သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရွမ္းျပည္ေတာင္ပိုင္းေရာက္ စစ္ေဘးေရွာင္ေတြ အေရးေပၚအကူအညီလိုအပ္ေန


ရွမ္းျပည္က စစ္ေဘးေရွာင္ဒုကၡသည္မ်ား (ယခင္မွတ္တမ္း႐ုပ္ပံု)

ရွမ္းျပည္နယ္ေတာင္ပိုင္းမွာ စစ္ေျပးဒုကၡသည္ဦးေရဟာ ၃ ေသာင္းဝန္းက်င္ ရွိေနတယ္လို႔ အကူအညီေပးေနသူေတြက စာရင္းျပဳစုထားၾကပါတယ္။ စစ္ေရွာင္ကာလ ၂ ႏွစ္နီးပါး ၾကာလာခ်ိန္မွာ ရွမ္းျပည္နယ္ေတာင္ပိုင္းမွာ ခိုလႈံေနၾကတဲ့ အဲဒီ့ စစ္ေဘးဒုကၡသည္ေတြဟာ စားနပ္ရိကၡာအျပင္ ေနထိုင္ဖို႔နဲ႔ က်န္းမာေရးအတြက္ပါ အကူအညီေတြ အေတာ္ေလး လိုအပ္ေနတာပါ။ ဒီအေၾကာင္း သတင္းေပးပို႔ခ်က္ကို မျမသဇင္ေအာင္က တင္ျပေပးထားပါတယ္။

ရွမ္းျပည္နယ္ေတာင္ပိုင္းမွာ အနီးဝန္းက်င္မွာရွိတဲ့ ေက်း႐ြာေတြကေန စစ္ေရွာင္လာသူေတြအျပင္ ေနရပ္မျပန္ႏိုင္ေသးတဲ့ ကယားျပည္နယ္ ေဒသအေခၚ ကရင္နီျပည္က စစ္ေရွာင္သူေတြလည္း အခုခ်ိန္ထိ ရွိေနၾကပါတယ္။ တိုက္ပြဲေတြနည္းသြားေပမယ့္ လက္နက္ႀကီးက်ေရာက္မႈဒဏ္ကို စိုးရိမ္ၿပီး အိုးအိမ္ပစ္ ထပ္မံတိမ္းေရွာင္လာသူေတြလည္း ရွိပါတယ္။ အရင္ ရွိၿပီးသားစစ္ေရွာင္သူနဲ႔ အခုအသစ္ ထပ္ေရာက္လာသူေတြေၾကာင့္ စစ္ေျပးဒုကၡသည္ဦးေရဟာ ၃ ေသာင္းဝန္းက်င္ေလာက္အထိ ရွိေနၿပီလို႔ ကူညီေဆာင္႐ြက္သူေတြက ေျပာပါတယ္။

စစ္ေရွာင္သူေတြထဲမွာ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးေတြလည္း ပါဝင္ေနၿပီး အခ်ိန္ကာလၾကာျမင့္လာတာနဲ႔အမွ် ဒုကၡသည္ေတြအတြက္ ေနဖို႔ေနရာ၊ စားေသာက္ဖို႔ ရိကၡာအျပင္ တျခား လိုအပ္ခ်က္ေတြလည္း ရွိေနတယ္လို႔ ကူညီေပးေနသူတဦးက ေျပာပါတယ္။

"ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးေတြ စစ္ေရွာင္ကာလ ၾကာလာတဲ့အခါက်ေတာ့ ေဒသခံအလႉရွင္လည္း ပါးတဲ့အခါ၊ ႏိုင္ငံတကာလည္း အကန႔္အသတ္နဲ႔ လာရတဲ့အခါက်ေတာ့ ထိုက္သင့္သေလာက္ မေရာက္တဲ့အခါ အခက္အခဲရွိတယ္။ ေနာက္ၿပီးေတာ့ စစ္ေဘးေရွာင္ ၁ ႏွစ္ေက်ာ္လာတဲ့အခါ အိမ္သာေတာ္ေတာ္ အဆင္မေျပၾကဘူး။ ေသာက္သုံးေရကိစၥလည္း ေတာ္ေတာ္အဆင္မေျပ ျဖစ္လာတယ္။ ေနာက္တခုက သူတို႔ေနထိုင္တဲ့ အေဆာက္အဦးေတြက ယာယီပဲလုပ္ထားတဲ့ အခါက်ေတာ့ ဝါးနဲ႔လုပ္ေတာ့ အကုန္ေဆြးၿပီး ပိုးထိုးတာေတြ၊ ပ်က္စီးတာေတြ ရွိတယ္။ မိုးကာေတြဆိုရင္လည္း အေပါက္အၿပဲေတြ ရွိတဲ့ဟာရွိတယ္။ အဲဒါေၾကာင့္ ၂၀၂၃ မွာ စားနပ္ရိကၡာအျပင္ သူတို႔အတြက္ အိမ္သာေတြ၊ သူတို႔နားေနဖို႔ အေဆာင္ေတြ၊ အေဆာက္အဦးေလးေတြ ထပ္ၿပီးေတာ့ လုပ္ေပးဖို႔ေတာ့ လိုအပ္ခ်က္ေတာ္ေတာ္ ႀကီးႀကီးမားမားရွိတယ္ဗ်။"

၂၀၂၁ အာဏာသိမ္းမႈၿပီးတဲ့ေနာက္ တိုက္ပြဲေတြျဖစ္ရာကေန ေနအိမ္စြန႔္ၿပီး ေဘးလြတ္ရာဆီ ထြက္ေျပးလာၾက ရသူေတြပါ။ စစ္ေရွာင္ကာလ ၂ ႏွစ္နီးပါး ေရာက္လာခ်ိန္မွာေတာ့ အစကတည္းက လိုအပ္ခ်က္ေတြ ရွိေနတဲ့ ဒုကၡသည္ေတြမွာ ပိုၿပီးခက္ခဲလာပါတယ္။ ျပည္တြင္းအလႉရွင္အားလည္း အေတာ္လည္း နည္းလာတဲ့ အေနအထားပါ။

"ကုလသမဂၢ အဖြဲ႕အစည္းတို႔၊ ႏိုင္ငံတကာ INGO အဖြဲ႕အစည္းေတြက တခ်ိဳ႕အဖြဲ႕အစည္းေတြ ဆိုရင္ေတာ့ ေဒသတြင္းမွာ ပရဟိတလုပ္ေနတဲ့ အဖြဲ႕ေတြနဲ႔ အခ်ိတ္အဆက္ သိပ္မလုပ္ၾကဘူး။ သူတို႔က ဘာသြားျဖစ္လဲဆိုေတာ့ Procedure ေတြ၊ လုပ္ထုံးလုပ္နည္းေတြ ခ်ည္ေႏွာင္ထားတဲ့ အခါက်ေတာ့ ေဒသမွာလုပ္တဲ့ လူေတြနဲ႔ သူတို႔ရဲ႕ဟာနဲ႔က သြားၿပီးေတာ့ အဆင္မေျပဘူး။ အမွန္က ေဒသအဖြဲ႕အစည္းနဲ႔ ေဒသမွာရွိတဲ့သူနဲ႔ ေပါင္းလုပ္လိုက္ရင္ေတာ့ တခ်ိဳ႕ကိစၥေတြက အဆင္ေျပႏိုင္တယ္။ ၂၀၂၃ ေတာင္မွ အခုခ်ိန္ထိ ၂ လပိုင္း ေနာက္ပိုင္းဆိုရင္ေတာ့ WFP (ကမာၻ႕စားနပ္ရိကၡာအဖြဲ႔) ကေနတဆင့္ သူတို႔ ICRC ေပးေဝတာေပါ့။ သူတို႔ဆက္ မေဝဘူးဆိုရင္ေတာ့ စားနပ္ရိကၡာ အခက္အခဲရွိတယ္။"

ျမန္မာႏိုင္ငံတဝွမ္း လူေပါင္း ၁.၅ သန္းေက်ာ္ဟာ အိုးအိမ္မဲ့ျဖစ္ေနၿပီး၊ အဲဒီထဲက ၁.၁ သန္းေက်ာ္ဟာ စစ္တပ္အာဏာသိမ္းၿပီး ေနာက္ပိုင္းတိုးလာတဲ့ အေရအတြက္ျဖစ္တယ္လို႔ ကုလသမဂၢ လူသားခ်င္းစာနာမႈဆိုင္ရာ ညႇိႏႈိင္းေရးမႉး႐ုံး UNOCHA ရဲ႕ ေနာက္ဆုံးထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းထားတာ ၂ ႏွစ္နီးပါး ၾကာၿပီးတဲ့ေနာက္ ပဋိပကၡေတြနဲ႔ ေငြေၾကးေဖာင္းပြတာေတြေၾကာင့္ ပိုဆိုး႐ြားလာတဲ့ စီးပြားေရး အက်ပ္အတည္းဒဏ္ကို ျမန္မာျပည္သူေတြ ဆက္လက္ခံစား ေနၾကရတယ္လို႔လည္း UNOCHA က ေျပာထားပါတယ္။

========================================

[Unicode]

ရှမ်းပြည်တောင်ပိုင်းရောက် စစ်ဘေးရှောင်တွေ အရေးပေါ်အကူအညီလိုအပ်နေ

ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ပြေးဒုက္ခသည်ဦးရေဟာ ၃ သောင်းဝန်းကျင် ရှိနေတယ်လို့ အကူအညီပေးနေသူတွေက စာရင်းပြုစုထားကြပါတယ်။ စစ်ရှောင်ကာလ ၂ နှစ်နီးပါး ကြာလာချိန်မှာ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ခိုလှုံနေကြတဲ့ အဲဒီ့ စစ်ဘေးဒုက္ခသည်တွေဟာ စားနပ်ရိက္ခာအပြင် နေထိုင်ဖို့နဲ့ ကျန်းမာရေးအတွက်ပါ အကူအညီတွေ အတော်လေး လိုအပ်နေတာပါ။ ဒီအကြောင်း သတင်းပေးပို့ချက်ကို မမြသဇင်အောင်က ပြောပြမှာပါ။

ရှမ်းပြည်နယ်တောင်ပိုင်းမှာ အနီးဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေကနေ စစ်ရှောင်လာသူတွေအပြင် နေရပ်မပြန်နိုင်သေးတဲ့ ကယားပြည်နယ် ဒေသအခေါ် ကရင်နီပြည်က စစ်ရှောင်သူတွေလည်း အခုချိန်ထိ ရှိနေကြပါတယ်။ တိုက်ပွဲတွေနည်းသွားပေမယ့် လက်နက်ကြီးကျရောက်မှုဒဏ်ကို စိုးရိမ်ပြီး အိုးအိမ်ပစ် ထပ်မံတိမ်းရှောင်လာသူတွေလည်း ရှိပါတယ်။ အရင် ရှိပြီးသားစစ်ရှောင်သူနဲ့ အခုအသစ် ထပ်ရောက်လာသူတွေကြောင့် စစ်ပြေးဒုက္ခသည်ဦးရေဟာ ၃ သောင်းဝန်းကျင်လောက်အထိ ရှိနေပြီလို့ ကူညီဆောင်ရွက်သူတွေက ပြောပါတယ်။

စစ်ရှောင်သူတွေထဲမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေလည်း ပါဝင်နေပြီး အချိန်ကာလကြာမြင့်လာတာနဲ့အမျှ ဒုက္ခသည်တွေအတွက် နေဖို့နေရာ၊ စားသောက်ဖို့ ရိက္ခာအပြင် တခြား လိုအပ်ချက်တွေလည်း ရှိနေတယ်လို့ ကူညီပေးနေသူတဦးက ပြောပါတယ်။

"ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ စစ်ရှောင်ကာလ ကြာလာတဲ့အခါကျတော့ ဒေသခံအလှူရှင်လည်း ပါးတဲ့အခါ၊ နိုင်ငံတကာလည်း အကန့်အသတ်နဲ့ လာရတဲ့အခါကျတော့ ထိုက်သင့်သလောက် မရောက်တဲ့အခါ အခက်အခဲရှိတယ်။ နောက်ပြီးတော့ စစ်ဘေးရှောင် ၁ နှစ်ကျော်လာတဲ့အခါ အိမ်သာတော်တော် အဆင်မပြေကြဘူး။ သောက်သုံးရေကိစ္စလည်း တော်တော်အဆင်မပြေ ဖြစ်လာတယ်။ နောက်တခုက သူတို့နေထိုင်တဲ့ အဆောက်အဦးတွေက ယာယီပဲလုပ်ထားတဲ့ အခါကျတော့ ဝါးနဲ့လုပ်တော့ အကုန်ဆွေးပြီး ပိုးထိုးတာတွေ၊ ပျက်စီးတာတွေ ရှိတယ်။ မိုးကာတွေဆိုရင်လည်း အပေါက်အပြဲတွေ ရှိတဲ့ဟာရှိတယ်။ အဲဒါကြောင့် ၂၀၂၃ မှာ စားနပ်ရိက္ခာအပြင် သူတို့အတွက် အိမ်သာတွေ၊ သူတို့နားနေဖို့ အဆောင်တွေ၊ အဆောက်အဦးလေးတွေ ထပ်ပြီးတော့ လုပ်ပေးဖို့တော့ လိုအပ်ချက်တော်တော် ကြီးကြီးမားမားရှိတယ်ဗျ။"

၂၀၂၁ အာဏာသိမ်းမှုပြီးတဲ့နောက် တိုက်ပွဲတွေဖြစ်ရာကနေ နေအိမ်စွန့်ပြီး ဘေးလွတ်ရာဆီ ထွက်ပြေးလာကြ ရသူတွေပါ။ စစ်ရှောင်ကာလ ၂ နှစ်နီးပါး ရောက်လာချိန်မှာတော့ အစကတည်းက လိုအပ်ချက်တွေ ရှိနေတဲ့ ဒုက္ခသည်တွေမှာ ပိုပြီးခက်ခဲလာပါတယ်။ ပြည်တွင်းအလှူရှင်အားလည်း အတော်လည်း နည်းလာတဲ့ အနေအထားပါ။

"ကုလသမဂ္ဂ အဖွဲ့အစည်းတို့၊ နိုင်ငံတကာ INGO အဖွဲ့အစည်းတွေက တချို့အဖွဲ့အစည်းတွေ ဆိုရင်တော့ ဒေသတွင်းမှာ ပရဟိတလုပ်နေတဲ့ အဖွဲ့တွေနဲ့ အချိတ်အဆက် သိပ်မလုပ်ကြဘူး။ သူတို့က ဘာသွားဖြစ်လဲဆိုတော့ Procedure တွေ၊ လုပ်ထုံးလုပ်နည်းတွေ ချည်နှောင်ထားတဲ့ အခါကျတော့ ဒေသမှာလုပ်တဲ့ လူတွေနဲ့ သူတို့ရဲ့ဟာနဲ့က သွားပြီးတော့ အဆင်မပြေဘူး။ အမှန်က ဒေသအဖွဲ့အစည်းနဲ့ ဒေသမှာရှိတဲ့သူနဲ့ ပေါင်းလုပ်လိုက်ရင်တော့ တချို့ကိစ္စတွေက အဆင်ပြေနိုင်တယ်။ ၂၀၂၃ တောင်မှ အခုချိန်ထိ ၂ လပိုင်း နောက်ပိုင်းဆိုရင်တော့ WFP (ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့) ကနေတဆင့် သူတို့ ICRC ပေးဝေတာပေါ့။ သူတို့ဆက် မဝေဘူးဆိုရင်တော့ စားနပ်ရိက္ခာ အခက်အခဲရှိတယ်။"

မြန်မာနိုင်ငံတဝှမ်း လူပေါင်း ၁.၅ သန်းကျော်ဟာ အိုးအိမ်မဲ့ဖြစ်နေပြီး၊ အဲဒီထဲက ၁.၁ သန်းကျော်ဟာ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းတိုးလာတဲ့ အရေအတွက်ဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး UNOCHA ရဲ့ နောက်ဆုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းထားတာ ၂ နှစ်နီးပါး ကြာပြီးတဲ့နောက် ပဋိပက္ခတွေနဲ့ ငွေကြေးဖောင်းပွတာတွေကြောင့် ပိုဆိုးရွားလာတဲ့ စီးပွားရေး အကျပ်အတည်းဒဏ်ကို မြန်မာပြည်သူတွေ ဆက်လက်ခံစား နေကြရတယ်လို့လည်း UNOCHA က ပြောထားပါတယ်။

တိုက္႐ိုက္ လင့္ခ္

XS
SM
MD
LG