သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

၂၀၂၃ ေ႐ြးေကာက္ပြဲအတြက္ လူဦးေရစာရင္းမွာ စစ္ေဘးေရွာင္ေတြ မပါေသး


ကယားျပည္နယ္ ဒီေမာ့ဆိုၿမိဳ႕နယ္ထဲက စစ္ေဘးေရွာင္ဒုကၡသည္တခ်ိဳ႕ကို ေတာတြင္းတေနရာတြင္ ေတြ႔ရစဥ္ (ဇြန္ ၃၊ ၂၀၂၂)

စစ္ေကာင္စီက က်င္းပမယ့္ အခုႏွစ္ ၂၀၂၃ ေ႐ြးေကာက္ပြဲအတြက္ လူဦးေရစာရင္းကို ႏိုင္ငံအဝွမ္း ရပ္ကြက္အလိုက္ ၿမိဳ႕ေပၚေတြမွာ လိုက္လံေကာက္ယူေနပါတယ္။ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း တိုက္ပြဲေတြေၾကာင့္ ေနအိမ္စြန႔္ခြာ ထြက္ေျပးေနၾကရတဲ့ စစ္ေျပးဒုကၡသည္ေတြက ဒီစာရင္းထဲမွာ ပါဝင္ႏိုင္ပါ့မလား။ ဒီအေၾကာင္း ရန္ကုန္က ေမးျမန္းသတင္းေပးပို႔ခ်က္ကို မျမသဇင္ေအာင္က ေျပာျပမွာပါ။

စစ္အာဏာသိမ္းထားတဲ့ ျမန္မာႏိုင္ငံမွာ အခုႏွစ္ထဲ ေ႐ြးေကာက္ပြဲထပ္ၿပီး လုပ္ဖို႔အတြက္ စစ္ေကာင္စီဘက္က ျပင္ဆင္မႈေတြ လုပ္ေဆာင္ေနပါၿပီ။ ၿမိဳ႕ေပၚရပ္ကြက္ေတြမွာ လူစာရင္းေကာက္ယူတာကို ဇန္နဝါရီလ ၉ ရက္ တနလၤာေန႔ကစၿပီး လုပ္ေဆာင္ေနတာပါ။ ဒါေပမဲ့လည္း အာဏာသိမ္းၿပီးေနာက္ပိုင္း ျဖစ္ေပၚလာတဲ့ လက္နက္ကိုင္ ပဋိပကၡေတြေၾကာင့္ ေနရပ္စြန႔္ၿပီး ေရာက္တဲ့အရပ္မွာ ခိုလႈံေနၾကသူေတြအၾကားမွာေတာ့ အခုလို စာရင္းေကာက္ယူတာေတြ မႀကဳံရေသးပါဘူး။

ကယားျပည္နယ္ ေဒသအေခၚ ကရင္နီျပည္မွာလည္း လက္နက္ကိုင္ ပဋိပကၡေတြေၾကာင့္ ေဒသခံေတြမွာ အခုခ်ိန္ထိ ေနရပ္ဆီ မျပန္ႏိုင္ၾကပါဘူး။ တခ်ိဳ႕ကလည္း ေနအိမ္မီးထဲပါသြားလို႔ ျပန္စရာအိမ္ လုံးဝမရွိေတာ့တဲ့ အေျခအေန ႀကဳံေတြ႕ေနရပါတယ္။ အိမ္ျပန္ဖို႔ အခြင့္မသာေသးဘဲ ၂ ႏွစ္နီးပါး စစ္ေရွာင္ေနရသူ တဦးကေတာ့ အခုေနထိုင္ေနတဲ့ ေက်း႐ြာမွာေတာ့ သူတို႔ကို ေ႐ြးေကာက္ပြဲအတြက္ တစုံတရာ ေျပာလာတာမ်ိဳး မရွိေသးဘူးလို႔ ေျပာပါတယ္။

"ေ႐ြးေကာက္ပြဲ အတြက္ေတာ့ အန္တီတို႔ ဘာမွ မၾကားရေသးဘူး။ ျပန္လို႔ေတာ့ ေျပာၾကပါတယ္။ ဒါေပမဲ့ အန္တီတို႔ ျပန္ေတာ့ေလ ေရာက္သြားေတာ့ အန္တီတို႔ ႐ြာကေတာ့ လုံးဝျပန္လို႔မရဘူး ျဖစ္ေနလို႔ေလ။ ျပန္လို႔ရရင္ေတာ့ အန္တီတို႔က ျပန္ေနမွာေပါ့။ ဒါေပမဲ့ ျပန္စုံစမ္းၾကည့္လိုက္ေတာ့ ဘယ္လိုမွလည္း သူမ်ားမေပးဝင္ေသးဘူး။ ျပန္ေနတဲ့လူလည္း မရွိေသးဘူးေလ။ အဲဒါေၾကာင့္ အန္တီတို႔လည္း မေနရဲဘူး။ ကိုယ့္ေနရာေဟာင္းမွာပဲ ျပန္လာေနရတယ္။ ေ႐ြးေကာက္ပြဲ အတြက္ေတာ့ ႐ြာလူႀကီးကေတာ့ ဘာမွေတာ့ မေျပာလာေသးဘူး။ အန္တီတို႔ကို တကယ္လို႔ ေျပာလာရင္ေတာ့လည္း အဲဒီအခ်ိန္က်မွ အေျဖေပးမွာေပါ့။"

ရခိုင္ျပည္နယ္၊ ကရင္နီ နဲ႔ ခ်င္းျပည္နယ္၊ ရွမ္းျပည္နယ္ တို႔မွာရွိတဲ့ စစ္ေရွာင္စခန္းေတြကို ဖ်က္သိမ္းၿပီး စစ္ေျပးဒုကၡသည္ေတြ ေနရပ္ျပန္ၾကဖို႔ကိုလည္း စစ္ေကာင္စီဘက္က ၿပီးခဲ့တဲ့ ၂၀၂၂ ခုႏွစ္ စက္တင္ဘာလကတည္းက ဖိအားေပးတာေတြ ရွိခဲ့တယ္လို႔ စစ္ေဘးေရွာင္နဲ႔ သူတို႔ကို ကူညီေနသူေတြက ေျပာပါတယ္။ အခု ၂၀၂၃ ႏွစ္အစပိုင္းမွာလည္း စစ္ေရွာင္တခ်ိဳ႕ ေနရပ္ျပန္ၾကဖို႔ကို ပုံစံမ်ိဳးစုံနဲ႔ ေျပာဆိုတာေတြ ရွိလာပါတယ္။

"ေနာက္ပိုင္းေတာ့ ဘယ္လိုျဖစ္လာမလဲ မသိဘူး။ ေ႐ြးေကာက္ပြဲ နီးလာတဲ့ အခ်ိန္က်ေတာ့ တခ်ိဳ႕ကေတာ့ ျပန္ခိုင္းတာေပါ့ေနာ္၊ လြိဳင္ေကာ္ၿမိဳ႕နယ္ထဲ။ တခ်ိဳ႕ဆိုရင္ ျပန္လာေတာ့၊ လုံၿခဳံေရးယူေပးမယ္ ဘာညာေတာ့ ေျပာေတာ့ေျပာတယ္။"

စစ္ေဘးဒုကၡသည္ေတြကေတာ့ သူတို႔ရဲ႕ ေနရပ္မလုံၿခဳံေသးသလို ျပန္စရာအိမ္ မရွိေတာ့လို႔ ေရာက္တဲ့အရပ္မွာပဲ အခက္အခဲေတြ ရင္ဆိုင္ၿပီး ေနေနၾကတယ္လို႔ ေျပာပါတယ္။ စစ္ေကာင္စီက ျပဳလုပ္မယ့္ ေ႐ြးေကာက္ပြဲမွာ မပါဝင္ၾကဖို႔ကိုလည္း၊ ႏိုင္ငံေရးတတ္ႂကြလႈပ္ရွားသူေတြ ေတာ္လွန္ေရး အင္အားစုေတြကလည္း ျပည္သူေတြကို တိုက္တြန္းေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

=======================================

[Unicode]

၂၀၂၃ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းမှာ စစ်ဘေးရှောင်တွေ မပါသေး

စစ်ကောင်စီက ကျင်းပမယ့် အခုနှစ် ၂၀၂၃ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကို နိုင်ငံအဝှမ်း ရပ်ကွက်အလိုက် မြို့ပေါ်တွေမှာ လိုက်လံကောက်ယူနေပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ပြေးဒုက္ခသည်တွေက ဒီစာရင်းထဲမှာ ပါဝင်နိုင်ပါ့မလား။ ဒီအကြောင်း ရန်ကုန်က မေးမြန်းသတင်းပေးပို့ချက်ကို မမြသဇင်အောင်က ပြောပြမှာပါ။

စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ အခုနှစ်ထဲ ရွေးကောက်ပွဲထပ်ပြီး လုပ်ဖို့အတွက် စစ်ကောင်စီဘက်က ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါပြီ။ မြို့ပေါ်ရပ်ကွက်တွေမှာ လူစာရင်းကောက်ယူတာကို ဇန်နဝါရီလ ၉ ရက် တနင်္လာနေ့ကစပြီး လုပ်ဆောင်နေတာပါ။ ဒါပေမဲ့လည်း အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နေရပ်စွန့်ပြီး ရောက်တဲ့အရပ်မှာ ခိုလှုံနေကြသူတွေအကြားမှာတော့ အခုလို စာရင်းကောက်ယူတာတွေ မကြုံရသေးပါဘူး။

ကယားပြည်နယ် ဒေသအခေါ် ကရင်နီပြည်မှာလည်း လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ဒေသခံတွေမှာ အခုချိန်ထိ နေရပ်ဆီ မပြန်နိုင်ကြပါဘူး။ တချို့ကလည်း နေအိမ်မီးထဲပါသွားလို့ ပြန်စရာအိမ် လုံးဝမရှိတော့တဲ့ အခြေအနေ ကြုံတွေ့နေရပါတယ်။ အိမ်ပြန်ဖို့ အခွင့်မသာသေးဘဲ ၂ နှစ်နီးပါး စစ်ရှောင်နေရသူ တဦးကတော့ အခုနေထိုင်နေတဲ့ ကျေးရွာမှာတော့ သူတို့ကို ရွေးကောက်ပွဲအတွက် တစုံတရာ ပြောလာတာမျိုး မရှိသေးဘူးလို့ ပြောပါတယ်။

"ရွေးကောက်ပွဲ အတွက်တော့ အန်တီတို့ ဘာမှ မကြားရသေးဘူး။ ပြန်လို့တော့ ပြောကြပါတယ်။ ဒါပေမဲ့ အန်တီတို့ ပြန်တော့လေ ရောက်သွားတော့ အန်တီတို့ ရွာကတော့ လုံးဝပြန်လို့မရဘူး ဖြစ်နေလို့လေ။ ပြန်လို့ရရင်တော့ အန်တီတို့က ပြန်နေမှာပေါ့။ ဒါပေမဲ့ ပြန်စုံစမ်းကြည့်လိုက်တော့ ဘယ်လိုမှလည်း သူများမပေးဝင်သေးဘူး။ ပြန်နေတဲ့လူလည်း မရှိသေးဘူးလေ။ အဲဒါကြောင့် အန်တီတို့လည်း မနေရဲဘူး။ ကိုယ့်နေရာဟောင်းမှာပဲ ပြန်လာနေရတယ်။ ရွေးကောက်ပွဲ အတွက်တော့ ရွာလူကြီးကတော့ ဘာမှတော့ မပြောလာသေးဘူး။ အန်တီတို့ကို တကယ်လို့ ပြောလာရင်တော့လည်း အဲဒီအချိန်ကျမှ အဖြေပေးမှာပေါ့။"

ရခိုင်ပြည်နယ်၊ ကရင်နီ နဲ့ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် တို့မှာရှိတဲ့ စစ်ရှောင်စခန်းတွေကို ဖျက်သိမ်းပြီး စစ်ပြေးဒုက္ခသည်တွေ နေရပ်ပြန်ကြဖို့ကိုလည်း စစ်ကောင်စီဘက်က ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလကတည်းက ဖိအားပေးတာတွေ ရှိခဲ့တယ်လို့ စစ်ဘေးရှောင်နဲ့ သူတို့ကို ကူညီနေသူတွေက ပြောပါတယ်။ အခု ၂၀၂၃ နှစ်အစပိုင်းမှာလည်း စစ်ရှောင်တချို့ နေရပ်ပြန်ကြဖို့ကို ပုံစံမျိုးစုံနဲ့ ပြောဆိုတာတွေ ရှိလာပါတယ်။

"နောက်ပိုင်းတော့ ဘယ်လိုဖြစ်လာမလဲ မသိဘူး။ ရွေးကောက်ပွဲ နီးလာတဲ့ အချိန်ကျတော့ တချို့ကတော့ ပြန်ခိုင်းတာပေါ့နော်၊ လွိုင်ကော်မြို့နယ်ထဲ။ တချို့ဆိုရင် ပြန်လာတော့၊ လုံခြုံရေးယူပေးမယ် ဘာညာတော့ ပြောတော့ပြောတယ်။"

စစ်ဘေးဒုက္ခသည်တွေကတော့ သူတို့ရဲ့ နေရပ်မလုံခြုံသေးသလို ပြန်စရာအိမ် မရှိတော့လို့ ရောက်တဲ့အရပ်မှာပဲ အခက်အခဲတွေ ရင်ဆိုင်ပြီး နေနေကြတယ်လို့ ပြောပါတယ်။ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ မပါဝင်ကြဖို့ကိုလည်း၊ နိုင်ငံရေးတတ်ကြွလှုပ်ရှားသူတွေ တော်လှန်ရေး အင်အားစုတွေကလည်း ပြည်သူတွေကို တိုက်တွန်းနေကြပါတယ်။

XS
SM
MD
LG