Zawgyi
ရုရားနဲ့ယူကရိန်းနှစ်စ်ဘက်စလုံးအနေနဲ့ စစ်ပွဲကိုပိုမိုပြန့်နှံပြီးထိခိုက်အောင်မလုပ်ဖို့ နဲ့ သံတမန်ရေးအရဆွေးနွေး ဖြေရှင်းကြဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ရီကကုလ သမဂ္ဂအထွေထွေညီလာခံမှာစနေနေ့ကပြောဆိုလိုက်ပါတယ်။
သူ့ရဲ့မဟာမိတ်လို့သတ်မှတ်ထားတဲ့ရုရှားအပေါ်ထောက်ခံနေတာကို ရုတ်တရက်ရပ်ဆိုင်းလိုက်ပြီး အခုလိုပြောဆိုလိုက် တာပါ။
ဒီအကြပ်အတည်းကိုပိုမိုကျယ်ပြန်လာအောင်မလုပ်ကြဖို့နဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့အကျိုးစီးပွားနဲ့ တရားဝင်အခွင့်အရေး တွေကိုကာကွယ်ကြဖို့ ပါဝင်ပတ်သက်နေသူတွေအားလုံးကိုတရုတ်နိုင်ငံခြားရေးဝန်ကြီးကတိုက်တွန်းလိုက်ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ပြဿနာတွေကိုဖြေရှင်းဖို့ မျှတပြီးလက်တွေကျတဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေလိုအပ်တယ်လို့လည်း သူကပြောဆိုခဲ့ပါတယ်။
ယူကရိန်းပြဿနာကိုငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့ ဘယ်လိုလုပ်ဆောင်မှုမျိုးကိုမဆိုတရုတ်အနေနဲ့ အားပေးထောက်ခံ သွားမှာဖြစ်ပြီး၊ ငြိမ်းချမ်းရေးအတွက်ဆွေးနွေးပြောဆိုကြဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီကတိုက်တွန်းသွားပါတယ်။
ဒါ့အပြင်ကုလသမဂ္ဂကိုရောက်ရှိနေတဲ့တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီဟာ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba နဲ့သီးခြားတွေဆုံခဲ့ပါတယ်၊ ဒါဟာ ရုရှားကယူကရိန်းကိုစတင်ကျူးကျော်ခဲ့ပြီးနောက်ပထမဆုံးအကြိမ် တွေ့ဆုံတာဖြစ်ပါတယ်။
Unicode