သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဩစေၾတးလ် မဲလ္ဘုန္းအနီး ျပင္းအား ၅.၉ ငလ်င္လႈပ္ခတ္


ငလ်င္ေၾကာင့္ ျပိဳပ်က္သြားတဲ့ အဆောက္အဦးတခုကို ဆန္းစစ္ေနတဲ့ အရေးပေၚကယ္ဆယ္ေရးလုပ္သားတဦး

(Zawgyi/Unicode)

ၾသစေၾတးလ်ႏုိင္ငံ၊ မဲလ္ဘုန္းၿမိဳ႕နားမွာ ဒီကေန႔ ျပင္းအား ၅.၉ ရွိတဲ့ ငလ်င္လႈပ္သြားတယ္လို႔ ၾသစေၾတးလ် ငလ်င္ဌာန Geoscience Australia က ေျပာပါတယ္။

ဒါဟာ ၾသစေၾတးလ်မွာ လႈပ္ခတ္ခဲ့ဖူးတဲ့ ငလ်င္ေတြထဲ အားအျပင္းဆံုးတခုျဖစ္ၿပီး ႏုိင္ငံရဲ႕ ဒုတိယအႀကီးဆံုးၿမိဳ႕မွာ အေဆာက္အဦးေတြ ပ်က္စီးသြားၿပီးေတာ့ အနီးနားကျပည္နယ္ေတြမွာ လႈပ္ခတ္မႈေတြရွိခဲ့ပါတယ္။

မဲလ္ဘုန္းၿမိဳ႕ရဲ႕ အေရွ႕ေျမာက္ဘက္ ၁၂၄ မိုင္အကြာ ဗစ္တိုးရီးယားျပည္နယ္၊ Mansfield ေက်းလက္ၿမိဳ႕အနီး ေျမေအာက္ ၆ မိုင္အနက္မွာ ဗဟိုျပဳၿပီး ငလ်င္လႈပ္ခတ္ခဲ့တာပါ။ ေနာက္ဆက္တြဲ လႈပ္ခတ္ခဲ့တဲ့ငလ်င္က ျပင္းအား ၄ ရွိပါတယ္။

မဲလ္ဘုန္းၿမိဳ႕ရဲ႕ အဓိကလမ္းမႀကီးတခုမွာ အပ်က္အစီးအစအနေတြနဲ႔ ပိတ္ေနတာကို ဆိုရွယ္မီဒီယာမွာ တင္ထားတဲ့ ဓာတ္ပံုေတြနဲ႔ ဗီြဒီယိုေတြမွာ ေတြ႔ရပါတယ္။ ၿမိဳ႕ေျမာက္ဘက္ ေဒသခံေတြက သူတို႔ဆီမွာ မီးျပတ္ေနတယ္လုိ႔ ေျပာၾကသလို တခ်ဳိ႕ကေတာ့ အေဆာက္အဦးေတြထဲကေန သူတို႔ကို ကယ္ထုတ္ခဲ့တယ္လုိ႔ ေျပာၾကပါတယ္။

ငလ်င္အရွိန္ဟာ မဲလ္ဘုန္းၿမိဳ႕ရဲ႕အေနာက္ဘက္ မိုင္ ၅၀၀ အကြာ ေတာင္ၾသစေၾတးလ်ျပည္နယ္၊ Adelaide ၿမိဳ႕၊ ေျမာက္ဘက္က မိုင္ ၆၀၀ အကြာ New South Wales ျပည္နယ္၊ ဆစ္ဒ္နီၿမိဳ႕ေတြအထိ ေရာက္ခဲ့ပါတယ္။ ဒါေပမယ့္ မဲလ္ဘုန္းကလြဲရင္ တျခားေနရာေတြမွာ အပ်က္အစီးရွိတာနဲ႔ ထိခိိုက္ဒဏ္ရာရတဲ့ သတင္းေတြ မရပါဘူး။ မဲလ္ဘုန္းငလ်င္မွာလည္း ထိခိုက္ဒဏ္ရာရတဲ့သတင္း မရွိဘူးလို႔ ဝန္ႀကီးခ်ဳပ္ Scott Morrison က သတင္းေထာက္ေတြကိုေျပာပါတယ္။

ၾသစေၾတးလ်ႏုိင္ငံ လူဦးေရ ၂၅ သန္းရဲ႕ ထက္ဝက္ေက်ာ္ဟာ ႏုိင္ငံအေရွ႕ေတာင္ပိုင္းက Adelaide ၿမိဳ႕ကေန မဲလ္ဘုန္းနဲ႔ ဆစ္ဒ္နီၿမိဳ႕ေတြတေလွ်ာက္ ေနထိုင္ၾကတာျဖစ္ပါတယ္။

............................................................................................

ဩစတြေးလျ မဲလ်ဘုန်းအနီး ပြင်းအား ၅.၉ ငလျင်လှုပ်ခတ်

(Unicode)

သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့နားမှာ ဒီကနေ့ ပြင်းအား ၅.၉ ရှိတဲ့ ငလျင်လှုပ်သွားတယ်လို့ သြစတြေးလျ ငလျင်ဌာန Geoscience Australia က ပြောပါတယ်။

ဒါဟာ သြစတြေးလျမှာ လှုပ်ခတ်ခဲ့ဖူးတဲ့ ငလျင်တွေထဲ အားအပြင်းဆုံးတခုဖြစ်ပြီး နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့မှာ အဆောက်အဦးတွေ ပျက်စီးသွားပြီးတော့ အနီးနားကပြည်နယ်တွေမှာ လှုပ်ခတ်မှုတွေရှိခဲ့ပါတယ်။

မဲလ်ဘုန်းမြို့ရဲ့ အရှေ့မြောက်ဘက် ၁၂၄ မိုင်အကွာ ဗစ်တိုးရီးယားပြည်နယ်၊ Mansfield ကျေးလက်မြို့အနီး မြေအောက် ၆ မိုင်အနက်မှာ ဗဟိုပြုပြီး ငလျင်လှုပ်ခတ်ခဲ့တာပါ။ နောက်ဆက်တွဲ လှုပ်ခတ်ခဲ့တဲ့ငလျင်က ပြင်းအား ၄ ရှိပါတယ်။

မဲလ်ဘုန်းမြို့ရဲ့ အဓိကလမ်းမကြီးတခုမှာ အပျက်အစီးအစအနတွေနဲ့ ပိတ်နေတာကို ဆိုရှယ်မီဒီယာမှာ တင်ထားတဲ့ ဓာတ်ပုံတွေနဲ့ ဗွီဒီယိုတွေမှာ တွေ့ရပါတယ်။ မြို့မြောက်ဘက် ဒေသခံတွေက သူတို့ဆီမှာ မီးပြတ်နေတယ်လို့ ပြောကြသလို တချို့ကတော့ အဆောက်အဦးတွေထဲကနေ သူတို့ကို ကယ်ထုတ်ခဲ့တယ်လို့ ပြောကြပါတယ်။

ငလျင်အရှိန်ဟာ မဲလ်ဘုန်းမြို့ရဲ့အနောက်ဘက် မိုင် ၅၀၀ အကွာ တောင်သြစတြေးလျပြည်နယ်၊ Adelaide မြို့၊ မြောက်ဘက်က မိုင် ၆၀၀ အကွာ New South Wales ပြည်နယ်၊ ဆစ်ဒ်နီမြို့တွေအထိ ရောက်ခဲ့ပါတယ်။ ဒါပေမယ့် မဲလ်ဘုန်းကလွဲရင် တခြားနေရာတွေမှာ အပျက်အစီးရှိတာနဲ့ ထိခိုက်ဒဏ်ရာရတဲ့ သတင်းတွေ မရပါဘူး။ မဲလ်ဘုန်းငလျင်မှာလည်း ထိခိုက်ဒဏ်ရာရတဲ့သတင်း မရှိဘူးလို့ ဝန်ကြီးချုပ် Scott Morrison က သတင်းထောက်တွေကိုပြောပါတယ်။

သြစတြေးလျနိုင်ငံ လူဦးရေ ၂၅ သန်းရဲ့ ထက်ဝက်ကျော်ဟာ နိုင်ငံအရှေ့တောင်ပိုင်းက Adelaide မြို့ကနေ မဲလ်ဘုန်းနဲ့ ဆစ်ဒ်နီမြို့တွေတလျှောက် နေထိုင်ကြတာဖြစ်ပါတယ်။

XS
SM
MD
LG