သီရိလကၤာမွာ ဆနၵျပလူငယ္ကိုယ္စားလွယ္ေတြကို အုပ္ခ်ဳပ္ေရးမွာ ပါဝင္ခြင္႔ေပးမည္
{{Zawgyi/Unicode}}
သီရိလကၤာႏိုင္ငံမွာ စီးပြါးေရး ယိုယြင္းပ်က္ျပားမႈကေန ၾကံဳလာရတဲ့ ႏိုင္ငံေရးျပႆနာကို အေျဖရွာဖို႔ အတြက္ အစိုးရကို ဆႏၵျပေနၾကတဲ့ လူငယ္လူရြယ္ေတြ ႏိုင္ငံေရးျပဳျပင္ေျပာင္းလဲမႈမွာ အစိတ္အပိုင္း တခုအေနနဲ႔ ပါဝင္ၾကဖို႔ သီရိလကၤာ ဝန္ႀကီးခ်ဳပ္သစ္ Ranil Wickremesinghe က တနဂၤေႏြေန႔မွာ ပန္ၾကားလိုက္ပါတယ္။
လက္ရွိစံနစ္မွာ အေျပာင္းအလဲေတြ လုပ္ဖို႔ လူငယ္ေတြကို ဖိတ္ေခၚေနပါတယ္။ သူတို႔ဟာ လက္ရွိျပႆနာကို သိခ်င္ေနၾကတာပါ။ ဒါေၾကာင့္ ေကာ္မတီ ၁၅ ခုမွာ တခုကို လူငယ္ကိုယ္စားလွယ္ ၄ ေယာက္စီ ခန္႔ထားဖို႔ အဆိုျပဳပါတယ္။ တေယာက္ကို လူငယ္လႊတ္ေတာ္က ခန္႔အပ္မွာျဖစ္ၿပီး က်န္ ၃ ေယာက္ကေတာ့ ဆႏၵျပတဲ့အဖြဲ႔ေတြနဲ႔ တျခား တက္ႂကြလႈပ္ရွားတဲ့ အဖြဲ႔ေတြက ျဖစ္မယ္ လို႔ ေျပာပါတယ္
သီရိလကၤာႏိုင္ငံမွာ စီးပြါးေရးအေျခေန အဆိုးဝါးဆံုးျဖစ္လာတာဟာ သမၼတ Gotabaya Rajapaksa နဲ႔ သူ႔မိသားစုဝင္ေတြ ေၾကာင့္ ျဖစ္ေၾကာင္း လူထုက စြပ္စြဲၿပီး သမၼတႏႈတ္ထြက္ေပးဖို႔ ေတာင္း ဆိုေနတာ ရက္ေပါင္း ၅၀ ေက်ာ္လာၿပီျဖစ္ၿပီး ဆႏၵျပသူ အမ်ားစုက လူငယ္ေတြ ျဖစ္ပါတယ္။
မၾကာေသးခင္ကမွ အသစ္ခန္႔ခဲ့တဲ့ ဝန္ႀကီးခ်ဳပ္ Ranil Wickremesinghe ကေတာ့ စီးပြါးေရးျပန္လည္ဦးေမာ့လာေစဖို႔ IMF ႏိုင္ငံတကာ ေငြေၾကးရံပံုေငြအဖြဲ႕နဲ႔ ၫွိႏိႈင္း ေဆာင္ရြက္ေနသလို ႏိုင္ငံေရး ျပဳျပင္မႈေတြလုပ္ဖို႔ပါ ကတိေပးထားတာပါ။ အခု အဆိုျပဳတင္သြင္းထားတဲ့ ဖြဲ႔စည္းပံု အေျခခံဥပေဒျပင္ဆင္မႈေတြအရ သမၼတရဲ႕အာဏာကို ေလွ်ာ့ခ်ၿပီး လႊတ္ေတာ္က လုပ္ပိုင္ခြင့္ ပိုရမွာ ျဖစ္ေၾကာင္း ဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။
ဒါ့အျပင္ အုပ္ခ်ဳပ္မႈကလည္း က႑အသီးသီးကို ႀကီးၾကပ္တဲ့ လႊတ္ေတာ္ေကာ္မတီေတြ ကေနတဆင့္ ျဖစ္လာမွာေၾကာင့္ ပိုမိုက်ယ္ျပန္႔လာမွာ ျဖစ္ေၾကာင္းလည္း ႏိုင္ငံကိုေျပာၾကားခဲ့တာ ျဖစ္ၿပီး ဒါဟာ လႊတ္ေတာ္အမတ္ေတြ၊ လူငယ္ေတြနဲ႔ ကြ်မ္းက်င္ပညာရွင္ေတြ အတူတကြ လက္တြဲလုပ္ေဆာင္ႏိုင္မယ့္ အေျခေနလည္း ျဖစ္ေၾကာင္း ေျပာပါတယ္။
......................................................
သီရိလင်္ကာမှာ ဆန္ဒပြလူငယ်ကိုယ်စားလှယ်တွေကို အုပ်ချုပ်ရေးမှာ ပါဝင်ခွင့်ပေးမည်
{{Zawgyi/Unicode}}
သီရိလင်္ကာနိုင်ငံမှာ စီးပွါးရေး ယိုယွင်းပျက်ပြားမှုကနေ ကြုံလာရတဲ့ နိုင်ငံရေးပြဿနာကို အဖြေရှာဖို့ အတွက် အစိုးရကို ဆန္ဒပြနေကြတဲ့ လူငယ်လူရွယ်တွေ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုမှာ အစိတ်အပိုင်း တခုအနေနဲ့ ပါဝင်ကြဖို့ သီရိလင်္ကာ ဝန်ကြီးချုပ်သစ် Ranil Wickremesinghe က တနင်္ဂနွေနေ့မှာ ပန်ကြားလိုက်ပါတယ်။
လက်ရှိစံနစ်မှာ အပြောင်းအလဲတွေ လုပ်ဖို့ လူငယ်တွေကို ဖိတ်ခေါ်နေပါတယ်။ သူတို့ဟာ လက်ရှိပြဿနာကို သိချင်နေကြတာပါ။ ဒါကြောင့် ကော်မတီ ၁၅ ခုမှာ တခုကို လူငယ်ကိုယ်စားလှယ် ၄ ယောက်စီ ခန့်ထားဖို့ အဆိုပြုပါတယ်။ တယောက်ကို လူငယ်လွှတ်တော်က ခန့်အပ်မှာဖြစ်ပြီး ကျန် ၃ ယောက်ကတော့ ဆန္ဒပြတဲ့အဖွဲ့တွေနဲ့ တခြား တက်ကြွလှုပ်ရှားတဲ့ အဖွဲ့တွေက ဖြစ်မယ် လို့ ပြောပါတယ်
သီရိလင်္ကာနိုင်ငံမှာ စီးပွါးရေးအခြေနေ အဆိုးဝါးဆုံးဖြစ်လာတာဟာ သမ္မတ Gotabaya Rajapaksa နဲ့ သူ့မိသားစုဝင်တွေ ကြောင့် ဖြစ်ကြောင်း လူထုက စွပ်စွဲပြီး သမ္မတနှုတ်ထွက်ပေးဖို့ တောင်း ဆိုနေတာ ရက်ပေါင်း ၅၀ ကျော်လာပြီဖြစ်ပြီး ဆန္ဒပြသူ အများစုက လူငယ်တွေ ဖြစ်ပါတယ်။
မကြာသေးခင်ကမှ အသစ်ခန့်ခဲ့တဲ့ ဝန်ကြီးချုပ် Ranil Wickremesinghe ကတော့ စီးပွါးရေးပြန်လည်ဦးမော့လာစေဖို့ IMF နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့နဲ့ ညှိနှိုင်း ဆောင်ရွက်နေသလို နိုင်ငံရေး ပြုပြင်မှုတွေလုပ်ဖို့ပါ ကတိပေးထားတာပါ။ အခု အဆိုပြုတင်သွင်းထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်မှုတွေအရ သမ္မတရဲ့အာဏာကို လျှော့ချပြီး လွှတ်တော်က လုပ်ပိုင်ခွင့် ပိုရမှာ ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။
ဒါ့အပြင် အုပ်ချုပ်မှုကလည်း ကဏ္ဍအသီးသီးကို ကြီးကြပ်တဲ့ လွှတ်တော်ကော်မတီတွေ ကနေတဆင့် ဖြစ်လာမှာကြောင့် ပိုမိုကျယ်ပြန့်လာမှာ ဖြစ်ကြောင်းလည်း နိုင်ငံကိုပြောကြားခဲ့တာ ဖြစ်ပြီး ဒါဟာ လွှတ်တော်အမတ်တွေ၊ လူငယ်တွေနဲ့ ကျွမ်းကျင်ပညာရှင်တွေ အတူတကွ လက်တွဲလုပ်ဆောင်နိုင်မယ့် အခြေနေလည်း ဖြစ်ကြောင်း ပြောပါတယ်။