စစ္ကိုင္းတိုင္း၊ ယင္းမာပင္နဲ႔ ဆားလင္းႀကီး ၿမိဳ႕နယ္ေတြမွာ မီးေဘးသင့္ေနတဲ့ ေက်း႐ြာေပါင္း ၃၀ ဝန္းက်င္ေလာက္ ရွိတယ္လို႔ ကူညီေနသူေတြက ေျပာပါတယ္။ မီးေဘးသင့္ ႐ြာေတြအတြက္ ျပန္လည္ထူေထာင္ေရး ကူညီေပးတာေတြ ရွိေနၿပီး၊ စစ္ေကာင္စီအဖြဲ႕ေတြနဲ႔ အနီးတဝိုက္မွာ ရွိေနတဲ့ ႐ြာေတြကိုေတာ့ ကူညီေပးႏိုင္ဖို႔က အခက္ေတြ႕ေနပါတယ္။ ဒီအေၾကာင္း သတင္းေပးပို႔ခ်က္ကို မဆုမြန္က ေျပာျပမွာပါ။
စစ္ေကာင္စီတပ္ဖြဲ႕နဲ႔ ေဒသခံေတာ္လွန္ေရး အင္အားစုေတြၾကား လက္နက္ကိုင္ ပဋိပကၡအားေကာင္းတဲ့ ေနရာေတြထဲ စစ္ကိုင္းတိုင္းထဲက အညာေဒသေတြလည္း ပါဝင္ပါတယ္။ လက္နက္ကိုင္ ပဋိပကၡ တိုက္ပြဲအေျခအေနေၾကာင့္ ေနရပ္စြန႔္ ေျပးလႊားေနရသလို၊ တခ်ိဳ႕ေဒသခံေတြမွာလည္း ေနအိမ္မီးထဲ ပါသြားလို႔ ႐ြာလုံးကြၽတ္ မီးေဘးသင့္ေနရတဲ့ အေျခအေနမွာ ရွိေနတာပါ။
စစ္ကိုင္းတိုင္း၊ ယင္းမာပင္ၿမိဳ႕နယ္ထဲမွာ မီးေဘးသင့္ေနတဲ့ ေက်း႐ြာေပါင္းက ၁၀ ႐ြာေက်ာ္ေလာက္ ရွိတယ္လို႔ ကူညီေနသူေတြက ေျပာပါတယ္။ ဒါေပမဲ့ စစ္ေကာင္စီတပ္ဖြဲ႕ေတြ စခန္းခ်ေနထိုင္တဲ့ အနီးတဝိုက္က ေက်း႐ြာ ၇ ႐ြာဆီကိုေတာ့ အကူအညီေပးႏိုင္ဖို႔ ခက္ေနၿပီး၊ က်န္တဲ့႐ြာေတြကိုသာ လတ္တေလာစားေသာက္ဖို႔အတြက္ လိုအပ္တာေတြကို ကူညီေပးႏိုင္တာပါ။ မီးေဘးသင့္ျပည္သူေတြကို ဆန္၊ ဆီနဲ႔ အေျခခံ မီးဖိုေခ်ာင္သုံး ပစၥည္းေတြ လႉဒါန္းခဲ့တဲ့ အညာပစ္တိုင္းေထာင္ေလးမ်ား အဖြဲ႕ကလည္း တခ်ိဳ႕႐ြာေတြကို ကူညီေပးႏိုင္ဖို႔ အခက္ေတြ႕ေနပုံကို အခုလိုေျပာပါတယ္။
"ယင္းမာပင္က တ႐ြာကက်ေတာ့ ေဝခဲ့ၿပီးၿပီေပါ့ေနာ္။ ဒါေပမဲ့ ယင္းမာပင္နဲ႔ ကနီအစပ္၊ ခ်င္းတြင္းျမစ္ကမ္း ေဘးနဲ႔နီးတဲ့ ႐ြာေတြကက်ေတာ့ အထိုင္စခန္း ခ်ထားတယ္ေပါ့ေနာ္။ အဲဒီ ပစ္ကြင္းကို ယူထားတဲ့အတြက္ တပ္စြဲထားတယ္ေပါ့ေနာ္။ အဲလိုက်ေတာ့ အဲဘက္ေတြေတာ့ မသြားရဘူး။ မသြားႏိုင္ဘူး ဆိုတာက အဲဒီဘက္နဲ႔ နီးတဲ့႐ြာေတြ ဆိုေတာ့ေလ စစ္ေၾကာင္းေတြကလည္း မၾကာခဏ ထိုးေနတဲ့အတြက္ေၾကာင့္ အဲဒီဘက္ အေျခအေနကေတာ့ မသိဘူးေပါ့ေနာ္။ ဒါေပမဲ့ က်န္တဲ့႐ြာေတြကက်ေတာ့ မီးေဘးသင့္ ျပည္သူေတြကို ဒီျပင့္ အဖြဲ႕အစည္းေတြကလည္း လႉၾကတာ ေတြ႕တယ္။"
ယင္းမာပင္ၿမိဳ႕နယ္ထဲမွာ အရင္က မီးရႈိ႕ခံထားရတဲ့ ႐ြာတ႐ြာကေတာ့ ျပန္အေျခခ် ေနႏိုင္ၿပီလို႔လည္း ေျပာပါတယ္။ စစ္ကိုင္းတိုင္းထဲက ေနာက္ထပ္မီးေဘးသင့္ ႐ြာေတြထဲမွာ ဆားလင္းႀကီးၿမိဳ႕နယ္မွာလည္း ေက်း႐ြာေပါင္း ၁၇ ႐ြာ ရွိေနပါတယ္။ မီးရႈိ႕ခံလိုက္ရတဲ့ အိမ္ေျခေပါင္းက ၈၀၀ ေက်ာ္အထိ ရွိေနတာပါ။
"မီးေဘးသင့္ ေက်း႐ြာေပါင္းကေတာ့ ၁၇ ႐ြာရွိတယ္။ ရႈိ႕ခံလိုက္ရတဲ့ အိမ္ေျခေပါင္းကေတာ့ ၈၀၀ ေက်ာ္ေပါ့ေနာ္။ အခု အဖြဲ႕အေနနဲ႔ ကူညီထားတဲ့ အိမ္ေျခေပါင္းကေတာ့ ၄၀၈ အိမ္ရွိၿပီ။ က်န္တဲ့ အိမ္ေျခေတြကက်ေတာ့ အဖြဲ႕မေပၚေပါက္ခင္က ရႈိ႕ခံထားရတဲ့ ႐ြာေတြဆိုေတာ့ အေျခက်သြားတဲ့ အေျခအေနေတြလည္း ရွိပါတယ္။"
စစ္ကိုင္းတိုင္း၊ ယင္းမာပင္နဲ႔ ဆားလင္းႀကီးက မီးေဘးသင့္႐ြာေတြမွာ ေဒသခံေတြကို ကူညီေပးေနတဲ့ အဖြဲ႕ေတြ ရွိေပမယ့္ တခ်ိဳ႕႐ြာေတြကေတာ့ အေျခခ်ႏိုင္ဖို႔ ခက္ခဲေနပါတယ္။ စစ္ေကာင္စီအဖြဲ႕ေတြ အနီးနားမွာရွိေနတဲ့ ႐ြာေတြကိုေတာ့ အကူအညီေပးသူေတြ သြားႏိုင္ဖို႔ အခက္ႀကဳံေနတာပါ။
မီးေဘးသင့္ျပည္သူေတြ အေျခခ်ေနထိုင္ဖို႔ အကူအညီေတြအျပင္ စားေသာက္ဖို႔အတြက္လည္း အကူအညီေတြက လိုအပ္ေနတာပါ။ စစ္ကိုင္းတိုင္းထဲမွာ စစ္အုပ္ခ်ဳပ္ေရးအာဏာ ေၾကညာထားတဲ့ ၁၁ ၿမိဳ႕နယ္ထဲ ယင္းမာပင္နဲ႔ ဆားလင္းႀကီးလည္း ပါဝင္ပါတယ္။
[Unicode]
ယင်းမာပင်နဲ့ ဆားလင်းကြီးက မီးဘေးသင့်ပြည်သူတွေကို ကူညီပေးရေး အခက်ကြုံနေ
စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီး မြို့နယ်တွေမှာ မီးဘေးသင့်နေတဲ့ ကျေးရွာပေါင်း ၃၀ ဝန်းကျင်လောက် ရှိတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။ မီးဘေးသင့် ရွာတွေအတွက် ပြန်လည်ထူထောင်ရေး ကူညီပေးတာတွေ ရှိနေပြီး၊ စစ်ကောင်စီအဖွဲ့တွေနဲ့ အနီးတဝိုက်မှာ ရှိနေတဲ့ ရွာတွေကိုတော့ ကူညီပေးနိုင်ဖို့က အခက်တွေ့နေပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို မဆုမွန်က ပြောပြမှာပါ။
စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသခံတော်လှန်ရေး အင်အားစုတွေကြား လက်နက်ကိုင် ပဋိပက္ခအားကောင်းတဲ့ နေရာတွေထဲ စစ်ကိုင်းတိုင်းထဲက အညာဒေသတွေလည်း ပါဝင်ပါတယ်။ လက်နက်ကိုင် ပဋိပက္ခ တိုက်ပွဲအခြေအနေကြောင့် နေရပ်စွန့် ပြေးလွှားနေရသလို၊ တချို့ဒေသခံတွေမှာလည်း နေအိမ်မီးထဲ ပါသွားလို့ ရွာလုံးကျွတ် မီးဘေးသင့်နေရတဲ့ အခြေအနေမှာ ရှိနေတာပါ။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲမှာ မီးဘေးသင့်နေတဲ့ ကျေးရွာပေါင်းက ၁၀ ရွာကျော်လောက် ရှိတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။ ဒါပေမဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ စခန်းချနေထိုင်တဲ့ အနီးတဝိုက်က ကျေးရွာ ၇ ရွာဆီကိုတော့ အကူအညီပေးနိုင်ဖို့ ခက်နေပြီး၊ ကျန်တဲ့ရွာတွေကိုသာ လတ်တလောစားသောက်ဖို့အတွက် လိုအပ်တာတွေကို ကူညီပေးနိုင်တာပါ။ မီးဘေးသင့်ပြည်သူတွေကို ဆန်၊ ဆီနဲ့ အခြေခံ မီးဖိုချောင်သုံး ပစ္စည်းတွေ လှူဒါန်းခဲ့တဲ့ အညာပစ်တိုင်းထောင်လေးများ အဖွဲ့ကလည်း တချို့ရွာတွေကို ကူညီပေးနိုင်ဖို့ အခက်တွေ့နေပုံကို အခုလိုပြောပါတယ်။
"ယင်းမာပင်က တရွာကကျတော့ ဝေခဲ့ပြီးပြီပေါ့နော်။ ဒါပေမဲ့ ယင်းမာပင်နဲ့ ကနီအစပ်၊ ချင်းတွင်းမြစ်ကမ်း ဘေးနဲ့နီးတဲ့ ရွာတွေကကျတော့ အထိုင်စခန်း ချထားတယ်ပေါ့နော်။ အဲဒီ ပစ်ကွင်းကို ယူထားတဲ့အတွက် တပ်စွဲထားတယ်ပေါ့နော်။ အဲလိုကျတော့ အဲဘက်တွေတော့ မသွားရဘူး။ မသွားနိုင်ဘူး ဆိုတာက အဲဒီဘက်နဲ့ နီးတဲ့ရွာတွေ ဆိုတော့လေ စစ်ကြောင်းတွေကလည်း မကြာခဏ ထိုးနေတဲ့အတွက်ကြောင့် အဲဒီဘက် အခြေအနေကတော့ မသိဘူးပေါ့နော်။ ဒါပေမဲ့ ကျန်တဲ့ရွာတွေကကျတော့ မီးဘေးသင့် ပြည်သူတွေကို ဒီပြင့် အဖွဲ့အစည်းတွေကလည်း လှူကြတာ တွေ့တယ်။"
ယင်းမာပင်မြို့နယ်ထဲမှာ အရင်က မီးရှို့ခံထားရတဲ့ ရွာတရွာကတော့ ပြန်အခြေချ နေနိုင်ပြီလို့လည်း ပြောပါတယ်။ စစ်ကိုင်းတိုင်းထဲက နောက်ထပ်မီးဘေးသင့် ရွာတွေထဲမှာ ဆားလင်းကြီးမြို့နယ်မှာလည်း ကျေးရွာပေါင်း ၁၇ ရွာ ရှိနေပါတယ်။ မီးရှို့ခံလိုက်ရတဲ့ အိမ်ခြေပေါင်းက ၈၀၀ ကျော်အထိ ရှိနေတာပါ။
"မီးဘေးသင့် ကျေးရွာပေါင်းကတော့ ၁၇ ရွာရှိတယ်။ ရှို့ခံလိုက်ရတဲ့ အိမ်ခြေပေါင်းကတော့ ၈၀၀ ကျော်ပေါ့နော်။ အခု အဖွဲ့အနေနဲ့ ကူညီထားတဲ့ အိမ်ခြေပေါင်းကတော့ ၄၀၈ အိမ်ရှိပြီ။ ကျန်တဲ့ အိမ်ခြေတွေကကျတော့ အဖွဲ့မပေါ်ပေါက်ခင်က ရှို့ခံထားရတဲ့ ရွာတွေဆိုတော့ အခြေကျသွားတဲ့ အခြေအနေတွေလည်း ရှိပါတယ်။"
စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးက မီးဘေးသင့်ရွာတွေမှာ ဒေသခံတွေကို ကူညီပေးနေတဲ့ အဖွဲ့တွေ ရှိပေမယ့် တချို့ရွာတွေကတော့ အခြေချနိုင်ဖို့ ခက်ခဲနေပါတယ်။ စစ်ကောင်စီအဖွဲ့တွေ အနီးနားမှာရှိနေတဲ့ ရွာတွေကိုတော့ အကူအညီပေးသူတွေ သွားနိုင်ဖို့ အခက်ကြုံနေတာပါ။
မီးဘေးသင့်ပြည်သူတွေ အခြေချနေထိုင်ဖို့ အကူအညီတွေအပြင် စားသောက်ဖို့အတွက်လည်း အကူအညီတွေက လိုအပ်နေတာပါ။ စစ်ကိုင်းတိုင်းထဲမှာ စစ်အုပ်ချုပ်ရေးအာဏာ ကြေညာထားတဲ့ ၁၁ မြို့နယ်ထဲ ယင်းမာပင်နဲ့ ဆားလင်းကြီးလည်း ပါဝင်ပါတယ်။