သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မဲေခါင္ -လန္ခ်န္း အစည္းေဝးရဲ႕ ျမန္မာ့ႏိုင္ငံေရး အေပၚသက္ေရာက္မႈ


"AFP PHOTO / MYANMAR MILITARY INFORMATION TEAM"

ျမန္မာ့ေရွးေဟာင္းအထင္ကရၿမိဳ႕ ပုဂံမွာ က်င္းပတဲ့ တရုတ္ဦးေဆာင္တဲ့ ေဒသတြင္း ဖြင့္ၿဖိဳးတုိးတက္ေရးနဲ႔ စီးပြားေရးပူးေပါင္း ေဆာင္ရြက္မႈ လန္ခ်န္း - မဲေခါင္ ၇ ႀကိမ္ေျမာက္အစည္းအေ၀းဟာ ပဋိပကၡေတြျဖစ္ေနတဲ့ ျမန္မာ့ ႏုိင္ငံေရး အေပၚဘယ္လုိ သက္ေရာက္မႈေတြရွိႏုိင္ပါသလဲ။ ကုိေဇာ္မုိး ေက်ာ္ကတင္ျပ ထားပါတယ္။

Zawgyi/Unicode

ျမန္မာ့ေရွးေဟာင္းအထင္ကရၿမိဳ႕ ပုဂံမွာ တရုတ္ဦးေဆာင္တဲ့ ေဒသတြင္း ဖြင့္ၿဖိဳးတုိးတက္ေရးနဲ႔ စီးပြားေရးပူးေပါင္း ေဆာင္ရြက္မႈအစီအစဥ္တခုျဖစ္တဲ့ လန္ခ်န္း - မဲေခါင္ ၇ ႀကိမ္ေျမာက္အစည္းအေ၀း တနလၤာေန႔ကၿပီးဆုံးသြားပါတယ္။ ဒီအစည္းအေ၀းဟာ ပဋိပကၡေတြျဖစ္ေနတဲ့ ျမန္မာ့ ႏုိင္ငံေရး အေပၚဘယ္လုိ သက္ေရာက္မႈေတြရွိႏုိင္ပါသလဲ။ ကုိေဇာ္မုိး ေက်ာ္က ေမးျမန္းတင္ျပ ေပးမွာပါ။
#
စစ္တပ္ကအာဏာသိမ္းထားၿပီး ပဋိပကၡေတြျဖစ္ေနတဲ့ျမန္မာႏုိင္ငံမွာ တရုတ္ကဦးေဆာ င္ၿပီးေဒသတြင္းႏုိင္ငံတခ်ိဳ႔ပါ၀င္တဲ့ပူးေပါင္းေဆာင္ရြက္ေရးအစည္းကုိျမန္မာႏုိင္ငံမွာက်င္း ပခဲ့ပါတယ္။ ကုလမဂၢပအပါအ၀င္၊ အေမရိကန္နဲ႔အေနာက္တုိင္းႏုိင္ငံေတြရယ္။ အာစီယံ ႏုိင္ငံတခ်ိဳ႔ရယ္ကအာဏာသိမ္းစစ္ေကာင္စီကုိ တရား၀င္အသိအမွတ္ျပဳတာမ်ိဳးမလုပ္ဘဲ အာစီယံမူ ၅ ခ်က္နဲ႔ဒီမုိကေရစီအသြင္ကူးေျပာင္းေရးကုိျပန္လည္သြားဖုိ႔တုိက္တြန္းေနခ်ိ န္မွာ ဒီအစည္းအေ၀းက်င္ပခဲ့တာျဖစ္ပါတယ္။ ဒီအစည္းအေ၀းဟာ ျမန္မာႏုိင္ငံရဲ႔အခ်ဳပ္ အျခာအာဏာနဲ႔အစုိးရကုိအသိအမွတ္ျပဳတာျဖစ္တယ္လုိ႔ စစ္ေကာင္စီေျပာခြင့္ရ ပုဂၢိဳလ္ ကေျပာပါတယ္။ ဒီလုိကာလမ်ိဳးမွာ တရုတ္ႏုိင္ငံျခားေရး၀န္ႀကီးေနနဲ႔ မလာသင့္ဘူး၊ ဒီလုိ ပူးေပါင္းေဆာင္ရြက္မႈမ်ိဳးေတြမလုပ္သင့္ဘူးလုိ႔ NUG ႏုိင္ငံျခားေရး ဒု၀န္ႀကီး ဦးမုိးေဇာ္ဦးက VOA ကုိေျပာပါတယ္။


“တရုတ္ႏုိင္ငံျခားေရး၀န္ႀကီးလာမယ္ဆုိတဲ့သတင္းကုိၾကားကတည္းကုိက တရုတ္ႏုိင္ငံ ျခားေရး၀န္ႀကီးဆီကုိက်ေနာ္တုိ႔စာေရးပါတယ္၊ ဒီလုိအခ်ိန္မွာမလာသင့္ေသးဘူး၊ ဆုိတဲ့ အေၾကာင္းကုိက်ေနာ္တုိ႔ေျပာတယ္၊ တနည္းအားျဖင့္ဆုိလုိ႔ရွိတယ္၊ အသိအမွတ္ျပဳ တဲ့သေဘာျဖစ္ႏုိင္တယ္လုိ႔ ေၾကျငာခ်က္ထုတ္ထားပါတယ္။ သူတုိ႔ကေတာ့ လန္ခ်မ္း မဲေခါင္စီးပြားေရးပူးေပါင္းေဆာင္ရြက္မႈဆုိတဲ့ကိစၥဟာ အရင္ NLD အစုိးရလက္ထက္ ကတည္းကသေဘာတူၿပီးပူးေပါင္းေဆာင္ရြက္ေနတာျဖစ္တယ္။ လာေရာက္တဲ့ကိစၥမွာ ဒီလန္ခ်န္းမဲေခါင္နဲ႔ဘဲပတ္သက္တယ္ေပါ့ေလ၊ အဲေတာ့အသိအမွတ္ျပဳမႈနဲ႔ တုိက္ရုိက္ မပတ္သက္ဘူး ဆုိတဲ့အေၾကာင္းကုိေတာ့တဆင့္ေပါ့ေနာ္ အေၾကာင္းျပန္တာေတြေတာ့ ရွိပါတယ္။ အဲေတာ့က်ေနာ္တုိ႔ကေတာ့ ဒီလုိမ်ိဳးစီးပြားေရးအရပူးေပါင္းေဆာင္ရြက္မႈတုိ႔ ဘာတုိ႔ညာတုိ႔ ဒီကိစၥေတြအားလုံးဟာ တုိင္းျပည္ကလည္း တည္ၿငိမ္ေအးခ်မ္းၿပီးေတာ့ တရား၀င္အစိုးရတရပ္အျပည့္အ၀ တုိင္းျပည္ကုိလည္ပတ္ႏုိင္ၿပီး ေတာ့အိမ္နီးျခင္းႏုိင္ငံ ေတြနဲ႔လည္းပူးေပါင္းေဆာင္ရြက္ႏုိင္တဲ့အခ်ိိန္က်မွဘဲ တကယ္တမ္းထိထိေရာက္ေရာက္ ပူးေပါင္းေဆာင္ရြက္မႈေတြ ေဆာင္ရြက္ႏုိင္မွာျဖစ္တယ္လုိ႔ယူဆပါတယ္။”


ေလ့လာသုံးသပ္သူတဦးျဖစ္တဲ့ NCGUB ၀န္ႀကီးေဟာင္း ေဒါက္တာတင့္ေဆြကေတာ့ တရုတ္ဟာ ေဒသအတြင္းသူ႔အက်ိဳးစီးပြားအတြက္သာအဓိကထားတာျဖစ္ၿပီး၊ ျမန္မာ စစ္ေကာင္စီကုိအသိ အမွတ္ျပဳဖုိ႔လုပ္တာဟုတ္ဘူးလုိ႔ျမင္ပါတယ္။

“ တရုတ္ကဗမာႏုိင္ငံအပါအ၀င္ အာဆီယံေဒသနဲ႔ပတ္သက္ၿပီး၊ သူ႔မွာႀကီးက်ယ္ မဟာဗ်ဴဟာ စီမံခ်က္ႀကီးက ဆယ္စုႏွစ္ၾကာေနၿပီ၊ အဲဒိအစိပ္အပုိင္းတခုအေနနဲ႔ အခုပုဂံကုိလာတယ္လုိ႔ က်ေနာ္ကျမင္ပါတယ္၊ တနည္းအားျဖင့္ ဒီစစ္ေကာင္စီကုိ စစ္ေကာင္စီလုိခ်င္တဲ့ အသိမွတ္ျပဳမႈေထာက္ခံမႈကုိ ျပဳဖုိ႔ႏုိင္ငံျခားေရး၀န္ႀကီး လာတယ္လုိ႔ေတာ့က်ေနာ္ကမျမင္ဘူး”
တရုတ္ဟာ ၁၉၈၈ ခုႏွစ္ကတည္းကစလုိ႔ျမန္မာႏုိင္ငံက စစ္အာဏာရွင္အစိုးရေတြနဲ႔ ဆက္ဆံခဲ့ၿပီးျမန္မာ့ ဒီမုိကေရစီေရးကုိေထာက္ခံအားေပးတာမ်ိဳးမရွိပါဘူး၊ ဒါေၾကာင့္ျမန္ မာျပည္သူအမ်ားစုစိတ္ထဲမွာ တရုတ္ဟာစစ္အာဏာရွင္ေတြကုိအားေပးတယ္၊ ဒါေၾကာင့္ ျမန္မာ့ဒီမုိကေရစီရရွိေရးကုိအဟန္႔အထားျဖစ္ေစတယ္လုိ႔ယူဆၾကပါတယ္။ အခုလည္း အာဏာသိမ္းထားတဲ့ စစ္ေကာင္စီဟာ သူတုိ႔အစီအစဥ္တုိင္း၊ ဒီမုိကေရစီျပန္လည္ေဖၚ ေဆာင္မယ္ဆုိၿပီးလုပ္ေနပါတယ္။ ဒီလုိအေျခေနမွာတရုတ္က စစ္ေကာင္စီဘက္ရပ္ျပ လုိက္သလုိျဖစ္သြားၿပီး၊ တရုတ္ကပါ၀င္ေထာက္ခံၿပီး၊ လုိသလုိလုပ္သြားမလား ဆုိတဲ့ စုိးရိမ္ခ်က္ေတြရွိပါတယ္။ တဘက္မွာလည္း အေမရိကန္ဦးေဆာင္ၿပီး အေနာက္ႏုိင္ငံ ေတြနဲ႔အာစီယႏုိင္ငံေတြကဒီမုိကေရစီျပည္ေဖၚေဆာင္ေရးတုိက္တြန္းေနတာလည္း ရွိပါ တယ္။ အခုလုိုအေျခအေနမွာတရုတ္က၀င္ေရာက္လာၿပီး စစ္ေကာင္စီကုိအားေပး ေထာက္ခံသြားမယ္ဆုိရင္ျမန္မာျပည္သူေတြလုိလားတဲ့အေျခအေနတရပ္ျဖစ္လာႏုိင္မွာမဟုတ္ဘူးဆုိတဲ့အျမင္ေတြရွိပါတယ္။
ဒီကိစၥနဲ႔ပတ္သက္ၿပီး VOA ရဲ႔အႀကီးတန္းအယ္ဒီတာတဦးျဖစ္တဲ့ ဦးေက်ာ္ဇံသာကေတာ့ အခုလိုေ၀ဘန္သုံးသပ္ထားပါတယ္။

“စစ္ေကာင္စီကလုပ္မယ့္ဟာကုိ တရား၀င္ေထာက္ခံတယ္လုိ႔ေတာ္ေျပာၿပီးပလား မသိဘူး။ က်ေနာ္သိသေလာက္ကေတာ့ ႏွစ္ဘက္သင့္ျမတ္ေအာင္ လုပ္ဖုိ႔ဆုိတာဘဲ ေျပာတာၾကားရပါတယ္။ ေနာက္ၿပီးေတာ့အေနာက္ႏုိင္ငံေတြနဲ႔ ျပည္သူေတြလုိခ်င္တဲ႔ ပုံစံဆုိတာကေရာ အတိအက်သူတုိ႔ဘယ္လုိသတ္မွတ္ထားသလဲ၊ အာစီယံကေတာ့မူ ၅ ခ်က္ အဆင့္ဆင့္သူတုိ႔သမွတ္ျပထားတာရွိပါတယ္။ အေနာက္ႏုိင္ငံဘက္ကဒီလုိခ်ခင္ ထားတာလည္းမေတြ႔ရပါဘူး၊ အဲလုိေတြ႔ရတယ္ဆုိရင္လည္း အဲဒိလုိင္းနဲ႔ယွဥ္ၿပီး စဥ္းစားၾကရမွာျဖစ္ပါတယ္။ အခုက်ေတာ့အေနာက္ႏုိင္ငံေတြ ကုိယ္တုိင္ကလည္း အာစီယံလမ္းေၾကာင္းအတုိင္းလုိက္ၿပီးတြန္းပုိ႔ေနတာဘဲရွိပါေသးတယ္။ ဆုိေတာ့ ဒီဟာထက္လမ္းမထြင္ႏုိင္ေသးဘူးဆုိေတာ့၊ ဒီလမ္းေၾကာင္းကုိဘဲဆက္ၿပီးေျပာေနတာ ျဖစ္ပါလိမ့္မယ္။”
ျမန္မာ့ဒီမုိကေရစီအေရးကုိ ေထာက္ခံကူညီဖုိ႔အတြက္ NUG အစုိးအေနနဲ႔အေမရိကန္ အပါအ၀င္အေနာက္တုိင္းႏုိင္ငံေတြနဲ႔ထိေတြဆက္ဆံမႈေတြကုိေတြ႔ျမင္ရေပမယ့္၊ တရုတ္ရဲ႔ေထာက္ခံမႈရေအာင္ႀကိဳးပမ္းတာမ်ိဳးခ်ဥ္းကပ္တာမ်ိဳးေရာရွိပါသလားလုိ႔ ေမးတာကုိေတာ့ NUG ႏုိင္ငံျခားေရးဒု၀န္ႀကီးကအခုလုိေျဖဆုိခဲ့ပါတယ္။

“ ရုတ္တရက္ၾကည့္မယ္ဆုိရင္ေတာ့က်ေနာ္တုိ႔ကအေနာက္ႏုိင္ငံမ်ားနဲ႔ပုိၿပီး ေတာ့ ထိေတြ႔ဆက္ဆံမႈေတြရွိေနတယ္၊ အေနာက္ႏုိင္ငံမ်ားနဲ႔ပုိၿပီးေတာ့နီးစပ္တယ္လုိ႔ေ တာ့ထင္စရာရွိပါတယ္။ အဲဒါေပမယ့္လည္းတကယ့္လက္ေတြ႔မွာေတာ့က်ေနာ္တုိ႔ဟာ အိမ္နီးျခင္းႏုိင္ငံေတြနဲ႔ေရာ၊ အာစီယံႏုိင္ငံေတြနဲ႔ေရာ၊ အေရွ႔တုိင္း ႏုိင္ငံေတြနဲ႔ေရာ၊ အားလုံးနဲ႔ေပါ့ေနာ္မွ်မွ်တတက်ေနာ္တုိ႔ဆက္ဆံတယ္၊ က်ေနာ္တုိ႔ ထိေတြ႔ ေဆာင္ရြက္မႈ ေတြေပါ့ေလရွိပါတယ္။”
ေရွးေဟာင္ၿမိဳေတာ္ပုဂံမွာက်င္းပခဲ့တဲ့ လန္ခ်န္းမဲေခါင္း ပူူးေပါင္းေဆာင္ရြက္ေရးအစည္း အေ၀းမွာ တရုတ္ႏုိင္ငံျခားေရး၀န္ႀကီး ၀မ္ယီ ဦးေဆာင္တက္ေရာက္ခဲ့ပါတယ္။ ဒါ့အျပင္ ကေမၻာဒီးယား၊ ထုိင္း၊ ဗီယက္နမ္၊ လာအုိ ႏုိင္ငံေတြကႏုိင္ငံျခားေရး၀န္ႀကီးေတြလည္း တက္ေရာက္ခဲ့ပါတယ္။
တရုတ္ဟာ သူရဲ႔အက်ိဳးစီးပြားအတြက္ ျမန္မာႏုိင္ငံတည္ၿငိမ္ေရးကုိသာအဓိကထား တြန္းအားေပးမယ္ဆုိရင္၊ ျမန္မာျပည္သူေတြလုိလားတဲ့ ဒီမုိကေရစီအသြင္ကူးေျပာင္း ေရးပုံစံတရပ္အတြက္အတြက္အေထာက္အကူမျဖစ္ႏုိင္ဘူးဆုိတဲ့စုိးရိမ္ခ်က္ေတြရွိေနပါ တယ္။

##

တိုက္႐ိုက္ လင့္ခ္

မြန်မာ့ရှေးဟောင်းအထင်ကရမြို့ ပုဂံမှာ တရုတ်ဦးဆောင်တဲ့ ဒေသတွင်း ဖွင့်ဖြိုးတိုးတက်ရေးနဲ့ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုအစီအစဉ်တခုဖြစ်တဲ့ လန်ချန်း - မဲခေါင် ၇ ကြိမ်မြောက်အစည်းအဝေး တနင်္လာနေ့ကပြီးဆုံးသွားပါတယ်။ ဒီအစည်းအဝေးဟာ ပဋိပက္ခတွေဖြစ်နေတဲ့ မြန်မာ့ နိုင်ငံရေး အပေါ်ဘယ်လို သက်ရောက်မှုတွေရှိနိုင်ပါသလဲ။ ကိုဇော်မိုး ကျော်က မေးမြန်းတင်ပြ ပေးမှာပါ။
#
စစ်တပ်ကအာဏာသိမ်းထားပြီး ပဋိပက္ခတွေဖြစ်နေတဲ့မြန်မာနိုင်ငံမှာ တရုတ်ကဦးဆော င်ပြီးဒေသတွင်းနိုင်ငံတချို့ပါဝင်တဲ့ပူးပေါင်းဆောင်ရွက်ရေးအစည်းကိုမြန်မာနိုင်ငံမှာကျင်း ပခဲ့ပါတယ်။ ကုလမဂ္ဂပအပါအဝင်၊ အမေရိကန်နဲ့အနောက်တိုင်းနိုင်ငံတွေရယ်။ အာစီယံ နိုင်ငံတချို့ရယ်ကအာဏာသိမ်းစစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုတာမျိုးမလုပ်ဘဲ အာစီယံမူ ၅ ချက်နဲ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးကိုပြန်လည်သွားဖို့တိုက်တွန်းနေချိ န်မှာ ဒီအစည်းအဝေးကျင်ပခဲ့တာဖြစ်ပါတယ်။ ဒီအစည်းအဝေးဟာ မြန်မာနိုင်ငံရဲ့အချုပ် အခြာအာဏာနဲ့အစိုးရကိုအသိအမှတ်ပြုတာဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ပုဂ္ဂိုလ် ကပြောပါတယ်။ ဒီလိုကာလမျိုးမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးနေနဲ့ မလာသင့်ဘူး၊ ဒီလို ပူးပေါင်းဆောင်ရွက်မှုမျိုးတွေမလုပ်သင့်ဘူးလို့ NUG ကမြင်ပါတယ်။ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးက VOA ကိုအခုလိုပြောပါတယ်။

“တရုတ်နိုင်ငံခြားရေးဝန်ကြီးလာမယ်ဆိုတဲ့သတင်းကိုကြားကတည်းကိုက တရုတ်နိုင်ငံ ခြားရေးဝန်ကြီးစီကိုကျနော်တို့စာရေးပါတယ်၊ ဒီလိုအချိန်မှာမလာသင့်သေးဘူး၊ ဆိုတဲ့ အကြောင်းကိုကျနော်တို့ပြောတယ်၊ တနည်းအားဖြင့်ဆိုလို့ရှိတယ်၊ အသိအမှတ်ပြု တဲ့သဘောဖြစ်နိုင်တယ်လို့ ကြေငြာချက်ထုတ်ထားပါတယ်။ သူတို့ကတော့ လန်ချမ်း မဲခေါင်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုတဲ့ကိစ္စဟာ အရင် NLD အစိုးရလက်ထက် ကတည်းကသဘောတူပြီးပူးပေါင်းဆောင်ရွက်နေတာဖြစ်တယ်။ လာရောက်တဲ့ကိစ္စမှာ ဒီလန်ချန်းမဲခေါင်နဲ့ဘဲပတ်သက်တယ်ပေါ့လေ၊ အဲတော့အသိအမှတ်ပြုမှုနဲ့ တိုက်ရိုက် မပတ်သက်ဘူး ဆိုတဲ့အကြောင်းကိုတော့တဆင့်ပေါ့နော် အကြောင်းပြန်တာတွေတော့ ရှိပါတယ်။ အဲတော့ကျနော်တို့ကတော့ ဒီလိုမျိုးစီးပွားရေးအရပူးပေါင်းဆောင်ရွက်မှုတို့ ဘာတို့ညာတို့ ဒီကိစ္စတွေအားလုံးဟာ တိုင်းပြည်ကလည်း တည်ငြိမ်အေးချမ်းပြီးတော့ တရားဝင်အစိုးရတရပ်အပြည့်အ၀ တိုင်းပြည်ကိုလည်ပတ်နိုင်ပြီး တော့အိမ်နီးခြင်းနိုင်ငံ တွေနဲ့လည်းပူးပေါင်းဆောင်ရွက်နိုင်တဲ့အချိန်ကျမှဘဲ တကယ်တမ်းထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်မှုတွေ ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ယူဆပါတယ်။”
လေ့လာသုံးသပ်သူတဦးဖြစ်တဲ့ NCGUB ဝန်ကြီးဟောင်း ဒေါက်တာတင့်ဆွေကတော့ တရုတ်ဟာ ဒေသအတွင်းသူ့အကျိုးစီးပွားအတွက်သာအဓိကထားတာဖြစ်ပြီး၊ မြန်မာ စစ်ကောင်စီကိုအသိ အမှတ်ပြုဖို့လုပ်တာဟုတ်ဘူးလို့မြင်ပါတယ်။

“ တရုတ်ကဗမာနိုင်ငံအပါအဝင် အာဆီယံဒေသနဲ့ပတ်သက်ပြီး၊ သူ့မှာကြီးကျယ် မဟာဗျူဟာ စီမံချက်ကြီးက ဆယ်စုနှစ်ကြာနေပြီ၊ အဲဒိအစိပ်အပိုင်းတခုအနေနဲ့ အခုပုဂံကိုလာတယ်လို့ ကျနော်ကမြင်ပါတယ်၊ တနည်းအားဖြင့် ဒီစစ်ကောင်စီကို စစ်ကောင်စီလိုချင်တဲ့ အသိမှတ်ပြုမှုထောက်ခံမှုကို ပြုဖို့နိုင်ငံခြားရေးဝန်ကြီး လာတယ်လို့တော့ကျနော်ကမမြင်ဘူး”
တရုတ်ဟာ ၁၉၈၈ ခုနှစ်ကတည်းကစလို့မြန်မာနိုင်ငံက စစ်အာဏာရှင်အစိုးရတွေနဲ့ ဆက်ဆံခဲ့ပြီးမြန်မာ့ ဒီမိုကရေစီရေးကိုထောက်ခံအားပေးတာမျိုးမရှိပါဘူး၊ ဒါကြောင့်မြန် မာပြည်သူအများစုစိတ်ထဲမှာ တရုတ်ဟာစစ်အာဏာရှင်တွေကိုအားပေးတယ်၊ ဒါကြောင့် မြန်မာ့ဒီမိုကရေစီရရှိရေးကိုအဟန့်အထားဖြစ်စေတယ်လို့ယူဆကြပါတယ်။ အခုလည်း အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ သူတို့အစီအစဉ်တိုင်း၊ ဒီမိုကရေစီပြန်လည်ဖေါ် ဆောင်မယ်ဆိုပြီးလုပ်နေပါတယ်။ ဒီလိုအခြေနေမှာတရုတ်က စစ်ကောင်စီဘက်ရပ်ပြ လိုက်သလိုဖြစ်သွားပြီး၊ တရုတ်ကပါဝင်ထောက်ခံပြီး၊ လိုသလိုလုပ်သွားမလား ဆိုတဲ့ စိုးရိမ်ချက်တွေရှိပါတယ်။ တဘက်မှာလည်း အမေရိကန်ဦးဆောင်ပြီး အနောက်နိုင်ငံ တွေနဲ့အာစီယနိုင်ငံတွေကဒီမိုကရေစီပြည်ဖေါ်ဆောင်ရေးတိုက်တွန်းနေတာလည်း ရှိပါ တယ်။ အခုလိုအခြေအနေမှာတရုတ်ကဝင်ရောက်လာပြီး စစ်ကောင်စီကိုအားပေး ထောက်ခံသွားမယ်ဆိုရင်မြန်မာပြည်သူတွေလိုလားတဲ့အခြေအနေတရပ်ဖြစ်လာနိုင်မှာမဟုတ်ဘူးဆိုတဲ့အမြင်တွေရှိပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး VOA ရဲ့အကြီးတန်းအယ်ဒီတာတဦးဖြစ်တဲ့ ဦးကျော်ဇံသာကတော့ အခုလိုဝေဘန်သုံးသပ်ထားပါတယ်။

“စစ်ကောင်စီကလုပ်မယ့်ဟာကို တရားဝင်ထောက်ခံတယ်လို့တော်ပြောပြီးပလား မသိဘူး။ ကျနော်သိသလောက်ကတော့ နှစ်ဘက်သင့်မြတ်အောင် လုပ်ဖို့ဆိုတာဘဲ ပြောတာကြားရပါတယ်။ နောက်ပြီးတော့အနောက်နိုင်ငံတွေနဲ့ ပြည်သူတွေလိုချင်တဲ့ ပုံစံဆိုတာကရော အတိအကျသူတို့ဘယ်လိုသတ်မှတ်ထားသလဲ၊ အာစီယံကတော့မူ ၅ ချက် အဆင့်ဆင့်သူတို့သမှတ်ပြထားတာရှိပါတယ်။ အနောက်နိုင်ငံဘက်ကဒီလိုချခင် ထားတာလည်းမတွေ့ရပါဘူး၊ အဲလိုတွေ့ရတယ်ဆိုရင်လည်း အဲဒိလိုင်းနဲ့ယှဉ်ပြီး စဉ်းစားကြရမှာဖြစ်ပါတယ်။ အခုကျတော့အနောက်နိုင်ငံတွေ ကိုယ်တိုင်ကလည်း အာစီယံလမ်းကြောင်းအတိုင်းလိုက်ပြီးတွန်းပို့နေတာဘဲရှိပါသေးတယ်။ ဆိုတော့ ဒီဟာထက်လမ်းမထွင်နိုင်သေးဘူးဆိုတော့၊ ဒီလမ်းကြောင်းကိုဘဲဆက်ပြီးပြောနေတာ ဖြစ်ပါလိမ့်မယ်။”
မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံကူညီဖို့အတွက် NUG အစိုးအနေနဲ့အမေရိကန် အပါအဝင်အနောက်တိုင်းနိုင်ငံတွေနဲ့ထိတွေဆက်ဆံမှုတွေကိုတွေ့မြင်ရပေမယ့်၊ တရုတ်ရဲ့ထောက်ခံမှုရအောင်ကြိုးပမ်းတာမျိုးချဉ်းကပ်တာမျိုးရောရှိပါသလားလို့ မေးတာကိုတော့ NUG နိုင်ငံခြားရေးဒုဝန်ကြီးကအခုလိုဖြေဆိုခဲ့ပါတယ်။

“ ရုတ်တယက်ကြည့်မယ်ဆိုရင်တော့ကျနော်တို့ကအနောက်နိုင်ငံများနဲ့ပိုပြီး တော့ ထိတွေ့ဆက်ဆံမှုတွေရှိနေတယ်၊ အနောက်နိုင်ငံများနဲ့ပိုပြီးတော့နီးစပ်တယ်လို့ေ တာ့ထင်စရာရှိပါတယ်။ အဲဒါပေမယ့်လည်းတကယ့်လက်တွေ့မှာတော့ကျနော်တို့ဟာ အိမ်နီးခြင်းနိုင်ငံတွေနဲ့ရော၊ အာစီယံနိုင်ငံတွေနဲ့ရော၊ အရှေ့တိုင်း နိုင်ငံတွေနဲ့ရော၊ အားလုံးနဲ့ပေါ့နော်မျှမျှတတကျနော်တို့ဆက်ဆံတယ်၊ ကျနော်တို့ ထိတွေ့ ဆောင်ရွက်မှု တွေပေါ့လေရှိပါတယ်။”
ရှေးဟောင်မြိုတော်ပုဂံမှာကျင်းပခဲ့တဲ့ လန်ချန်းမဲခေါင်း ပူူးပေါင်းဆောင်ရွက်ရေးအစည်း အဝေးမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီ ဦးဆောင်တက်ရောက်ခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ်၊ လာအို နိုင်ငံတွေကနိုင်ငံခြားရေးဝန်ကြီးတွေလည်း တက်ရောက်ခဲ့ပါတယ်။
တရုတ်ဟာ သူရဲ့အကျိုးစီးပွားအတွက် မြန်မာနိုင်ငံတည်ငြိမ်ရေးကိုသာအဓိကထား တွန်းအားပေးမယ်ဆိုရင်၊ မြန်မာပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီအသွင်ကူးပြောင်း ရေးပုံစံတရပ်အတွက်အတွက်အထောက်အကူမဖြစ်နိုင်ဘူးဆိုတဲ့စိုးရိမ်ချက်တွေရှိနေပါ တယ်။

XS
SM
MD
LG