သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီရိလင်္ကာသမ္မတ မိသားစု ပြည်ပထွက်ဖို့ ကြိုးစားတဲ့ သတင်းထွက်


FILE- Sri Lankan President Gotabaya Rajapaksa sings the country's national anthem during Independence Day celebrations in Colombo, Feb. 4, 2022. Demonstrators have for months demanded Rajapaksa's resignation, blaming Sri Lanka's economic collapse on him a
FILE- Sri Lankan President Gotabaya Rajapaksa sings the country's national anthem during Independence Day celebrations in Colombo, Feb. 4, 2022. Demonstrators have for months demanded Rajapaksa's resignation, blaming Sri Lanka's economic collapse on him a

ရာထူးကထွက်ပေးဖို့ ကြေညာထားတဲ့ သီရိလင်္ကာ သမ္မတမိသားစုဟာ ပြည်ပကို ထွက်ခွာဖို့ ကြိုးပမ်းနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ သီရိလကာၤ သမ္မတ Gotabaya Rajapaksa နဲ့ မိသားစုဝင်တွေ အာရပ်စော်ဘွားများ ပြည်ထောင်စု UAE ကို ထွက်ခွာမယ့် အရေးကို တားမြစ်ခံရကြောင်း အင်္ဂါနေ့က သတင်းထွက်ခဲ့တာပါ။

Zawgyi/Unicode

သီရိလင်္ကာသမ္မတ မိသားစု ပြည်ပထွက်ဖို့ ကြိုးစားတဲ့ သတင်းထွက်

ရာထူးကထွက်ပေးဖို့ ကြေညာထားတဲ့ သီရိလင်္ကာ သမ္မတမိသားစုဟာ ပြည်ပကို ထွက်ခွာဖို့ ကြိုးပမ်းနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ သီရိလကာၤ သမ္မတ Gotabaya Rajapaksa နဲ့ မိသားစုဝင်တွေ အာရပ်စော်ဘွားများ ပြည်ထောင်စု UAE ကို ထွက်ခွာမယ့် အရေးကို တားမြစ်ခံရကြောင်း အင်္ဂါနေ့က သတင်းထွက်ခဲ့တာပါ။

အရေးကြီး ပုဂ္ဂိုလ်များ ဧည့်ခန်းမှာ လေဆိပ်ဝန်ထမ်းတွေက သမ္မတ Rajapaksa ရဲ့ နိုင်ငံကူး လက်မှတ်ကို တံဆိပ်ထုပေးဖို့ ငြင်းဆိုခဲ့ကြပြီး သမ္မတကလည်း လေဆိပ် သာမန် အကောက်ခွန် စစ်ဆေးမှုကို မဖြတ်လိုတာကြောင့် အခုလို တားမြစ်ခံရတာ ဖြစ်ကြောင်း သတင်းတွေက ဖော်ပြကြတာပါ။

သမ္မတ Rajapaksa ရဲ့ စစ်တပ်တွင်းက မဟာမိတ်တွေက သူနဲ့ သူ့မိသားစုဝင်တွေကို ရေတပ် ကင်းလှည့်ယာဉ်နဲ့ နိုင်ငံခြားကို ပို့ဆောင်ပေးနိုင်ရေး ဆွေးနွေးခဲ့ကြတ်ယလို့လည်း ကာကွယ်ရေးဘက်က ထိပ်တန်း သတင်းရင်းမြစ် တခုကို ကိုးကားပြီး ပြင်သစ် သတင်းအေဂျင်စီက ဖော်ပြပါတယ်။

လူဦးရေ ၂၂ သန်း ရှိတဲ့ သီရိလကာၤ နိုင်ငံမှာ အကြွေးပိနေပြီး ကမ ္ဘာ့ဈေးကွက်ကနေ အခြေခံ ကုန်စည်တွေ ဝယ်ဖို့ မတတ်နိုင် ဖြစ်နေပါတယ်။ လူတွေ ထမင်းနပ် မမှန်တော့သလို စက်သုံးဆီ ရရှိရေး အတွက်လည်း နာရီနဲ့ချီ တန်းစီ စောင့်ဆိုင်းနေကြရတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

စီးပွားရေးနဲ့ နိုင်ငံရေး ပြိုလဲလာနေတဲ့ အချိန်မှာဘဲ သီရိလကာၤ လွှတ်တော် အမတ်တွေကတော့ နောက်သီတင်းပတ် အတွင်းမှာဘဲ သမ္မတသစ် ရွေးချယ်ရေး သဘောတူလိုက်ကြပါပြီ။ ဒါပေမယ့်လည်း ပြသနာမျိုးစုံ ကိုင်တွယ်နေရတဲ့ နိုင်ငံမှာ အစိုးရသစ် တရပ် ဖွဲ့စည်းရေးကိုတော့ မဆုံးဖြတ်ရ သေးပါဘူး။

ဗုဒ္ဓဟူးနေ့မှာ နုတ်ထွက်မယ်လို့ ခန့်မှန်းထားတဲ့ သမ္မတ Rajapaksa ကို အစားထိုးဖို့ အတွက် ဇူလိုင်လ ၂၀ ရက်နေ့မှာ သမ္မတသစ် ရွေးမယ့်အကြောင်း လွှတ်တော် အမတ်တွေက ပြောပါတယ်။ ဝန်ကြီးချုပ် Ranil Wickremesinghe ကတော့ အစိုးရသစ် ဖွဲ့ပြီးရင် နုတ်ထွက်ဖို့ သဘောတူထားပြီး ဖြစ်ပါတယ်။

##








XS
SM
MD
LG