သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အပစ္ရပ္ေၾကညာထားတဲ့ ႐ုရွားက ယူကရိန္းကို ဆက္လက္တိုက္ခိုက္


Plumes of smoke rise from a Russian strike during a 36-hour cease-fire over Orthodox Christmas declared by Russian President Vladimir Putin, as Russia's attack on Ukraine continues, from the frontline Donbas city of Bakhmut, Ukraine, Jan. 7, 2023.

[[ ZAWGYI ]]

အပစ္ရပ္ေၾကညာထားတဲ့ ႐ုရွားက ယူကရိန္းကို ဆက္လက္တိုက္ခိုက္

Orthodox ခရစ္ယန္ေတြရဲ႕ ခရစၥမတ္ အခါသမယမွာ ၃၆ နာရီၾကာ အပစ္ရပ္ဖို႔ ယူကရိန္းက်ဴးေက်ာ္စစ္ ဆင္ႏႊဲေနတဲ့ ႐ုရွားသမၼတ Vladimir Putin က အမိန႔္ထုတ္ထားေပမယ့္လည္း ယူကရိန္းအေရွ႕ပိုင္း Donetsk ဒြန္းညက္ေဒသက Bakhmut ဘတ္ခ္မြတ္ၿမိဳ႕မွာ စေနေန႔က လက္နက္ႀကီးေတြနဲ႔ အပစ္ခတ္ ခံခဲ့ရတယ္လို႔ ယူကရိန္းစစ္ဦးစီးခ်ဳပ္ရဲ႕ ေျပာခြင့္ရ Oleksandr Shtupun အလဲ့ဇန္းဒါးစူပြန္းက ေျပာပါတယ္။

လြန္ခဲ့တဲ့ ၂၄ နာရီအတင္း ႐ုရွားတပ္ေတြက မစ္ဇိုင္းဒုံးနဲ႔ တိုက္ခိုက္သလို ေရာ့ကက္ေတြနဲ႔ တိုက္ခိုက္မႈကလည္း အႀကိမ္ ၂၀ ေလာက္ ရွိပါတယ္။ ယူကရိန္းႏိုင္ငံတလႊားမွာ ေဝဟင္ကေရာ မစ္ဇိုင္းဒုံး တိုက္ခိုက္မႈေတြ ခံေနရပါတယ္။ Donetsk ေဒသတခုလုံးကို သူတို႔ သိမ္းဖို႔ ႀကိဳးစားေနတာျဖစ္ၿပီး Bakhmut ဘက္ကို ထိုးစစ္ဆင္ေနတာပါ။

႐ုရွားတပ္ေတြဟာ လူဦးေရ ၇ ေသာင္းေလာက္ အရင္က ေနခဲ့တဲ့ ခရာမာ-ေတာ့စ္ Kramatorsk ၿမိဳ႕ဘက္ကိုလည္း လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ေနတယ္လို႔ အဲဒီေဒသမွာ ေရာက္ေနတဲ့ လူသားစာနာမႈ အကူညီေပးေရးအဖြဲ႕ဝင္တဦးက ေျပာပါတယ္။

႐ုရွားက ေရွ႕တန္းစစ္မ်က္ႏွာ တဒါဇင္ေလာက္မွာ လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ေနတယ္လို႔ ယူကရိန္းစစ္ဦးစီးခ်ဳပ္က ေျပာေပမယ့္ ႐ုရွားကေတာ့ သူတို႔ဟာ ယူကရိန္းဘက္က ပစ္ခတ္မႈကို တုန႔္ျပန္တာသာျဖစ္ေၾကာင္း ေျပာပါတယ္။

တခ်ိန္တည္းမွာပဲ ယူကရိန္းစစ္ပြဲ အေရးႀကီးခ်ိန္ ေရာက္ေနၿပီလို႔ အေမရိကန္သမၼတက ေျပာဆိုၿပီး ယူကရိန္းကို အဆင့္ျမင့္ သံခ်ပ္ကာကား အပါအဝင္ ေဒၚလာဘီလ်ံခ်ီ မႀကဳံစဖူး အမ်ားဆုံး စစ္ေရးအကူအညီေတြ ေပးသြားမယ့္အေၾကာင္း ေၾကညာထားတာပါ။

တိုက္႐ိုက္ လင့္ခ္

{{ UNICODE }}

အပစ်ရပ်ကြေညာထားတဲ့ ရုရှားက ယူကရိန်းကို ဆက်လက်တိုက်ခိုက်

Orthodox ခရစ်ယန်တွေရဲ့ ခရစ္စမတ် အခါသမယမှာ ၃၆ နာရီကြာ အပစ်ရပ်ဖို့ ယူကရိန်းကျူးကျော်စစ် ဆင်နွှဲနေတဲ့ ရုရှားသမ္မတ Vladimir Putin က အမိန့်ထုတ်ထားပေမယ့်လည်း ယူကရိန်းအရှေ့ပိုင်း Donetsk ဒွန်းညက်ဒေသက Bakhmut ဘတ်ခ်မွတ်မြို့မှာ စနေနေ့က လက်နက်ကြီးတွေနဲ့ အပစ်ခတ် ခံခဲ့ရတယ်လို့ ယူကရိန်းစစ်ဦးစီးချုပ်ရဲ့ ပြောခွင့်ရ Oleksandr Shtupun အလဲ့ဇန်းဒါးစူပွန်းက ပြောပါတယ်။

လွန်ခဲ့တဲ့ ၂၄ နာရီအတင်း ရုရှားတပ်တွေက မစ်ဇိုင်းဒုံးနဲ့ တိုက်ခိုက်သလို ရော့ကက်တွေနဲ့ တိုက်ခိုက်မှုကလည်း အကြိမ် ၂၀ လောက် ရှိပါတယ်။ ယူကရိန်းနိုင်ငံတလွှားမှာ ဝေဟင်ကရော မစ်ဇိုင်းဒုံး တိုက်ခိုက်မှုတွေ ခံနေရပါတယ်။ Donetsk ဒေသတခုလုံးကို သူတို့ သိမ်းဖို့ ကြိုးစားနေတာဖြစ်ပြီး Bakhmut ဘက်ကို ထိုးစစ်ဆင်နေတာပါ။

ရုရှားတပ်တွေဟာ လူဦးရေ ၇ သောင်းလောက် အရင်က နေခဲ့တဲ့ ခရာမာ-တော့စ် Kramatorsk မြို့ဘက်ကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ အဲဒီဒေသမှာ ရောက်နေတဲ့ လူသားစာနာမှု အကူညီပေးရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ရုရှားက ရှေ့တန်းစစ်မျက်နှာ တဒါဇင်လောက်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ယူကရိန်းစစ်ဦးစီးချုပ်က ပြောပေမယ့် ရုရှားကတော့ သူတို့ဟာ ယူကရိန်းဘက်က ပစ်ခတ်မှုကို တုန့်ပြန်တာသာဖြစ်ကြောင်း ပြောပါတယ်။

တချိန်တည်းမှာပဲ ယူကရိန်းစစ်ပွဲ အရေးကြီးချိန် ရောက်နေပြီလို့ အမေရိကန်သမ္မတက ပြောဆိုပြီး ယူကရိန်းကို အဆင့်မြင့် သံချပ်ကာကား အပါအဝင် ဒေါ်လာဘီလျံချီ မကြုံစဖူး အများဆုံး စစ်ရေးအကူအညီတွေ ပေးသွားမယ့်အကြောင်း ကြေညာထားတာပါ။

XS
SM
MD
LG