိမ္းစစ္တပ္ေခါင္းေဆာင္ ဗုိလ္ခ်ဳပ္ႀကီး Abdel Fattah al-Burhan စစ္တမ္းလ် ားျပန္ဖုိ႔ေတာင္းဆုိတဲ့ဆုိင္းဘုတ္ေတြကုိင္ေဆာင္ခဲ့သလုိ၊ ဆႏၵျပပဲြအတြင္း စစ္တပ္နဲ႔ရဲက ပစ္ခတ္ခဲ့တဲ့အတြက္ေသဆုံးရသူေတြအတြက္အေရးယူေဆာင္ရြက္ေပးဖုိ႔ကုိလည္းေတာင္းဆုိၾကပါတယ္။

ၿပီးခဲ့တဲ့ ေအာက္တုိဘာလက အသြင္ကူးေျပာင္းေရးကာလ ညြန္႔ေပါင္းအစိုးရကုိ ဖယ္ရွားၿပီး စစ္တပ္ကအာဏာသိမ္းခဲ့တဲ့ေနာက္ ဆူဒန္ျပည္သူေတြရဲ႔ဆႏၵျပပဲြေတြဆက္တုိက္ျဖစ္ေပၚေနတာပါ။

ၾကာသပေတးေန႔ကဆႏၵျပပဲြေတြမွာ ရဲနဲ႔စစ္တပ္ရဲ႔ပစ္ခတ္မႈေၾကာင့္ ၿမိဳ႔ေတာ္ ခါတြန္မွာ တဦးေသဆုံးၿပီး၊ အြန္ဒါမန္မွာ ၄ ဦးေသဆုံးခဲ့ပါတယ္။ Bahri ဘဟာရီၿမိဳ႔မွာေတာ့ ကေလးငယ္တဦးေသဆုံးခဲ့ပါတယ္။ ဆူဒန္မွာ စစ္တပ္ကအာဏာသိမ္းၿပီးေနာက္ ပစ္ခတ္မႈေတြေၾကာင့္ေသဆုံးရတဲ့ ဆႏၵျပသူအေရအတြက္ဟာ ၁၀၉ ဦးရွိသြားၿပီ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

==================

{{ UNICODE }}

ဆူဒန်စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြပွဲ နှိမ်နင်းမှု ၇ ဦးထက်မနည်းသေ

စစ်တပ်ကအာဏာသိမ်းထားတဲ့ ဆူဒန်နိုင်ငံမှာ ကြာသပတေးနေ့ကထောင်နဲ့သောင်းနဲ့ချီ တဲ့ဆန္ဒပြသမားတွေက စစ်အုပ်ချုပ်ရေးကိုဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး၊ ရဲနဲ့စစ်တပ်တွေရဲ့ ပစ်ခတ်မှုကြောင့်ဆန္ဒပြသမား ၇ ဦးသေဆုံးကြောင်း ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။

မြို့တော် Khartoum ခပ်တွန်နဲ့ တဘက်ကမ်းမှာရှိတဲ့ Omdurman အွန်ဒါမန် မြို့တွေမှာ အဓိကဆန္ဒပြခဲ့ပြီး ထောင်နဲ့ချီတဲ့ဆန္ဒပြသူတွေဟာ မြို့တော်ခပ်တွန်မှာရှိတဲ့ သမတနန်း တော်ကိုဦးတည်ချီတက်ခဲ့ပါတယ်။

ဆန္ဒပြသူတွေဟာ အာဏာသိမ်းစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး Abdel Fattah al-Burhan စစ်တမ်းလျ ားပြန်ဖို့တောင်းဆိုတဲ့ဆိုင်းဘုတ်တွေကိုင်ဆောင်ခဲ့သလို၊ ဆန္ဒပြပွဲအတွင်း စစ်တပ်နဲ့ရဲက ပစ်ခတ်ခဲ့တဲ့အတွက်သေဆုံးရသူတွေအတွက်အရေးယူဆောင်ရွက်ပေးဖို့ကိုလည်းတောင်းဆိုကြပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလက အသွင်ကူးပြောင်းရေးကာလ ညွန့်ပေါင်းအစိုးရကို ဖယ်ရှားပြီး စစ်တပ်ကအာဏာသိမ်းခဲ့တဲ့နောက် ဆူဒန်ပြည်သူတွေရဲ့ဆန္ဒပြပွဲတွေဆက်တိုက်ဖြစ်ပေါ်နေတာပါ။

ကြာသပတေးနေ့ကဆန္ဒပြပွဲတွေမှာ ရဲနဲ့စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် မြို့တော် ခါတွန်မှာ တဦးသေဆုံးပြီး၊ အွန်ဒါမန်မှာ ၄ ဦးသေဆုံးခဲ့ပါတယ်။ Bahri ဘဟာရီမြို့မှာတော့ ကလေးငယ်တဦးသေဆုံးခဲ့ပါတယ်။ ဆူဒန်မှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် ပစ်ခတ်မှုတွေကြောင့်သေဆုံးရတဲ့ ဆန္ဒပြသူအရေအတွက်ဟာ ၁၀၉ ဦးရှိသွားပြီ ဖြစ်ပါတယ်။

XS
SM
MD
LG