သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်အစိုးရ ရပ်တည်ချက်ကြောင့် မြန်မာ့အရေး အာဆီယံကြိုးပမ်းမှု ထိခိုက်မှာ အကဲခတ်တွေစိုးရိမ်


[[ ZAWGYI / UNICODE ]]

တရုတ်အစိုးရ ရပ်တည်ချက်ကြောင့် မြန်မာ့အရေး အာဆီယံကြိုးပမ်းမှု ထိခိုက်မှာ အကဲခတ်တွေစိုးရိမ်

တရုတ် နိုင်ငံခြားရေး ဝန်ကြီး Wang Yi ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ကြောင့် အရှေ့တောင် အာရှ နိုင်ငံများ အသင်း အာဆီယံရဲ့ မြန်မာ့အရေး ကြိုးပမ်းမှုတွေကို ထိခိုက်မှာ စိုးရိမ်နေကြောင်း South China Morning Post က ဖော်ပြပါတယ်။

မြန်မာ့အကျပ်အတည်းပြသနာကို ဖြေရှင်းရာမှာ စစ်ကောင်စီရဲ့ အစီအစဉ်ကို ထောက်ခံရေးနဲ့ ပုံမှန်ပြန်ဆက်ဆံဖို့ အာဆီယံကို ဖိအားပေးတာတွေ ရှိတယ်လို့လည်း အကဲခတ်တွေရဲ့ ပြောကြားချက်ကို ကိုးကားဖော်ပြထားတာပါ။

မဲခေါင်ဒေသတွင်း နိုင်ငံများရဲ့ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက တရုတ်က ပူးတွဲ ဦးဆောင် ကျင်းပခဲ့တာမှာ တရုတ် နိုင်ငံခြားရေး ဝန်ကြီး Wang Yi တက်ရောက်ခဲ့တာပါ။

ပုဂံမှာ ကျင်းပတဲ့ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေးကို တရုတ်နိုင်ငံမှာ ကျင်းပမယ်ဆိုရင် ဖြစ်နိုင်ပေမဲ့ မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ အချက်ကိုလည်း အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျူက မြန်မာဆိုင်ရာ ညွှန်ကြားရေးမှူး Jason Tower က ထောက်ပြထားပါတယ်။

အစည်းအဝေးကို တရုတ်နိုင်ငံခြားရေးဝန်ကြီး အပါအဝင် ဒေသတွင်းနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေတက်ရောက် တာဟာ မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ အစိုးရကိုအသိအမှတ်ပြုတာဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက အစည်းအဝေး မတိုင်ခင်မှာ ပြောဆိုထားတာပါ။

ဒါပေမဲ့လည်း စစ်အာဏာသိမ်းပြီး နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ စနေနေ့က ရောက်ရှိလာတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ လူသိရှင်ကြား တွေ့ဆုံမှုတော့ မရှိပါဘူး။

တိုက်ရိုက် လင့်ခ်

============

{{ UNICODE }}








XS
SM
MD
LG