[[ ZAWGYI / UNICODE ]]
သီရိလကာၤ စီးပြားေရး အက်ပ္အတည္းေၾကာင့္ ဆင္းရဲသူေတြ အထိနာ
လူဦးေရ ၂၂ သန္းရွိတဲ့ သီရိလကၤာႏုိင္ငံမွာ စီးပြါးေရး အက်ပ္အတည္းေတြနဲ႔ ႏုိင္ငံေရး မတည္ၿငိမ္မႈေတြပို ဆိုးရြားလာတာတဲ့အတြက္ ဆင္းရဲမြဲေတမႈ သတ္မွတ္အဆင့္ေအာက္ေရာက္သြားတဲ့ လူဦးေရ ၁၀ ရာခုိင္ႏႈန္းေက်ာ္ ရွိတယ္လို႔ ကၽြမ္းက်င္သူေတြကေျပာပါတယ္။
အလုပ္အကိုင္ ဆုံးရႈံးတာ၊ က်န္းမာေရးေစာင့္ေရွာက္မႈ မရတာနဲ႔ စားနပ္ရိကၡာ မလုံေလာက္တဲ့အေျခအေနနဲ႔ ရင္ဆိုင္ေနရသူေတြလည္း သန္းခ်ီရွိတယ္လို႔ ေျပာပါတယ္။ စီးပြါးေရးအက်ပ္အတည္းေၾကာင့္ လူေတြ အာဟာရ အျပည့္အ၀မရၾကေတာ့သလို အေျခခံလိုအပ္ခ်က္ေတြလည္း မျဖည့္ဆည္းႏုိင္ေတာ့ဘူးလို႔ ကမၻာ့ဘဏ္ေျပာခြင့္ရသူက VOA ကိုေျပာပါတယ္။
ဧၿပီလက ထြက္လာတဲ့ အစီရင္ခံစာအရ သီရိလကၤာႏုိင္ငံရဲ ႔ ေငြေၾကးေဖာင္းပြမႈ ၄၆ ရာခိုင္ႏႈန္းရွိၿပီး ကုန္ေစ်းႏႈန္းေတြ တရွိန္ထိုးတက္လာတာေၾကာင့္ ၀င္ေငြနည္း ျပည္သူအေတာ္မ်ားမ်ားတို႔ရဲ ႔၀င္ေငြက စားဖို႔ေသာက္ဖို႔ေတာင္မေလာက္ေတာ့ပါဘူး။ ၂၀၂၂ နဲ႔ ၂၀၂၃ ခုႏွစ္အတြင္း စီးပါြးေရး အေျခေအနအရ လာမယ့္ႏွစ္အတြင္း ဆင္းရဲမြဲေတမႈအဆင့္က ၂၂ % ထိ ေရာက္သြားႏုိင္တယ္လို႔လည္း ကမၻာ့ဘဏ္ေျပာခြင့္ရသူက ခန္႔မွန္းပါတယ္။
သီရိလကၤာႏုိင္ငံမွာ ႏုိင္ငံျခားအရံေငြ ျပတ္လပ္ၿပီး ေလာင္စာဆီအပါအ၀င္ အေျခခံ လိုအပ္ခ်က္ကုန္စည္ေတြ ျပည္ပက ၀ယ္ယူတင္သြင္းဖို႔ အခက္အခဲေတြနဲ႔ ႀကဳ ံေနရတာျဖစ္ပါတယ္။ ကိုဗစ္ကပ္ေရာဂါဂယက္ေၾကာင့္ အက်ိဳးအျမတ္မ်ားလွတဲ့ ကမၻာ့လွည့္ခရီးသြား လုပ္ငန္းလည္း အထိနာေနရၿပီး ၂၀၁၉ ခုႏွစ္က ၀င္ေငြ ၅.၆ ဘၤီလီယံရွိခဲ့ရာက ၂၀၂၀ ခုႏွစ္မွေတာ့ ၁.၀၈ ဘီလီယံထိ က်ဆင္းသြားပါတယ္။
စီးပါြးေရးအက်ပ္အတည္းေၾကာင့္ ႏုိင္ငံေရးအရပါ မတည္မၿငိမ္ျဖစ္လာၿပီး သမၼတ Gotabaya Rajapaksa ႏုတ္ထြက္ေပးေရး ဆႏၵျပလူငယ္ေတြ သမၼတအိမ္ေတာ္ေရွ႔မွာ ဆႏၵျပေနတာ ရက္ေပါင္း ၅၀ ေက်ာ္ပါၿပီ။ ႏုိင္ငံစီးပြါးေရး စိန္ေခၚခ်က္ေတြကို ေျဖရွင္းဖို႔ ျပည္ပႏုိင္ငံေတြဆီက အကူအညီေတာင္းခံထားတဲ့ သီိရီလကၤာအစိုးရက ႏုိင္ငံတကာေငြေၾကးရံပုံေငြအဖြဲ ႔ IMF ဆီကလည္း ေဒၚလာ ၃ ဘီလီယံ ေခ်းေငြခ်ေပးဖို႔ ေတာင္းဆိုထားပါတယ္။
============================
{{ UNICODE }}
သီရိလကာၤ စီးပွားရေး အကျပ်အတည်းကြောင့် ဆင်းရဲသူတွေ အထိနာ
လူဦးရေ ၂၂ သန်းရှိတဲ့ သီရိလင်္ကာနိုင်ငံမှာ စီးပွါးရေး အကျပ်အတည်းတွေနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေပို ဆိုးရွားလာတာတဲ့အတွက် ဆင်းရဲမွဲတေမှု သတ်မှတ်အဆင့်အောက်ရောက်သွားတဲ့ လူဦးရေ ၁၀ ရာခိုင်နှုန်းကျော် ရှိတယ်လို့ ကျွမ်းကျင်သူတွေကပြောပါတယ်။
အလုပ်အကိုင် ဆုံးရှုံးတာ၊ ကျန်းမာရေးစောင့်ရှောက်မှု မရတာနဲ့ စားနပ်ရိက္ခာ မလုံလောက်တဲ့အခြေအနေနဲ့ ရင်ဆိုင်နေရသူတွေလည်း သန်းချီရှိတယ်လို့ ပြောပါတယ်။ စီးပွါးရေးအကျပ်အတည်းကြောင့် လူတွေ အာဟာရ အပြည့်အဝမရကြတော့သလို အခြေခံလိုအပ်ချက်တွေလည်း မဖြည့်ဆည်းနိုင်တော့ဘူးလို့ ကမ္ဘာ့ဘဏ်ပြောခွင့်ရသူက VOA ကိုပြောပါတယ်။
ဧပြီလက ထွက်လာတဲ့ အစီရင်ခံစာအရ သီရိလင်္ကာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှု ၄၆ ရာခိုင်နှုန်းရှိပြီး ကုန်ဈေးနှုန်းတွေ တရှိန်ထိုးတက်လာတာကြောင့် ဝင်ငွေနည်း ပြည်သူအတော်များများတို့ရဲ့ဝင်ငွေက စားဖို့သောက်ဖို့တောင်မလောက်တော့ပါဘူး။ ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်အတွင်း စီးပါွးရေး အခြေအေနအရ လာမယ့်နှစ်အတွင်း ဆင်းရဲမွဲတေမှုအဆင့်က ၂၂ % ထိ ရောက်သွားနိုင်တယ်လို့လည်း ကမ္ဘာ့ဘဏ်ပြောခွင့်ရသူက ခန့်မှန်းပါတယ်။
သီရိလင်္ကာနိုင်ငံမှာ နိုင်ငံခြားအရံငွေ ပြတ်လပ်ပြီး လောင်စာဆီအပါအဝင် အခြေခံ လိုအပ်ချက်ကုန်စည်တွေ ပြည်ပက ဝယ်ယူတင်သွင်းဖို့ အခက်အခဲတွေနဲ့ ကြု ံနေရတာဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါဂယက်ကြောင့် အကျိုးအမြတ်များလှတဲ့ ကမ္ဘာ့လှည့်ခရီးသွား လုပ်ငန်းလည်း အထိနာနေရပြီး ၂၀၁၉ ခုနှစ်က ဝင်ငွေ ၅.၆ င်္ဘီလီယံရှိခဲ့ရာက ၂၀၂၀ ခုနှစ်မှတော့ ၁.၀၈ ဘီလီယံထိ ကျဆင်းသွားပါတယ်။
စီးပါွးရေးအကျပ်အတည်းကြောင့် နိုင်ငံရေးအရပါ မတည်မငြိမ်ဖြစ်လာပြီး သမ္မတ Gotabaya Rajapaksa နုတ်ထွက်ပေးရေး ဆန္ဒပြလူငယ်တွေ သမ္မတအိမ်တော်ရှေ့မှာ ဆန္ဒပြနေတာ ရက်ပေါင်း ၅၀ ကျော်ပါပြီ။ နိုင်ငံစီးပွါးရေး စိန်ခေါ်ချက်တွေကို ဖြေရှင်းဖို့ ပြည်ပနိုင်ငံတွေဆီက အကူအညီတောင်းခံထားတဲ့ သီရီလင်္ကာအစိုးရက နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ IMF ဆီကလည်း ဒေါ်လာ ၃ ဘီလီယံ ချေးငွေချပေးဖို့ တောင်းဆိုထားပါတယ်။