သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 ဌာနေတိုင်းရင်းသားတွေအပေါ် ကက်သလစ်ကျောင်း ကျူးလွန်ခဲ့မှု ပုပ်ရဟန်းမင်းကြီး တောင်းပန်မည်


Reuters exclusive interview with Pope Francis at the Vatican
Reuters exclusive interview with Pope Francis at the Vatican

ပုပ်ရဟန်းမင်းကြီး Francis ကနေဒါနိုင်ငံကို တနင်္ဂနွေနေ့မှာရောက်ရှိလာပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ကက်လလစ်ခရစ်ယာန်ဘုရားကျောင်းက ဦးစီးဖွင့်လှစ်တဲ့ စာသင်ကျောင်းတွေမှာ အနိုင်ကျင့်ခံခဲ့ရတဲ့ ဌာနေတိုင်းရင်းသားတွေကို ပုပ်ရဟန်းမင်းကြီး လူတွေ့ တောင်းပန်မယ်လို့လည်း ခန့်မှန်းရပါတယ်။

ဌာနေတိုင်းရင်းသားတွေအပေါ် ကက်သလစ်ကျောင်း ကျူးလွန်ခဲ့မှု ပုပ်ရဟန်းမင်းကြီး တောင်းပန်မည်

{{Zawgyi/Unicode}}
ပုပ်ရဟန်းမင်းကြီး Francis ကနေဒါနိုင်ငံကို တနင်္ဂနွေနေ့မှာရောက်ရှိလာပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ကက်လလစ်ခရစ်ယာန်ဘုရားကျောင်းက ဦးစီးဖွင့်လှစ်တဲ့ စာသင်ကျောင်းတွေမှာ အနိုင်ကျင့်ခံခဲ့ရတဲ့ ဌာနေတိုင်းရင်းသားတွေကို ပုပ်ရဟန်းမင်းကြီး လူတွေ့ တောင်းပန်မယ်လို့လည်း ခန့်မှန်းရပါတယ်။

ကမ္ဘာတဝှမ်း ကက်သလစ်ဘာသာဝင် ၁.၃ ဘီလီယံတို့ရဲ့ အကြီးအကဲ ဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးကို ကနေဒါဝန်ကြီးချုပ် Justin Trudeau က Edmonton နိုင်ငံတကာလေဆိပ်မှာ လာရောက်ကြိုဆိုခဲ့သလို ဌာနေတိုင်းရင်းသားတွေက သူတို့ရိုးရာစည်တွေတီးပြီး အခမ်းအနားနဲ့ကြိုဆိုခဲ့ကြပါတယ်။

အီတလီနိုင်ငံ ရောမမြို့ကနေ ကနေဒါနိုင်ငံကို လေယာဉ်နဲ့ ၁၀ နာရီကြာပျံသန်းလာတဲ့ အသက် ၈၅ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီးအတွက်တော့ ၂၀၁၉ ခုနှစ်နောက်ပိုင်း အရှည်ကြာဆုံးခရီးစဉ်လည်းဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီး Francis မှာ ဒူးနာရောဂါခံစားနေရတဲ့အပြင် သွားလာတဲ့အခါ တုတ်ကောက်၊ ဒါမှမဟုတ် ဘီးတပ်ကုလားထိုင်ကို အားကိုးပြီး သွားလာနေရတာဖြစ်ပါတယ်။

ကလေးတွေ အနိုင်ကျင့်ခံရတဲ့ကိစ္စမှာ ကက်သလစ်ခရစ်ယာန်ဘုရားကျောင်းရဲ့ အခန်းကဏ္ဍကို အမှန်အတိုင်းဖော်ထုတ်ပြီး ပြန်လည်ပေါင်းစည်းရေး ဆောင်ရွက်နေတဲ့ ကော်မရှင်က အဲဒီဖြစ်ရပ်တွေကို “cultural genocide” ယဉ်ကျေးမှု ပျက်သုန်းစေတဲ့ကိစ္စ ဆိုပြီး ခေါ်ဆိုထားပါတယ်။

၁၈၀၀ နဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ကနေဒါအစိုးရက ဌာနေတိုင်းရင်းသား ကလေးငယ်ပေါင်း ၁ သိန်းခွဲလောက်ကို သူတို့ရဲ့ မိသားစု၊ ဘာသာစကားနဲ့ယဉ်ကျေးမှုတွေနဲ့ ဝေးရာ ကက်သလစ် စာသင်ကျောင်းပေါင်း ၁၃၉ ခုဆီကို ပို့ခဲ့တာဖြစ်ပါတယ်။ကျောင်းအုပ်တွေနဲ့ ဆရာတွေက အဲဒီကလေးအများစုကို ရုပ်ပိုင်းဆိုင်ရာတင်မက လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခဲ့ကြတာဖြစ်ပါတယ်။ ရောဂါကူးစက်ခံရတာ၊ အာဟာရချို့တဲ့တာနဲ့ လျစ်လ ျှူရှုခံရတာကြောင့် ဌာနေတိုင်းရင်းသားကလေးငယ် ထောင်နဲ့ချီတဲ့ သေဆုံးခဲ့ရတယ်လို့လည်း ယုံကြည်ထားကြကြောင်း AFP သတင်းတရပ်မှာရေးသားထားပါတယ်။

တိုက်ရိုက် လင့်ခ်

..................................................


{{Zawgyi/Unicode}}





XS
SM
MD
LG