သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဂ်ပန္၀န္ႀကီးခ်ဳပ္ ဥေရာပခရီးစဥ္စတင္


ဂ်ပန္ဝန္ႀကီးခ်ဳပ္ဖူမီယိုကီရွီဒါနဲ႔ ဂ်ပန္အစိုးရအဖြဲ႔ဝင္ေတြကို ၂၀၂၃ခုႏွစ္က ဇန္နဝါရီလ ၄ရက္ေန႔က ဂ်ပန္ႏိုင္ငံ အီေစၿမိဳ႕ဘုရားေက်ာင္းမွာ ေတြ႔ရစဥ္

ဂ်ပန္၀န္ႀကီးခ်ဳပ္ ဖူမီယို ကီရွီဒါ (Fumio Kishida) ဟာ အေနာက္အုပ္စုက အေရးပါတဲ့ မဟာမိတ္ႏိုင္ငံေတြကို သြားေရာက္မယ့္ သီတင္းတပတ္ၾကာ ခရီးစဥ္ကို ဒီကေန႔ ဇန္နဝါရီလ ၉ ရက္ေန႔မွာ စတင္လိုက္ပါတယ္။ ေဒသတြင္း ၾသဇာႀကီးထြားလာေနတဲ့ တ႐ုတ္ႏိုင္ငံကို တန္ျပန္ႏိုင္ေရးအတြက္ ဂ်ပန္က ဒုတိယ ကမာၻစစ္ေနာက္ပိုင္း အႀကီးမားဆုံး စစ္ေရးတိုးခ်ဲ႕တည္ေဆာက္မယ့္အစီအစဥ္ကို ထုတ္ေဖာ္ ေျပာဆိုအၿပီးမွာ ဥေရာပခရီးစဥ္ ထြက္လာတာ ျဖစ္ပါတယ္။

G-7 စက္မႈအင္အားႀကီး ၇ ႏိုင္ငံရဲ႕ အလွည့္က်ဥကၠ႒အျဖစ္နဲ႔ ေမလမွာ ထိပ္သီးစည္းေ၀းပြဲ လက္ခံက်င္းပဖို႔ရွိေနတဲ့ ဂ်ပန္၀န္ႀကီးခ်ဳပ္ဟာ အေမရိကန္၊ ၿဗိတိန္၊ ျပင္သစ္၊ အီတလီနဲ႔ ကေနဒါႏိုင္ငံေတြက ေခါင္းေဆာင္ေတြနဲ႔ ေတြ႕ဆုံမွာ ျဖစ္ပါတယ္။ ေတြ႕ဆုံမႈေတြအတြင္း စီးပြားေရး၊ လုံျခံဳေရးနဲ႔ တပိုင္းလွ်ပ္ကူးပစၥည္းေတြကိစၥကေန ယူကရိန္းစစ္ပြဲ၊ ႏ်ဴကလီးယားလက္နက္ပိုင္ဆိုင္ထားၾကတဲ့ တ႐ုတ္၊ ေျမာက္ကိုရီးယားတို႔နဲ႔ ဆက္ဆံေရး တင္းမာလာေနတဲ့ အေၾကာင္းအရာေတြ ပါ၀င္ပါမယ္။

အခုႏွစ္အတြက္ G-7 အဖြဲ႔ရဲ႕ေခါင္းေဆာင္ႏိုင္ငံအျဖစ္နဲ႔ ဂ်ပန္ဘက္က စဥ္းစားထားတဲ့အေၾကာင္းအရာေတြကို ထပ္မံ အတည္ျပဳသြားမွာ ျဖစ္သလို၊ အေမရိကန္ျပည္ေထာင္စုပတ္သက္လို႔ ႏွစ္ႏိုင္ငံအၾကား ပူးေပါင္း ေဆာင္ရြက္မႈေတြ တိုးျမင့္ေဆာင္ရြက္တာ၊ အင္ဒို-ပစိဖိတ္ေဒသကို လြတ္လပ္ ပြင့္လင္းတဲ့ေဒသအျဖစ္ တည္ရွိေနေစေရး ဘယ္လို ေဆာင္ရြက္ၾကမယ္ဆိုတာေတြကို ေဆြးေႏြးသြားမွာ ျဖစ္ပါတယ္လို႔ ၀န္ႀကီးခ်ဳပ္ကီရွီဒါက ေျပာပါတယ္။

ျပင္သစ္ႏိုင္ငံကို ဒီကေန႔ ေရာက္ေနတဲ့ ၀န္ႀကီးခ်ဳပ္ကီရွီဒါကို ျပင္သစ္သမၼတ အီမန္ႏ်ဴရယ္ မက္ခရြန္ (Emmanuel Macron) က မြမ္းမံ ျပင္ဆင္ေနတဲ့ ႏိုထရာဒမ္ (Notre Dame) သမိုင္း၀င္ ဘုရားေက်ာင္းကို လိုက္လံ ျပသမွာျဖစ္ၿပီး ႏွစ္ႏိုင္ငံဆက္ဆံေရး တိုးျမင့္ေဆာင္ရြက္ၾကမယ့္ကိစၥေတြကို ေဆြးေႏြးၾကမွာျဖစ္ပါတယ္။

ဂ်ပန္၀န္ႀကီးခ်ဳပ္ ဥေရာပခရီးစဥ္စတင္
please wait

No media source currently available

0:00 0:01:04 0:00
တိုက္႐ိုက္ လင့္ခ္

===========================================

[Unicode]

ဂျပန်ဝန်ကြီးချုပ် ဥရောပခရီးစဉ် စတင်

ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ (Fumio Kishida) ဟာ အနောက်အုပ်စုက အရေးပါတဲ့ မဟာမိတ်နိုင်ငံတွေကို သွားရောက်မယ့် သီတင်းတပတ်ကြာ ခရီးစဉ်ကို ဒီကနေ့ ဇန်နဝါရီလ ၉ ရက်နေ့မှာ စတင်လိုက်ပါတယ်။ ဒေသတွင်း သြဇာကြီးထွားလာနေတဲ့ တရုတ်နိုင်ငံကို တန်ပြန်နိုင်ရေးအတွက် ဂျပန်က ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံး စစ်ရေးတိုးချဲ့တည်ဆောက်မယ့်အစီအစဉ်ကို ထုတ်ဖော် ပြောဆိုအပြီးမှာ ဥရောပခရီးစဉ် ထွက်လာတာ ဖြစ်ပါတယ်။

G-7 စက်မှုအင်အားကြီး ၇ နိုင်ငံရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ်နဲ့ မေလမှာ ထိပ်သီးစည်းဝေးပွဲ လက်ခံကျင်းပဖို့ရှိနေတဲ့ ဂျပန်ဝန်ကြီးချုပ်ဟာ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ အီတလီနဲ့ ကနေဒါနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ တွေ့ဆုံမှုတွေအတွင်း စီးပွားရေး၊ လုံခြုံရေးနဲ့ တပိုင်းလျှပ်ကူးပစ္စည်းတွေကိစ္စကနေ ယူကရိန်းစစ်ပွဲ၊ နျူကလီးယားလက်နက်ပိုင်ဆိုင်ထားကြတဲ့ တရုတ်၊ မြောက်ကိုရီးယားတို့နဲ့ ဆက်ဆံရေး တင်းမာလာနေတဲ့ အကြောင်းအရာတွေ ပါဝင်ပါမယ်။

အခုနှစ်အတွက် G-7 အဖွဲ့ရဲ့ခေါင်းဆောင်နိုင်ငံအဖြစ်နဲ့ ဂျပန်ဘက်က စဉ်းစားထားတဲ့အကြောင်းအရာတွေကို ထပ်မံ အတည်ပြုသွားမှာ ဖြစ်သလို၊ အမေရိကန်ပြည်ထောင်စုပတ်သက်လို့ နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြင့်ဆောင်ရွက်တာ၊ အင်ဒို-ပစိဖိတ်ဒေသကို လွတ်လပ် ပွင့်လင်းတဲ့ဒေသအဖြစ် တည်ရှိနေစေရေး ဘယ်လို ဆောင်ရွက်ကြမယ်ဆိုတာတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်လို့ ဝန်ကြီးချုပ်ကီရှီဒါက ပြောပါတယ်။

ပြင်သစ်နိုင်ငံကို ဒီကနေ့ ရောက်နေတဲ့ ဝန်ကြီးချုပ်ကီရှီဒါကို ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron) က မွမ်းမံ ပြင်ဆင်နေတဲ့ နိုထရာဒမ် (Notre Dame) သမိုင်းဝင် ဘုရားကျောင်းကို လိုက်လံ ပြသမှာဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေး တိုးမြင့်ဆောင်ရွက်ကြမယ့်ကိစ္စတွေကို ဆွေးနွေးကြမှာဖြစ်ပါတယ်။

XS
SM
MD
LG