သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကိုဗစ္ကန႔္သတ္မႈ ေဝဖန္တဲ့ Weibo အေကာင့္ ၁၀၀၀ ေက်ာ္ အေရးယူခံရ


[[ ZAWGYI ]]

ကိုဗစ္ကန႔္သတ္မႈ ေဝဖန္တဲ့ Weibo အေကာင့္ ၁၀၀၀ ေက်ာ္ အေရးယူခံရ

တ႐ုတ္ႏိုင္ငံမွာ တင္းၾကပ္တဲ့ ကိုဗစ္ကန႔္သတ္မႈေတြ ေျဖေလွ်ာ့ေပးလိုက္ခ်ိန္မွာပဲ တ႐ုတ္အစိုးရရဲ႕ ကိုဗစ္အေရး ကိုင္တြယ္မႈကို ေဝဖန္ေရးသားတဲ့ လူမႈကြန္ယက္ မီဒီယာအေကာင့္(၁,၀၀၀)ေက်ာ္ကို ပိတ္ပစ္တာ ဒါမွမဟုတ္ ယာယီ ရပ္ဆိုင္းပစ္တာေတြ လုပ္လိုက္ပါတယ္။

ေဆးပညာဆိုင္ရာ ကြၽမ္းက်င္သူေတြ၊ ပညာရွင္ေတြနဲ႔ က်န္းမာေရး လုပ္သားေတြအေပၚ တိုက္ခိုက္တဲ့ ေရးသားမႈ အပါအဝင္ စည္းမ်ဥ္း ခ်ိဳးေဖါက္တဲ့ အေကာင့္(၁၃,၀၀၀) နီးပါးကို တ႐ုတ္ႏိုင္ငံတြင္း လူသုံးမ်ားတဲ့ Sina Weibo ေဝဘို လူမႈကြန္ယက္ကုမၸဏီက သတိေပးခဲ့ၿပီးေနာက္ Weibo account (၁,၁၀၀)ေက်ာ္ကို ယာယီ ဒါမွမဟုတ္ အၿမဲတမ္း သုံးခြင့္မရွိေအာင္ ပိတ္ပစ္လိုက္ေၾကာင္း Weibo က ေျပာပါတယ္။

တ႐ုတ္အစိုးရက ေဆးပညာရွင္ အသိုင္းအဝိုင္းရဲ႕ အႀကံေပးခ်က္ေတြေပၚမူတည္ၿပီး သူ႔ရဲ႕တင္းၾကပ္တဲ့ ကိုဗစ္ထိန္းခ်ဳပ္ႏိုင္ေရး အျပင္မထြက္ရအမိန႔္ ထုတ္ျပန္တာ၊ သီးျခားခြဲၿပီး ေနထိုင္ခိုင္းတာ၊ ကိုဗစ္ ရွိမရွိ လူအစုအၿပဳံလိုက္ စမ္းသပ္ စစ္ေဆးခိုင္းေနရာကေန ၿပီးခဲ့တဲ့လတုန္းက ဒီထိန္းခ်ဳပ္မႈ အားလုံးနီးပါးကို ေျဖေလွ်ာ့ေပးလိုက္တဲ့ေနာက္ ႏိုင္ငံတြင္း ကိုဗစ္ကူးစက္မႈ တဟုန္ထိုး ျမင့္တက္လာတာပါ။ တ႐ုတ္အစိုးရဟာ သူ႔အေပၚ တိုက္႐ိုက္ေဝဖန္မႈေရာ ၊ လြတ္လပ္စြာ ေရးသားေျပာဆိုမႈကိုပါ ခြင့္ျပဳေလ့ မရွိပါဘူး။

တရားမဝင္တဲ့ ေရးသားေဖၚျပမႈေတြနဲ႔ ေကာလဟလ ျဖစ္ေစမယ့္ အေၾကာင္းအရာေတြကို သူတို႔ ကုမၸဏီအေနနဲ႔ ဆက္လက္ ရွာေဖြ ေဖၚထုတ္ၿပီး အေရးယူသြားမွာ ျဖစ္တယ္လို႔လည္း ၾကာသပေတးေန႔က ထုတ္ျပန္တဲ့ Weibo ရဲ႕ ေၾကညာခ်က္မွာ ေဖၚျပပါတယ္။

တ႐ုတ္ႏွစ္သစ္ကူးကာလ နီးလာခ်ိန္မွာပဲ တ႐ုတ္ႏိုင္ငံတြင္း ကိုဗစ္ကူးစက္မႈ ျမင့္တက္ေနၿပီး အဓိကၿမိဳ႕ႀကီးေတြက ေဆး႐ုံေတြမွာ ကိုဗစ္လူနာေတြနဲ႔ ျပည့္ေနတာပါ။ ႏိုင္ငံတကာ ေလယာဥ္ခရီးစဥ္ေတြ ေလွ်ာ့ခ်ထားေပမဲ့ ျပည္တြင္း ရထားနဲ႔ ေလေၾကာင္း ခရီးစဥ္ေတြကေတာ့ အရင္ ႏွစ္သစ္ကူးကာလထက္ စာရင္ ဒီႏွစ္မွာ ၂ ဆေလာက္ သြားလာၾကမယ္လို႔ အာဏာပိုင္ေတြက ခန႔္မွန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

{{ UNICODE }}

ကိုဗစ်ကန့်သတ်မှု ဝေဖန်တဲ့ Weibo အကောင့် ၁၀၀၀ ကျော် အရေးယူခံရ

တရုတ်နိုင်ငံမှာ တင်းကြပ်တဲ့ ကိုဗစ်ကန့်သတ်မှုတွေ ဖြေလျှော့ပေးလိုက်ချိန်မှာပဲ တရုတ်အစိုးရရဲ့ ကိုဗစ်အရေး ကိုင်တွယ်မှုကို ဝေဖန်ရေးသားတဲ့ လူမှုကွန်ယက် မီဒီယာအကောင့်(၁,၀၀၀)ကျော်ကို ပိတ်ပစ်တာ ဒါမှမဟုတ် ယာယီ ရပ်ဆိုင်းပစ်တာတွေ လုပ်လိုက်ပါတယ်။

ဆေးပညာဆိုင်ရာ ကျွမ်းကျင်သူတွေ၊ ပညာရှင်တွေနဲ့ ကျန်းမာရေး လုပ်သားတွေအပေါ် တိုက်ခိုက်တဲ့ ရေးသားမှု အပါအဝင် စည်းမျဉ်း ချိုးဖေါက်တဲ့ အကောင့်(၁၃,၀၀၀) နီးပါးကို တရုတ်နိုင်ငံတွင်း လူသုံးများတဲ့ Sina Weibo ဝေဘို လူမှုကွန်ယက်ကုမ္ပဏီက သတိပေးခဲ့ပြီးနောက် Weibo account (၁,၁၀၀)ကျော်ကို ယာယီ ဒါမှမဟုတ် အမြဲတမ်း သုံးခွင့်မရှိအောင် ပိတ်ပစ်လိုက်ကြောင်း Weibo က ပြောပါတယ်။

တရုတ်အစိုးရက ဆေးပညာရှင် အသိုင်းအဝိုင်းရဲ့ အကြံပေးချက်တွေပေါ်မူတည်ပြီး သူ့ရဲ့တင်းကြပ်တဲ့ ကိုဗစ်ထိန်းချုပ်နိုင်ရေး အပြင်မထွက်ရအမိန့် ထုတ်ပြန်တာ၊ သီးခြားခွဲပြီး နေထိုင်ခိုင်းတာ၊ ကိုဗစ် ရှိမရှိ လူအစုအပြုံလိုက် စမ်းသပ် စစ်ဆေးခိုင်းနေရာကနေ ပြီးခဲ့တဲ့လတုန်းက ဒီထိန်းချုပ်မှု အားလုံးနီးပါးကို ဖြေလျှော့ပေးလိုက်တဲ့နောက် နိုင်ငံတွင်း ကိုဗစ်ကူးစက်မှု တဟုန်ထိုး မြင့်တက်လာတာပါ။ တရုတ်အစိုးရဟာ သူ့အပေါ် တိုက်ရိုက်ဝေဖန်မှုရော ၊ လွတ်လပ်စွာ ရေးသားပြောဆိုမှုကိုပါ ခွင့်ပြုလေ့ မရှိပါဘူး။

တရားမဝင်တဲ့ ရေးသားဖေါ်ပြမှုတွေနဲ့ ကောလဟလ ဖြစ်စေမယ့် အကြောင်းအရာတွေကို သူတို့ ကုမ္ပဏီအနေနဲ့ ဆက်လက် ရှာဖွေ ဖေါ်ထုတ်ပြီး အရေးယူသွားမှာ ဖြစ်တယ်လို့လည်း ကြာသပတေးနေ့က ထုတ်ပြန်တဲ့ Weibo ရဲ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။

တရုတ်နှစ်သစ်ကူးကာလ နီးလာချိန်မှာပဲ တရုတ်နိုင်ငံတွင်း ကိုဗစ်ကူးစက်မှု မြင့်တက်နေပြီး အဓိကမြို့ကြီးတွေက ဆေးရုံတွေမှာ ကိုဗစ်လူနာတွေနဲ့ ပြည့်နေတာပါ။ နိုင်ငံတကာ လေယာဉ်ခရီးစဉ်တွေ လျှော့ချထားပေမဲ့ ပြည်တွင်း ရထားနဲ့ လေကြောင်း ခရီးစဉ်တွေကတော့ အရင် နှစ်သစ်ကူးကာလထက် စာရင် ဒီနှစ်မှာ ၂ ဆလောက် သွားလာကြမယ်လို့ အာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။

XS
SM
MD
LG