သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္းမွာ ၃ ရက္အတြင္း ျမန္မာႏိုင္ငံသား ၁၀၀ ေက်ာ္ ဖမ္းမိ


ကမ္ခ်နဘူရီမွာဖမ္းမိတဲ့ သူမ်ား (ဇန္နဝါရီလ၂၉၊ ၂၀၂၃)

ထုိင္းျမန္မာနယ္စပ္္၊ ကမ္ခ်နဘူရီျပည္နယ္နဲ႔ တာ့ခ္ျပည္နယ္ေတြမွာ ၃ရက္အတြင္းျမန္မာႏိုင္ငံသား ၁၀၀ ‌ေက်ာ္ဖမ္းမိခဲ့ၿပီး အမ်ားစုကေတာ့ ရခိုင္ျပည္နယ္ကလာတဲ့ရိုဟင္ဂ်ာေတြျဖစ္ႀကပါတယ္။ ဒီအေၾကာင္း ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပုိ႔ထားပါတယ္။

ထုိင္းျမန္မာနယ္စပ္ကေန ့ အေထာက္အထားမဲ့ျမန္မာေတြဟာေန႔စဥ္၀င္ေရာက္လာေနျပီး ဒီရက္ပိုင္းမွာေတာ့ လူကုန္ကူးသူေတြေခၚလာတဲ့ရုိဟင္ဂ်ာ အမ်ားစုပါတဲ့ ျမန္မာႏို္င္ငံကလာတဲ့သူေတြ ဖမ္းမိေနပါတယ္။ ၃ရက္အတြင္း ျမန္မာႏို္င္ငံသား၁၀၀ေက်ာ္ဖမ္းမိေႀကာင္းျမန္မာျပည္သားမ်ားအေရးပူးတဲြလွဳ႔ပ္ရွားမူ ့ေကာ္မတီရဲ ့ဥကၠဌ ဦးမိုးႀကိဳးကအခုလိုေျပာပါတယ္။

"ဇန္န၀ါရီလ ၂၈ ၂၉ ၃၀ (၃)ရက္အတြင္းမွာထုိင္းႏို္င္ငံထဲကို တရားမ၀င္နယ္စပ္ျဖတ္ေက်ာ္တဲ့ ျမန္မာ၁၁၃ဦးနဲ႔ လူပဲြစား၂ဦးကုိထုိင္းလံဳျခံဳေရးတပ္ဖဲြ႔ေတြကဖမ္းမိပါတယ္"

ဒီေန႔၃၀ရက္ေန႔မွာေတာ့ ထုိင္းေ့ျမာက္ပုိင္းတာ့ခ္ျပည္နယ္မဲေဆာက္ေျမာက္ဘက္မွာေတာ့ မယ္လမျမိဳ ့နယ္ထဲမွာတရားမ၀င္ျမန္မာ၂၅ေယာက္ နဲ႔လမ္းျပပဲြစား၁ေယာက္ဖမ္းမိတယ္လို႔နယ္ျခားေစာင့္တပ္ကသတင္းထုတ္ျပန္ပါတယ္။

"ကမ္ခ်နဘူရီျပည္နယ္ ထိုင္းနဲ႔မြန္ျပည္နယ္စပ္မွာ အဲဒီ၂ရက္မွာတရားမ၀င္ျမန္မာ ၉၄ေယာက္ဖမ္းမိပါတယ္၊ အမ်ိဳးသား ၆၄ေယာက္ အမ်ိဳးသမီး ၂၄ေယာက္ပါျပီးကေလးေတြ ၉ေယာက္ဖမ္းမိတယ္ သူတို႔နဲ့အတူ ပဲြစား၁ဦးကုိဖမ္းမိတယ္"

ကမ္ခ်နဘူရီျပည္နယ္ထဲမွာဖမ္းမိသူအမ်ားစုကေတာ့ရခိုင္ျပည္နယ္ကလာတဲ့႐ိုဟင္ဂ်ာေတြျဖစ္ၿပီးသူတို႔ေတြဟာထိုင္းမေလးနယ္စပ္ထိခရိီးဆက္မယ့္သူေတြလို႔လည္းဆိုပါတယ္။

"သူတို့ေတြဟာရန္ကုန္ ပဲခူး မေကြး ရခိုင္ျပည္နယ္စစ္ကုိင္းကေန လာႀကျပီးပဲြစားကုိတဦးကုိ ဘတ္ေငြ ၂ေသာင္းေပးရတယ္ယရခိုင္ျပည္နယ္ကလာသူေတြကေတာ့ရိုဟင္ဂ်ာေတြမ်ားတယ္ သူတို႔ခရီးစဥ္က ဘန္ေကာက္ပတ္၀န္းက်င္မွာအဆံုးသတ္ဖုိ့မရွိဘူး မေလးရွားနယ္စပ္ ဆုန္ခလာျပည္နယ္အထိ ဆက္သြားမယ့္အေျခအေနရွိပါတယ္"

ဇန္နဝါရီလ ၂၆ရက္ေန႔ကလည္းထိုင္းႏိုင္ငံ ခ်င္းမိုင္ခ႐ိုင္ ခ်င္းေတာင္းၿမိဳ႕နယ္မွာ တရားမဝင္ျမန္မာႏိုင္ငံသား ၂၃ ေယာက္ကိုဖမ္းမိထားတယ္ဟု ထိုင္းနယ္ျခားေစာင့္တပ္ရင္း အမွတ္ ၃ ကထုတ္ျပန္ပါတယ္။ ဖမ္းမိထားတဲ့ ျမန္မာႏိုင္ငံသား ၂၃ ေယာက္ထဲမွာေတာ့ အမ်ိဳးသား ၁၀ ေယာက္နဲ႕ အမ်ိဳးသမီး ၁၃ ေယာက္အပါအ၀င္ လမ္းျပျမန္မာ ၁ေယာက္ကိုပါ ဖမ္းမိထားတယ္လို႔လည္း ဆိုပါတယ္။ ျမန္မာႏိ္ုင္ငံရဲ ့ႏိုင္ငံေရးလူမူ ့ေရး စီးပြားေရးအၾကပ္အတည္းပဋိပကၡေတြေၾကာင့္ၿပီးခဲ့တဲ့ႏွစ္ကလည္း နယ္စပ္ေတြကတရားမ၀င္ျမန္မာေတြေနစဥ္ရာနဲ႕ခ်ီၿပီအစုလိုက္အျပံဳလိုက္၀င္ေရာက္လာတာေၾကာင့္ နယ္စပ္ေတြမွာ ထိုင္းလံုျခံဳေရးတပ္ဖဲြ ့ေတြက ဖမ္းဆီးခံေနရပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

ထိုင်းမှာ ၃ ရက်အတွင်း မြန်မာနိုင်ငံသား ၁၀၀ ကျော် ဖမ်းမိ

ထိုင်းမြန်မာနယ်စပ်၊ ကမ်ချနဘူရီပြည်နယ်နဲ့ တာ့ခ်ပြည်နယ်တွေမှာ ၃ရက်အတွင်းမြန်မာနိုင်ငံသား ၁၀၀ ‌ကျော်ဖမ်းမိခဲ့ပြီး အများစုကတော့ ရခိုင်ပြည်နယ်ကလာတဲ့ရိုဟင်ဂျာတွေဖြစ်ကြပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ်ကနေ့ အထောက်အထားမဲ့မြန်မာတွေဟာနေ့စဉ်ဝင်ရောက်လာနေပြီး ဒီရက်ပိုင်းမှာတော့ လူကုန်ကူးသူတွေခေါ်လာတဲ့ရိုဟင်ဂျာ အများစုပါတဲ့ မြန်မာနိုင်ငံကလာတဲ့သူတွေ ဖမ်းမိနေပါတယ်။ ၃ရက်အတွင်း မြန်မာနိုင်ငံသား၁၀၀ကျော်ဖမ်းမိကြောင်းမြန်မာပြည်သားများအရေးပူးတွဲလှု့ပ်ရှားမူ့ကော်မတီရဲ့ဥက္ကဌ ဦးမိုးကြိုးကအခုလိုပြောပါတယ်။

"ဇန်နဝါရီလ ၂၈ ၂၉ ၃၀ (၃)ရက်အတွင်းမှာထိုင်းနိုင်ငံထဲကို တရားမဝင်နယ်စပ်ဖြတ်ကျော်တဲ့ မြန်မာ၁၁၃ဦးနဲ့ လူပွဲစား၂ဦးကိုထိုင်းလုံခြုံရေးတပ်ဖွဲ့တွေကဖမ်းမိပါတယ်"

ဒီနေ့၃၀ရက်နေ့မှာတော့ ထိုင်းေ့မြာက်ပိုင်းတာ့ခ်ပြည်နယ်မဲဆောက်မြောက်ဘက်မှာတော့ မယ်လမမြို့နယ်ထဲမှာတရားမဝင်မြန်မာ၂၅ယောက် နဲ့လမ်းပြပွဲစား၁ယောက်ဖမ်းမိတယ်လို့နယ်ခြားစောင့်တပ်ကသတင်းထုတ်ပြန်ပါတယ်။

"ကမ်ချနဘူရီပြည်နယ် ထိုင်းနဲ့မွန်ပြည်နယ်စပ်မှာ အဲဒီ၂ရက်မှာတရားမဝင်မြန်မာ ၉၄ယောက်ဖမ်းမိပါတယ်၊ အမျိုးသား ၆၄ယောက် အမျိုးသမီး ၂၄ယောက်ပါပြီးကလေးတွေ ၉ယောက်ဖမ်းမိတယ် သူတို့နဲ့အတူ ပွဲစား၁ဦးကိုဖမ်းမိတယ်"

ကမ်ချနဘူရီပြည်နယ်ထဲမှာဖမ်းမိသူအများစုကတော့ရခိုင်ပြည်နယ်ကလာတဲ့ရိုဟင်ဂျာတွေဖြစ်ပြီးသူတို့တွေဟာထိုင်းမလေးနယ်စပ်ထိခရီးဆက်မယ့်သူတွေလို့လည်းဆိုပါတယ်။

"သူတို့တွေဟာရန်ကုန် ပဲခူး မကွေး ရခိုင်ပြည်နယ်စစ်ကိုင်းကနေ လာကြပြီးပွဲစားကိုတဦးကို ဘတ်ငွေ ၂သောင်းပေးရတယ်ယရခိုင်ပြည်နယ်ကလာသူတွေကတော့ရိုဟင်ဂျာတွေများတယ် သူတို့ခရီးစဉ်က ဘန်ကောက်ပတ်ဝန်းကျင်မှာအဆုံးသတ်ဖို့မရှိဘူး မလေးရှားနယ်စပ် ဆုန်ခလာပြည်နယ်အထိ ဆက်သွားမယ့်အခြေအနေရှိပါတယ်"

ဇန်နဝါရီလ ၂၆ရက်နေ့ကလည်းထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ချင်းတောင်းမြို့နယ်မှာ တရားမဝင်မြန်မာနိုင်ငံသား ၂၃ ယောက်ကိုဖမ်းမိထားတယ်ဟု ထိုင်းနယ်ခြားစောင့်တပ်ရင်း အမှတ် ၃ ကထုတ်ပြန်ပါတယ်။ ဖမ်းမိထားတဲ့ မြန်မာနိုင်ငံသား ၂၃ ယောက်ထဲမှာတော့ အမျိုးသား ၁၀ ယောက်နဲ့ အမျိုးသမီး ၁၃ ယောက်အပါအဝင် လမ်းပြမြန်မာ ၁ယောက်ကိုပါ ဖမ်းမိထားတယ်လို့လည်း ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့နိုင်ငံရေးလူမူ့ရေး စီးပွားရေးအကြပ်အတည်းပဋိပက္ခတွေကြောင့်ပြီးခဲ့တဲ့နှစ်ကလည်း နယ်စပ်တွေကတရားမဝင်မြန်မာတွေနေစဉ်ရာနဲ့ချီပြီအစုလိုက်အပြုံလိုက်ဝင်ရောက်လာတာကြောင့် နယ်စပ်တွေမှာ ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးခံနေရပါတယ်။

XS
SM
MD
LG