သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာေတြအတြက္ ကန္ စာနာမႈအကူ ေဒၚလာ သန္း ၁၇၀ ေက်ာ္ေပးမည္


အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ဝက္ဘ္ဆိုဒ္ စာမ်က္ႏွာ ( ၂၂ စက္တင္ဘာ ၂၀၂၂ )

[[ ZAWGYI / UNICODE ]]

႐ိုဟင္ဂ်ာေတြအတြက္ ကန္ စာနာမႈအကူ ေဒၚလာ သန္း ၁၇၀ ေက်ာ္ေပးမည္

ျမန္မာႏိုင္ငံနဲ႔ အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ႏိုင္ငံ အပါအဝင္ ျပည္တြင္း၊ ျပည္ပက ႐ိုဟင္ဂ်ာေတြအတြက္ လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီအျဖစ္ ေနာက္ထပ္ ေဒၚလာသန္း ၁၇၀ ေက်ာ္ေပးအပ္မယ့္အေၾကာင္း အေမရိကန္က ေၾကညာလိုက္ပါတယ္။

အခုေနာက္ဆုံး ေပးအပ္မယ့္ အကူအညီနဲ႔ပါဆိုရင္ ႐ိုဟင္ဂ်ာ ၇ သိန္း ၄ ေသာင္းေက်ာ္ ဘဂၤလားေဒ့ရွ္ႏိုင္ငံကို ထြက္ေျပးခဲ့ရတဲ့ ၂၀၁၇ ခုႏွစ္ ၾသဂုတ္လကစလို႔ အေမရိကန္က ေထာက္ပံ့ေနတာ ၁.၉ ဘီလီယံနီးပါး ရွိေနၿပီလို႔လည္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က ၾကာသပေတးေန႔ ထုတ္ျပန္ခ်က္မွာ ေျပာဆိုခဲ့တာပါ။

ေနာက္ထပ္ အကူအညီထဲက ေဒၚလာ ၉၃ သန္းေက်ာ္ကို အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနကတဆင့္ ေပးအပ္မွာျဖစ္ၿပီး၊ ၇၇ သန္းေက်ာ္ကိုေတာ့ အေမရိကန္ ႏိုင္ငံတကာ အကူအညီေပးေရး ေအဂ်င္စီ (USAID) ကတဆင့္ ေပးအပ္မွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

အကူအညီေပးမယ့္အထဲက ၁၃၈ သန္း နီးပါးကိုေတာ့ လူမ်ိဳးတုန္းရွင္းလင္းမႈနဲ႔ လူသားထုအေပၚ က်ဳးလြန္တဲ့ ရာဇဝတ္မႈေတြ၊ လူမ်ိဳးေပ်ာက္ေအာင္ ရွင္းလင္းမႈေတြကေန အသက္မေသ လြတ္ေျမာက္လာသူေတြ အပါအဝင္ ဘဂၤလားေဒ့ရွ္ေရာက္ ႐ိုဟင္ဂ်ာဒုကၡသည္ ၉ သိန္း ၄ ေသာင္းေက်ာ္နဲ႔ အိမ္ရွင္ ဘဂၤလားေဒ့ရွ္ႏိုင္ငံက ေဒသခံ လူမႈအသိုင္းအဝိုင္းအတြက္ သုံးစြဲသြားမွာ ျဖစ္ေၾကာင္းလည္း ဝန္ႀကီးဘလင္ကန္က ေၾကညာခ်က္မွာ ေျပာဆိုထားတာပါ။

ျမန္မာအာဏာပိုင္ေတြနဲ႔ စစ္တပ္ကေတာ့ လူမ်ိဳးတုန္းေအာင္ ရွင္းလင္းဖို႔ လုပ္ခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြကို ျငင္းဆန္ထားၿပီး၊ ႐ိုဟင္ဂ်ာအစြန္းေရာက္ေတြရဲ႕ တိုက္ခိုက္မႈကို တုံ႔ျပန္တဲ့ နယ္ေျမရွင္းလင္းတဲ့ စစ္ဆင္ေရးေတြအျဖစ္ ေျပာဆိုထားပါတယ္။ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး ဘလင္ကန္ကေတာ့ ျမန္မာႏိုင္ငံက အၾကမ္းဖက္မႈဒဏ္ ခံရသူေတြနဲ႔ ေနရပ္စြန႔္ၾကရသူေတြအတြက္ လူသားခ်င္းစာနာမႈဆိုင္ရာ တုံ႔ျပန္မႈေတြ၊ အားေပးကူညီမႈေတြ အရွိန္ျမႇင့္ၾကဖို႔လည္း တိုက္တြန္းခဲ့တာပါ။

ဒုကၡသည္မ်ားဆိုင္ရာ ကုလသမဂၢ မဟာမင္းႀကီး႐ုံး (UNHCR) ကေတာ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြအတြက္ ရန္ပုံေငြ ေဒၚလာသန္း ၁ ေထာင္ေလာက္ ရရွိႏိုင္ဖို႔ ေမွ်ာ္လင့္ထားေၾကာင္း ေမလမွာ က်င္းပခဲ့တဲ့ အလႉရွင္အစည္းအေဝးမွာ ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

==================

{{ UNICODE }}

ရိုဟင်ဂျာတွေအတွက် ကန် စာနာမှုအကူ ဒေါ်လာ သန်း ၁၇၀ ကျော်ပေးမည်

မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ အပါအဝင် ပြည်တွင်း၊ ပြည်ပက ရိုဟင်ဂျာတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအဖြစ် နောက်ထပ် ဒေါ်လာသန်း ၁၇၀ ကျော်ပေးအပ်မယ့်အကြောင်း အမေရိကန်က ကြေညာလိုက်ပါတယ်။

အခုနောက်ဆုံး ပေးအပ်မယ့် အကူအညီနဲ့ပါဆိုရင် ရိုဟင်ဂျာ ၇ သိန်း ၄ သောင်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လကစလို့ အမေရိကန်က ထောက်ပံ့နေတာ ၁.၉ ဘီလီယံနီးပါး ရှိနေပြီလို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ကြာသပတေးနေ့ ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့တာပါ။

နောက်ထပ် အကူအညီထဲက ဒေါ်လာ ၉၃ သန်းကျော်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကတဆင့် ပေးအပ်မှာဖြစ်ပြီး၊ ၇၇ သန်းကျော်ကိုတော့ အမေရိကန် နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီ (USAID) ကတဆင့် ပေးအပ်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

အကူအညီပေးမယ့်အထဲက ၁၃၈ သန်း နီးပါးကိုတော့ လူမျိုးတုန်းရှင်းလင်းမှုနဲ့ လူသားထုအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုတွေ၊ လူမျိုးပျောက်အောင် ရှင်းလင်းမှုတွေကနေ အသက်မသေ လွတ်မြောက်လာသူတွေ အပါအဝင် ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည် ၉ သိန်း ၄ သောင်းကျော်နဲ့ အိမ်ရှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒေသခံ လူမှုအသိုင်းအဝိုင်းအတွက် သုံးစွဲသွားမှာ ဖြစ်ကြောင်းလည်း ဝန်ကြီးဘလင်ကန်က ကြေညာချက်မှာ ပြောဆိုထားတာပါ။

မြန်မာအာဏာပိုင်တွေနဲ့ စစ်တပ်ကတော့ လူမျိုးတုန်းအောင် ရှင်းလင်းဖို့ လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆန်ထားပြီး၊ ရိုဟင်ဂျာအစွန်းရောက်တွေရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်တဲ့ နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးတွေအဖြစ် ပြောဆိုထားပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ကတော့ မြန်မာနိုင်ငံက အကြမ်းဖက်မှုဒဏ် ခံရသူတွေနဲ့ နေရပ်စွန့်ကြရသူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်မှုတွေ၊ အားပေးကူညီမှုတွေ အရှိန်မြှင့်ကြဖို့လည်း တိုက်တွန်းခဲ့တာပါ။

ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) ကတော့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ရန်ပုံငွေ ဒေါ်လာသန်း ၁ ထောင်လောက် ရရှိနိုင်ဖို့ မျှော်လင့်ထားကြောင်း မေလမှာ ကျင်းပခဲ့တဲ့ အလှူရှင်အစည်းအဝေးမှာ ပြောဆိုထားပါတယ်။

XS
SM
MD
LG