သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တ႐ုတ္ႏိုင္ငံျခားေရး၀န္ႀကီး ထိုင္းအစိုးရ ေခါင္းေဆာင္ေတြနဲ႔ ေတြ႕ဆုံ


Photo: Thailand Government Spokesman's Office via AP

(Zawgyi / Unicode)

ျမန္မာႏိုင္ငံမွာ စစ္ေကာင္စီက ကမကထလုပ္ က်င္းပတဲ့ မဲေခါင္ေဒသတြင္း ႏိုင္ငံျခားေရးဝန္ႀကီးေတြရဲ႕အစည္းအေဝးကို တက္ေရာက္ခဲ့တဲ့ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး Wang Yi ဟာ အဂၤါေန႔မွာ ထိုင္းႏိုင္ငံကို ခရီးဆက္ခဲ့ၿပီး ထိုင္းဝန္ႀကီးခ်ဳပ္ Prayuth Chan-ocha နဲ႔ေရာ ထိုင္းႏိုင္ငံျခားေရးဝန္ႀကီး Don Pramudwinai နဲ႔ပါ ဘန္ေကာက္မွာ ေတြ႕ဆံုေဆြးေႏြးခဲ့ပါတယ္။

ထိုင္းနဲ႔ တ႐ုတ္တို႔ၾကား စီးပြါးေရးနဲ႔ ဆိုက္ဘာလံုျခံဳေရးကိစၥေတြ အပါအဝင္ က႑စံုမွာ ပူးေပါင္းေဆာင္ရြက္ေရးတိုးႁမွင့္ ဖို႔ ရည္ရြယ္ထားေၾကာင္း ၂ ႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီးေတြက ေဆြးေႏြးပြဲအၿပီး ပူးတြဲျပဳလုပ္တဲ ့သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

တ႐ုတ္ႏိ္ုင္ငံဟာ လာအိုနဲ႔ ထိုင္းႏိုင္ငံေတြနဲ႔အတူ ၃ ႏိုင္ငံၾကား ရထားလမ္းေတြနဲ႔ ဆက္သြယ္ထားတဲ့ အထူးစီးပြါးေရးစၾကၤန္တခု တည္ေဆာက္ေရး အတြက္ စီစဥ္ေနေၾကာင္းနဲ႔ ဒီလမ္းေၾကာင္းဟာ တ႐ုတ္ႏိုင္ငံေတာင္ပိုင္း ေစ်းကြက္ေတြကို ဒီ ၂ ႏိုင္ငံနဲ႔ ဆက္သြယ္ေစၿပီး ဥေရာပအထိ ပါ ေရာက္ႏိုင္ေစဖို႔လုပ္ေဆာင္မွာ ျဖစ္ေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးက ေျပာပါတယ္။

သူ႔ရဲ႕ အေရွ႕ေတာင္အာရွ ၅ ႏိုင္ငံခရီးစဥ္ အတြင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဟာ ထိုင္းႏိုင္ငံအျပင္ အင္ဒိုနီးရွား၊ ဖိလစ္ပိုင္နဲ႔ မေလးရွား ႏိုင္ငံေတြကိုလည္း သြားေရာက္မွာ ျဖစ္ပါတယ္။

ယူနက္စကိုရဲ႕ ကမာၻ႔အေမြအႏွစ္ေနရာ တခုျဖစ္တဲ့ ပုဂံမွာ က်င္းပတဲ့ LMC မဲေခါင္ လန္ခ်န္း အစည္းေဝးမွာ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဟာ ျမန္မာ၊ လာအို၊ ထိုင္း၊ ကေမာၻဒီးယားနဲ႔ ဗီယက္နမ္ ႏိုင္ငံေတြက တက္ေရာက္လာတဲ့ ႏိုင္ငံျခားေရးဝန္ႀကီးေတြနဲ႔လည္း ေတြ႕ဆံုေဆြးေႏြးခဲ့တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

တရုတ်နိုင်ငံခြားရေးဝန်ကြီး ထိုင်းအစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ

မြန်မာနိုင်ငံမှာ စစ်ကောင်စီက ကမကထလုပ် ကျင်းပတဲ့ မဲခေါင်ဒေသတွင်း နိုင်ငံခြားရေးဝန်ကြီးတွေရဲ့အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ဟာ အင်္ဂါနေ့မှာ ထိုင်းနိုင်ငံကို ခရီးဆက်ခဲ့ပြီး ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha နဲ့ရော ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai နဲ့ပါ ဘန်ကောက်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ထိုင်းနဲ့ တရုတ်တို့ကြား စီးပွါးရေးနဲ့ ဆိုက်ဘာလုံခြုံရေးကိစ္စတွေ အပါအဝင် ကဏ္ဍစုံမှာ ပူးပေါင်းဆောင်ရွက်ရေးတိုးမြှင့် ဖို့ ရည်ရွယ်ထားကြောင်း ၂ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေက ဆွေးနွေးပွဲအပြီး ပူးတွဲပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

တရုတ်နိုင်ငံဟာ လာအိုနဲ့ ထိုင်းနိုင်ငံတွေနဲ့အတူ ၃ နိုင်ငံကြား ရထားလမ်းတွေနဲ့ ဆက်သွယ်ထားတဲ့ အထူးစီးပွါးရေးစင်္ကြန်တခု တည်ဆောက်ရေး အတွက် စီစဉ်နေကြောင်းနဲ့ ဒီလမ်းကြောင်းဟာ တရုတ်နိုင်ငံတောင်ပိုင်း ဈေးကွက်တွေကို ဒီ ၂ နိုင်ငံနဲ့ ဆက်သွယ်စေပြီး ဥရောပအထိ ပါ ရောက်နိုင်စေဖို့လုပ်ဆောင်မှာ ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

သူ့ရဲ့ အရှေ့တောင်အာရှ ၅ နိုင်ငံခရီးစဉ် အတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ ထိုင်းနိုင်ငံအပြင် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ မလေးရှား နိုင်ငံတွေကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။

ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်နေရာ တခုဖြစ်တဲ့ ပုဂံမှာ ကျင်းပတဲ့ LMC မဲခေါင် လန်ချန်း အစည်းဝေးမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ် နိုင်ငံတွေက တက်ရောက်လာတဲ့ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG