သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အီရန္မွာ အင္အားျပင္း ငလ်င္လႈပ္ခတ္၊ ၅ ဦးေသ


Iran Earth Quake အီရန္ငလ်င္

အီရန္ႏုိင္ငံေတာင္ပုိင္းမွာ စေနေန႔က အားျပင္းတဲ့ငလ်င္ႏွစ္ႀကိမ္ဆက္တုိက္ လႈပ္ခတ္ ခဲ့တဲ့အတြက္အနည္းဆုံးလူ၅ဦးေသဆုံးၿပီး၊ လူ ၉၀ ေလာက္ ဒါဏ္ရာရရွိသြားပါတယ္။

Zawgyi/Unicode

အီရန္မွာ အင္အားျပင္း ငလ်င္လႈပ္ခတ္၊ ၅ ဦးေသ

အီရန္ႏုိင္ငံေတာင္ပုိင္းမွာ စေနေန႔က အားျပင္းတဲ့ငလ်င္ႏွစ္ႀကိမ္ဆက္တုိက္ လႈပ္ခတ္ ခဲ့တဲ့အတြက္အနည္းဆုံးလူ၅ဦးေသဆုံးၿပီး၊ လူ ၉၀ ေလာက္ ဒါဏ္ရာရရွိသြားပါတယ္။

အဓိကပင္လယ္ဆိပ္ကမ္းၿမိဳ႔တၿမိဳ႔ျဖစ္တဲ့ Bandar Abbas ၿမိ႔ဳရဲ႔အေနာက္ဘက္မွာငလ်င္ ႏွစ္ႀကိမ္ဆက္တုိက္လႈပ္ခဲ့တာျဖစ္ပါတယ္။ ပထမတႀကိမ္က Dezhgan ၿမိဳ႔႔ရဲ႔ေျမာက္ ဘက္မွာလႈပ္ခဲ့တာျဖစ္ၿပီးျပင္းအား ၅ ဒႆမ၇ ရွိခဲ့ပါတယ္။ ၂ နာရီၾကာၿပီးတဲ့ေနာက္ ျပင္းအား ၆ ရစ္တာစေကးရွိတဲ့ငလ်င္ထပ္မံလႈပ္ခဲ့တာျဖစ္တယ္လုိ႔အေမရိကန္ ဘူမိေဗ ဒဌာန USGS ကေျပာပါတယ္။

ငလ်င္ေၾကာင့္ လူ ၅ ဦးေသဆုံးခဲ့တယ္လုိ႔ Hormozgan ေဒသအုပ္ခ်ဳပ္ေရးမႈးကအီရန္ အစုိးရရုပ္ျမင္သံၾကားမွာေျပာဆုိခဲ့ပါတယ္။ ငလ်င္ဗဟုိခ်က္မနားနီးတဲ့ Sayeh Khosh ရြာဟာလုံး၀ပ်က္စီးသြားခဲ့ၿပီး၊ လ်ပ္စစ္မီးေတြလည္းျပတ္ေတာက္ေနတယ္လုိ႔လည္း ဆုိပါတယ္။

ဒါဏ္ရာရသူ ၉၀ ရွိခဲ့ၿပီးအဲဒိအထဲက ၇ ဦးကုိဘဲေဆးရုံတင္ကုသထားရတယ္လုိ႔လည္း ဆုိပါတယ္။

၁၉၉၀ ခုႏွစ္က အီရန္ႏုိင္ငံေျမာက္ပုိင္းမွာ ျပင္းအား ၇ ဒႆမ ၄ ရစ္တာစေကးရွိတဲ့ ငလ်င္လႈပ္ခဲ့တဲ့အတြက္ လူ ၄ ေသာင္းေလာက္ေသဆုံးခဲ့ၿပီး၊ လူ ၃ သိန္ေက်ာ္ဒဏ္ရာရ ခဲ့ဖူးပါတယ္။

##

အီရန္မွာ အင္အားျပင္း ငလ်င္လႈပ္ခတ္၊ ၅ ဦးေသ
please wait

No media source currently available

0:00 0:01:04 0:00
တိုက္႐ိုက္ လင့္ခ္

အီရန်မှာ အင်အားပြင်း ငလျင်လှုပ်ခတ်၊ ၅ ဦးသေ

အီရန်နိုင်ငံတောင်ပိုင်းမှာ စနေနေ့က အားပြင်းတဲ့ငလျင်နှစ်ကြိမ်ဆက်တိုက် လှုပ်ခတ် ခဲ့တဲ့အတွက်အနည်းဆုံးလူ၅ဦးသေဆုံးပြီး၊ လူ ၉၀ လောက် ဒါဏ်ရာရရှိသွားပါတယ်။

အဓိကပင်လယ်ဆိပ်ကမ်းမြို့တမြို့ဖြစ်တဲ့ Bandar Abbas မြိ့ုရဲ့အနောက်ဘက်မှာငလျင် နှစ်ကြိမ်ဆက်တိုက်လှုပ်ခဲ့တာဖြစ်ပါတယ်။ ပထမတကြိမ်က Dezhgan မြို့ရဲ့မြောက် ဘက်မှာလှုပ်ခဲ့တာဖြစ်ပြီးပြင်းအား ၅ ဒဿမ၇ ရှိခဲ့ပါတယ်။ ၂ နာရီကြာပြီးတဲ့နောက် ပြင်းအား ၆ ရစ်တာစကေးရှိတဲ့ငလျင်ထပ်မံလှုပ်ခဲ့တာဖြစ်တယ်လို့အမေရိကန် ဘူမိဗေ ဒဌာန USGS ကပြောပါတယ်။

ငလျင်ကြောင့် လူ ၅ ဦးသေဆုံးခဲ့တယ်လို့ Hormozgan ဒေသအုပ်ချုပ်ရေးမှုးကအီရန် အစိုးရရုပ်မြင်သံကြားမှာပြောဆိုခဲ့ပါတယ်။ ငလျင်ဗဟိုချက်မနားနီးတဲ့ Sayeh Khosh ရွာဟာလုံးဝပျက်စီးသွားခဲ့ပြီး၊ လျပ်စစ်မီးတွေလည်းပြတ်တောက်နေတယ်လို့လည်း ဆိုပါတယ်။

ဒါဏ်ရာရသူ ၉၀ ရှိခဲ့ပြီးအဲဒိအထဲက ၇ ဦးကိုဘဲဆေးရုံတင်ကုသထားရတယ်လို့လည်း ဆိုပါတယ်။

၁၉၉၀ ခုနှစ်က အီရန်နိုင်ငံမြောက်ပိုင်းမှာ ပြင်းအား ၇ ဒဿမ ၄ ရစ်တာစကေးရှိတဲ့ ငလျင်လှုပ်ခဲ့တဲ့အတွက် လူ ၄ သောင်းလောက်သေဆုံးခဲ့ပြီး၊ လူ ၃ သိန်ကျော်ဒဏ်ရာရ ခဲ့ဖူးပါတယ်။

XS
SM
MD
LG