သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီရိလင်္ကာသမ္မတ ရာထူးက နုတ်ထွက်စာပေးပို့


သမ္မတ အိမ်တော်ကို ဝင်သိမ်းထားသည့် သီရိလင်္ကာ ဆန္ဒပြသူများ (မှတ်တမ်း ပုံ)
သမ္မတ အိမ်တော်ကို ဝင်သိမ်းထားသည့် သီရိလင်္ကာ ဆန္ဒပြသူများ (မှတ်တမ်း ပုံ)

[[ ZAWGYI / UNICODE ]]

သီရိလင်္ကာသမ္မတ ရာထူးက နုတ်ထွက်စာပေးပို့

သီရိလင်္ကာနိုင်ငံကနေ ထွက်ပြေးသွားတဲ့ သမ္မတ Gotabaya Rajapaksa ဟာ မော်လ်ဒိုက်စ် နိုင်ငံကနေ စင်္ကာပူနိုင်ငံကိုရောက်ရှိနေပြီး၊ စင်္ကာပူမှာရှိတဲ့ သီရိလင်္ကာနိုင်ငံ သံရုံးကတဆင့် သမ္မတအဖြစ်မှ နှုတ်ထွက်ကြောင်း တရားဝင်စာကို လွှတ်တော်ပြောရေးဆိုခွင့်ရှိသူထံ ပေးပို့လိုက်ပါတယ်။

စာကိုမှန်ကန်ကြောင်း စီစစ်ပြီးတဲ့အခါ၊ သမ္မတ နှုတ်ထွက်ကြောင်း တရားဝင်ကြေငြာတာကိုတော့ သောကြာနေ့မှာ လုပ်မယ်လို့မျှော်လင့်ရကြောင်း လွှတ်တော်ရုံး ကပြောဆိုပါတယ်။

စင်္ကာပူကတော့ သမ္မတ ရာဂျာပါကစာကို ပုဂ္ဂိုလ်ရေးအရ အလည်အပတ်လာတဲ့ ပြည်ဝင်ခွင့် ဗီဇာနဲ့လာခွင့် ပြုခဲ့တာဖြစ်တယ်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဌာနကပြောဆိုပါတယ်။ သူ့အနေနဲ့နိုင်ငံရေး ခိုလှုံခွင့်လျောက်ထားတာမျိုး မရှိသလို၊ သူ့ကို ခိုလှုံခွင့်ပေးထားတာလည်း မရှိဘူးလို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

ယာယီသမ္မတအဖြစ် ခန့်အပ်ခံခဲ့ရတဲ့ဝန်ကြီးချုပ် Ranil Wickremesinghe ရဲ့ရုံးကိုပါ ဆန္ဒပြသူတွေ ဝင်ရောက်သိမ်းပိုက်ခဲ့ပြီးနောက် ဝန်ကြီးချုပ်လည်း နှုတ်ထွက် ပေးခဲ့ပါတယ်။

သီရိလင်္ကာမြို့တော် ကိုလံဘိုမှာတော့ ဆန္ဒပြသူတွေက သမ္မတနဲ့ ဝန်ကြီးချုပ်နေအိမ်တွေ အပါအဝင် သူတို့ သိမ်းပိုက်ထားတဲ့ အစိုးရ အဆောက်အဦးတွေကနေ ကြာသပတေးနေ့မှာ ထွက်ခွါပေးခဲ့ကြပါတယ်။

ကိုလံဘိုမှာ အပြင်မထွက်ရအမိန့် ကာဖြူး ထုတ်ထားပြီး လုံခြုံရေးတပ်ဖွဲ့တွေက လမ်းတွေပေါ်မှာကင်းလှည့်နေပေမဲ့ အခြေအနေတွေ ငြိမ်သက်နေပါတယ်။

တိုက်ရိုက် လင့်ခ်

==================

{{ UNICODE }}

သီရိလငျ်ကာသမ်မတ ရာထူးက နုတျထှကျစာပေးပို့







XS
SM
MD
LG