သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ကုိင္းတုိင္းအတြင္း တုိက္ပဲြေတြေၾကာင့္ ထိခုိက္ေသဆုံးသူေတြရွိ


စစ္ကုိင္းတိုင္း ပုလဲၿမဳိ႕နယ္ ေမြတုန္ရြာ။ (Photo : AP)

[[ ZAWGYI / UNICODE ]]

စစ္ကုိင္းတုိင္းအတြင္း တုိက္ပဲြေတြေၾကာင့္ ထိခုိက္ေသဆုံးသူေတြရွိ

စစ္ကိုင္းတိုင္းေဒသႀကီး ပုလဲၿမိဳ႕နယ္မွာ ေဒသခံ ကာကြယ္ေရးတပ္ဖြဲ႕ေတြနဲ႔ စစ္ေကာင္စီတို႔ ၂ ရက္ဆက္ တိုက္ပြဲေတြျဖစ္ပြားၿပီး ေနအိမ္ေတြမီးရိႈ႕ခံရသလို အရပ္သား ၂ ဦး ေသဆံုးခဲ့ပါတယ္။ မင္းကင္းၿမိဳ႕နယ္မွာလည္း စစ္ေကာင္စီက နယ္ေျမရွင္းလင္းတာေတြေၾကာင့္ အရပ္သား ၉၀၀ နီးပါး ထြက္ေျပးတိမ္းေရွာင္ေနရပါတယ္။ ရန္ကုန္က ေပးပို႔လာတဲ့သတင္း ကိုရြဲမြန္ ေျပာျပပါမယ္။


စစ္ကိုင္းတိုင္းေဒသႀကီး ပုလဲၿမိဳ႕နယ္ထဲက ေမြ႕တံုေက်းရြာအနီးမွာ ဇြန္လ ၆ ရက္နဲ႔ ၇ ရက္တို႔မွာ စစ္ေကာင္စီနဲ႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြ တိုက္ပြဲျဖစ္ပြားေနတာပါ။ ဇြန္လ ၇ ရက္ ၾကာသပေတးေန႔မွာေတာ့ မင္းရြာနဲ႔ ေမြ႕တံုေက်းရြာက ေနအိမ္ေတြကို စစ္ေကာင္စီတပ္ေတြက မီးရိႈ႕သြားတယ္လို႔ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြက ေျပာပါတယ္။ စစ္ေကာင္စီက ထြက္သြားၿပီးတဲ့ေနာက္မွာ မင္းရြာက အသက္ ၆၀ အမ်ိဳးသားတဦးနဲ႔ ေမြ႕တံုရြာက ေက်းရြာသား ၁ ဦး မီးေလာင္ေသဆံုးေနတဲ့ ရုပ္အေလာင္းေတြကို ေတြ႕ရွိရတယ္လို႔လည္း ေျပာပါတယ္။

ဒီအေျခအေနနဲ႔ ပတ္သက္လို႔ ပုလဲၿမိဳ႕နယ္ထဲက ေဒသခံကာကြယ္ေရး တပ္ဖြဲ႕၀င္တဦးက အခုလုိေျပာပါတယ္။

“တိုက္ပြဲျဖစ္တာ ဒီေန႔ေကာဆိုရင္ ပုလဲၿမိဳ႕နယ္မွာ ၂ ရက္ရွိသြားၿပီခင္ဗ်။ ညေကာ ေန႔ေကာျဖစ္ေနတာေပါ့ေနာ္။ အခုလည္းဆက္လက္ၿပီးေတာ့ ျဖစ္ေနတုန္းဗ်။ ေမြ႕တံုရြာကို မေန႔ ေန႔လည္ေလာက္ကေနၿပီးေတာ့ ညအထိ ကြ်န္ေတာ္တို႔ တိုက္ပြဲျပင္းျပင္းထန္ထန္ ျဖစ္ခဲ့တယ္။”

“ ဟုတ္ကဲ့ .. ဒီေန႔ ဒီေကာင္ေတြ ၈ နာရီထိုးေလာက္မွာ ေမြ႕တံုရဲ႕ေတာင္ဘက္မွာ မင္းရြာဆိုတာရွိတယ္။ မင္းရြာကို ဒီေကာင္ေတြ ၀င္ေရာက္ၿပီး မီးရိႈ႕လိုက္တယ္။ ရိႈ႕လိုက္တဲ့အခါ အိမ္ေျခ ၁၃၀ ရွိတဲ့ရြာက ၆၆ အိမ္ပါသြားတယ္။ လူတေယာက္ပါ မီးထဲမွာ အသတ္ခံလိုက္ရတယ္။ မင္းရြာကိုမီးရိႈ႕ၿပီးတဲ့အခ်ိန္မွာပဲ ေနာက္ထပ္တခါ ေမြ႕တံုကို အဲ့ရြာကိုဆက္ရိႈ႕လိုက္တယ္။ အဲ့ရြာမွာလည္း အိမ္ေျခ ၄၀ ေလာက္ပါသြားတယ္။ အဲ့မွာလည္း ျပည္သူတဦး ဦးတင္ေဖဆိုတဲ့ လူႀကီးတေယာက္ မီးထဲမွာပါသြားတယ္။ ျပည္သူ ၂ ေယာက္မီးထဲမွာပါသြားတယ္။ မင္းရြာက တေယာက္ ေမြ႕တံုက တေယာက္ခင္ဗ်။”

ေမြ႕တံုေက်းရြာဟာ ဒုတိယအႀကိမ္ထပ္ရိႈ႕ခံရတာျဖစ္ၿပီး အခုတေခါက္မီးရိႈ႕ခံရတဲ့ေနအိမ္ေတြဟာ ပထမအႀကိမ္ မီးထဲပါသြားတဲ့ေနရာေတြမွာ ျပန္လည္ေဆာက္လုပ္ထားတဲ့ ေနအိမ္ေတြလည္းျဖစ္ပါတယ္။ တုိက္ပြဲအေျခအေနနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီက သတင္းထုတ္ျပန္တာေတာ့ မရွိေသးပါဘူး။

စစ္ကိုင္းတိုင္း မင္းကင္းၿမိဳ႕နယ္ထဲမွာက အင္လွ ယားေက်းရြာတို႔ကို ဇြန္လ ၆ ရက္ မနက္ပိုင္းက ၀င္ေရာက္လာၿပီး ေဒသခံေတြ ထြက္ေျပး တိမ္းေရွာင္ေနရတယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။

“နယ္ေျမရွင္းတာ လုပ္တာက သူတို႔က အင္လွတို႔ ယား(ေက်းရြာ)တို႔ကို ၀င္ေနတာခင္ဗ်။ အဲ့ ၂ ရြာ ၀င္တယ္ခင္ဗ်။ ေဒသခံ ၆၀၀+၃၀၀ - ၉၀၀ ေလာက္ေတာ့ရွိမယ္။ ထြက္ေျပးေနရတယ္။ ေတာထဲေတာင္ထဲမွာ ေရွာင္တိမ္းေနရတယ္။ တိုက္ပြဲေတာ့ မျဖစ္ဘူးခင္ဗ်။”

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းခဲ့တဲ့ ေဖေဖာ္၀ါရီ ၁ ရက္ ေနာက္ပိုင္းမွာ စတင္ျဖစ္ပြားတဲ့ တိုက္ပြဲေတြေၾကာင့္ ၂၀၂၂ ခုႏွစ္ ဇြန္ ၂၇ ရက္အထိ စစ္ေဘးေရွာင္ဦးေရ ၇၅၈,၀၀၀ ရွိတယ္လို႔ UNOCHA (Myanmar) က ေကာက္ယူထားတဲ့ စာရင္းေတြအရ သိရပါတယ္။

တိုက္႐ိုက္ လင့္ခ္

=======================

{{ UNICODE }}

စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲတွေကြောင့် ထိခိုက်သေဆုံးသူတွေရှိ

စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်မှာ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ ၂ ရက်ဆက် တိုက်ပွဲတွေဖြစ်ပွားပြီး နေအိမ်တွေမီးရှို့ခံရသလို အရပ်သား ၂ ဦး သေဆုံးခဲ့ပါတယ်။ မင်းကင်းမြို့နယ်မှာလည်း စစ်ကောင်စီက နယ်မြေရှင်းလင်းတာတွေကြောင့် အရပ်သား ၉၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့သတင်း ကိုရွဲမွန် ပြောပြပါမယ်။


စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်ထဲက မွေ့တုံကျေးရွာအနီးမှာ ဇွန်လ ၆ ရက်နဲ့ ၇ ရက်တို့မှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတာပါ။ ဇွန်လ ၇ ရက် ကြာသပတေးနေ့မှာတော့ မင်းရွာနဲ့ မွေ့တုံကျေးရွာက နေအိမ်တွေကို စစ်ကောင်စီတပ်တွေက မီးရှို့သွားတယ်လို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။ စစ်ကောင်စီက ထွက်သွားပြီးတဲ့နောက်မှာ မင်းရွာက အသက် ၆၀ အမျိုးသားတဦးနဲ့ မွေ့တုံရွာက ကျေးရွာသား ၁ ဦး မီးလောင်သေဆုံးနေတဲ့ ရုပ်အလောင်းတွေကို တွေ့ရှိရတယ်လို့လည်း ပြောပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ ပုလဲမြို့နယ်ထဲက ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက အခုလိုပြောပါတယ်။

“တိုက်ပွဲဖြစ်တာ ဒီနေ့ကောဆိုရင် ပုလဲမြို့နယ်မှာ ၂ ရက်ရှိသွားပြီခင်ဗျ။ ညကော နေ့ကောဖြစ်နေတာပေါ့နော်။ အခုလည်းဆက်လက်ပြီးတော့ ဖြစ်နေတုန်းဗျ။ မွေ့တုံရွာကို မနေ့ နေ့လည်လောက်ကနေပြီးတော့ ညအထိ ကျွန်တော်တို့ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ခဲ့တယ်။”

“ ဟုတ်ကဲ့ .. ဒီနေ့ ဒီကောင်တွေ ၈ နာရီထိုးလောက်မှာ မွေ့တုံရဲ့တောင်ဘက်မှာ မင်းရွာဆိုတာရှိတယ်။ မင်းရွာကို ဒီကောင်တွေ ဝင်ရောက်ပြီး မီးရှို့လိုက်တယ်။ ရှို့လိုက်တဲ့အခါ အိမ်ခြေ ၁၃၀ ရှိတဲ့ရွာက ၆၆ အိမ်ပါသွားတယ်။ လူတယောက်ပါ မီးထဲမှာ အသတ်ခံလိုက်ရတယ်။ မင်းရွာကိုမီးရှို့ပြီးတဲ့အချိန်မှာပဲ နောက်ထပ်တခါ မွေ့တုံကို အဲ့ရွာကိုဆက်ရှို့လိုက်တယ်။ အဲ့ရွာမှာလည်း အိမ်ခြေ ၄၀ လောက်ပါသွားတယ်။ အဲ့မှာလည်း ပြည်သူတဦး ဦးတင်ဖေဆိုတဲ့ လူကြီးတယောက် မီးထဲမှာပါသွားတယ်။ ပြည်သူ ၂ ယောက်မီးထဲမှာပါသွားတယ်။ မင်းရွာက တယောက် မွေ့တုံက တယောက်ခင်ဗျ။”

မွေ့တုံကျေးရွာဟာ ဒုတိယအကြိမ်ထပ်ရှို့ခံရတာဖြစ်ပြီး အခုတခေါက်မီးရှို့ခံရတဲ့နေအိမ်တွေဟာ ပထမအကြိမ် မီးထဲပါသွားတဲ့နေရာတွေမှာ ပြန်လည်ဆောက်လုပ်ထားတဲ့ နေအိမ်တွေလည်းဖြစ်ပါတယ်။ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်ထဲမှာက အင်လှ ယားကျေးရွာတို့ကို ဇွန်လ ၆ ရက် မနက်ပိုင်းက ဝင်ရောက်လာပြီး ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“နယ်မြေရှင်းတာ လုပ်တာက သူတို့က အင်လှတို့ ယား(ကျေးရွာ)တို့ကို ဝင်နေတာခင်ဗျ။ အဲ့ ၂ ရွာ ဝင်တယ်ခင်ဗျ။ ဒေသခံ ၆၀၀+၃၀၀ - ၉၀၀ လောက်တော့ရှိမယ်။ ထွက်ပြေးနေရတယ်။ တောထဲတောင်ထဲမှာ ရှောင်တိမ်းနေရတယ်။ တိုက်ပွဲတော့ မဖြစ်ဘူးခင်ဗျ။”

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်းမှာ စတင်ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ၂၀၂၂ ခုနှစ် ဇွန် ၂၇ ရက်အထိ စစ်ဘေးရှောင်ဦးရေ ၇၅၈,၀၀၀ ရှိတယ်လို့ UNOCHA (Myanmar) က ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။

XS
SM
MD
LG