သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားနယ်စပ် ပစ်ခတ်မှုတွေအတွက် စစ်ကောင်စီနဲ့ AA အပြန်အလှန်စွပ်စွဲ 



မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသမှာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တဲ့အထိ လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်နေတဲ့အပေါ် မြန်မာစစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့ အပြန်အလှန် စွပ်စွဲနေကြပါတယ်။

ဘင်္ဂလားနယ်စပ် ပစ်ခတ်မှုတွေအတွက် စစ်ကောင်စီနဲ့ AA အပြန်အလှန်စွပ်စွဲ

{{Zawgyi/Unicode}}
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသမှာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တဲ့အထိ လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်နေတဲ့အပေါ် မြန်မာစစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့ အပြန်အလှန် စွပ်စွဲနေကြပါတယ်။

တနင်္လာနေ့ကပဲ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်း က ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး Manjural Karim Khan Chowdhury ကို ခေါ်ယူပြီး မြန်မာလုံခြုံရေးတပ်ဖွဲ့တွေမှာ တာဝန်မရှိကြောင်း ပြောခဲ့ပါတယ်။ AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ ARSA ရိုဟင်ဂျာ အစွန်းရောက်အဖွဲ့တွေက နယ်စပ်ဒေသက မြန်မာရဲကင်းစခန်းတွေကို တိုက်ခိုက်ခဲ့ရာ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေဟာ ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲ ကျရောက်ခဲ့ကြောင်း ရှင်းပြခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ထားတာပါ။

ဒုက္ခသည်တဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့တဲ့ ဖြစ်ရပ် အပါအဝင် မကြာသေးခင်က ပဋိပက္ခတွေအတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်ကို လက်နက်ကြီးကျည် ကျရောက်မှုတွေကြောင့် မြန်မာသံအမတ်ကြီးကို ဆက်တိုက်ဆိုသလို ဆင့်ခေါ်ကန့်ကွက်ခဲ့ပြီးနောက် တနင်္လာနေ့က မြန်မာနိုင်ငံခြားရေးဌာနက ဘင်္ဂလား သံအမတ်ကြီးကို ခေါ်ယူ ရှင်းလင်းခဲ့တာလည်း ဖြစ်ပါတယ်။

AA အဖွဲ့ ပြောခွင့်ရ ခိုင်သုခ ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ လက်နက်ကြီး ကျရောက်မှုတွေဟာ စစ်ကောင်စီက စွပ်စွဲထားသလို မဟုတ်ဘဲ၊ မြန်မာစစ်တပ်ရဲ့ လက်ချက်အဖြစ် တနင်္လာနေ့က အွန်လိုင်းကနေ တုံ့ပြန်ခဲ့တာပါ။

“ ဒီကိစ္စတွေ မဖြစ်ဖို့ဆိုရင် မြန်မာစစ်တပ်ကို လက်နက်ကြီးတွေနဲ့ စည်းမရှိ ကမ်းမရှိ မပစ်နိုင်အောင် နိုင်ငံတကာအနေနဲ့ ဝိုင်းဝန်းပြီးတော့ ထိန်းချုပ်ဖို့လိုပါတယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံကို လက်နက်ရောင်းနေတဲ့ နိုင်ငံတွေကို မြန်မာနိုင်ငံကို လက်နက်မရောင်းဖို့ လိုသလို အိမ်နီးနားချင်းနိုင်ငံတွေ အနေနဲ့လည်း စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီးတော့ ဝိုင်းပြီး ထိန်းကျောင်းဖို့လိုတယ်”

ဘင်္ဂလားဒေ့ရှ် နိုင်ငံကတော့ မြန်မာစစ်လေယာဉ်တွေ လေပိုင်နက်ကို ကျုးကျော် ဝင်ရောက်မှုတွေနဲ့ လက်နက်ကြီးကျည် ကျရောက်တာတွေ ရှိခဲ့ကြောင်း အစောပိုင်းမှာလည်း ကန့်ကွက်ခဲ့တာပါ။

နယ်စပ်ဒေသက ဖြစ်ရပ်တွေအပေါ် ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ စိုးရိမ်မှုတွေနဲ့ ပတ်သက်လို့ အာဆီယံ တာဝန်ရှိသူတွေကို အကြောင်းကြားထားတယ်လို့လည်း ဘင်္ဂလားဒေ့ရှ် သတင်းတွေက ဖော်ပြနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

......................................................................


{{Zawgyi/Unicode}}







XS
SM
MD
LG