တယ္လီဖုန္းနဲ႔ ဆက္သြယ္ေရးဆိုင္ရာ လိမ္လည္မႈေတြနဲ႔ နယ္စပ္ျဖတ္ ေလာင္းကစားမႈေတြကို ထိထိေရာက္ေရာက္ ကာကြယ္ဖို႔နဲ႔ ေခ်မႈန္းဖို႔အတြက္ ျမန္မာႏိုင္ငံအပါအဝင္ ႏိုင္ငံရွစ္ႏိုင္ငံကို မသြားၾကဖို႔ တ႐ုတ္အေနာက္ပိုင္းျပည္နယ္ ဟူေဘျပည္နယ္ Enshi ၿမိဳ႕ လုံၿခဳံေရး ဗ်ဴ႐ို အာဏာပိုင္ေတြက အဂၤါေန႔က သတိေပးလိုက္ေၾကာင္း တ႐ုတ္ႏိုင္ငံေတာ္ပိုင္သတင္းစာ The Global Times ရဲ႕ သတင္းက ဆိုပါတယ္။
အေရးေပၚ ဒါမွမဟုတ္ မသြားမျဖစ္ သြားရမယ့္ အေၾကာင္းေတြကလြဲလို႔ မသြားၾကဖို႔ တ႐ုတ္ႏိုင္ငံသားေတြကို သတိေပးလိုက္တဲ့ တိုင္းျပည္ေတြကေတာ့ ျမန္မာ၊ကေမာၻဒီးယား၊ လာအို၊ ယူေအအီး၊ ဖိလစ္ပိုင္၊ ထိုင္း၊ မေလးရွား နဲ႔ တူရကီ ႏိုင္ငံတို႔ ျဖစ္ၾကပါတယ္။
အဲဒီႏိုင္ငံေတြမွာ ေရာက္ရွိေနထိုင္ေနၾကတဲ့ တ႐ုတ္ႏိုင္ငံသားေတြဟာ အႏၲရာယ္ႀကဳံရႏိုင္တဲ့ အုပ္စုျဖစ္တယ္လို႔ ျပည္သူ႔လုံၿခဳံေရး ဝန္ႀကီးဌာနက သတ္မွတ္ထားၿပီး၊ တ႐ုတ္ႏိုင္ငံကို မျပန္မီ၊ Enshi ၿမိဳ႕ လုံၿခဳံေရး ဗ်ဴ႐ိုကို အရင္ဆက္သြယ္ၾကဖို႔လည္း ထုတ္ျပန္ထားပါတယ္။
ပညာသင္သြားေရာက္ၾကမယ့္သူေတြနဲ႔ စီးပြါးေရး လုပ္ငန္းရွင္ေတြကေတာ့ အဲဒီ တိုင္းျပည္ ရွစ္ျပည္ ကို သြားေရာက္ႏိုင္ေပမဲ့ မသြားေရာက္မီ ၃ ရက္ႀကိဳတင္ၿပီး ကိုယ္ေနထိုင္ရာ အရပ္က အာဏာပိုင္ ဒါမွမဟုတ္ ရဲဌာနေထာက္ခံခ်က္ကို ရယူဖို႔လည္း ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။
ကေမာၻဒီယားနဲ႔ ျမန္မာႏိုင္ငံမွာ တယ္လီဖုန္းနဲ႔ အျခား ဆက္သြယ္ေရးဆိုင္ရာ လိမ္လည္မႈ ေလာင္းကစားမႈေတြမွာ ပါဝင္ေနၾကတဲ့ တ႐ုတ္ႏိုင္ငံသားေတြရဲ႕ အမည္၊ မွတ္ပုံတင္နံပတ္ နဲ႔ ေနရပ္လိပ္စာေတြကို သက္ဆိုင္ရာ တ႐ုတ္ေတာင္ပိုင္း ဂြမ္ေဒါင္းျပည္နယ္ က Taishan ၿမိဳ႕ အာဏာပိုင္ေတြ က ၿပီးခဲ့တဲ့ ၾကာသပေတးေန႔ မွာ ထုတ္ျပန္လိုက္ၿပီးတဲ့ေနာက္ ခုလိုသတိေပးခ်က္ ထြက္ေပၚလာတာ ျဖစ္ပါတယ္။
သူတို႔က တိုင္ရွမ္ၿမိဳ႕ကို ျပန္လာၾကဖို႔ ျငင္းဆိုထားၾကတယ္လို႔ ဆိုပါတယ္။ သူတို႔ကို ေဖေဖာ္ဝါရီ ၂၈ ေနာက္ဆုံးထား ျပန္လာၾကဖို႔ ထုတ္ျပန္ထားပါတယ္။ ျပည္သူ႔လုံၿခဳံေရးဝန္ႀကီးဌာနရဲ႕ အလိုအရ၊ တယ္လီဖုန္းနဲ႔ အင္တာနက္ လိမ္လည္မႈေပါင္း ၃၁၉၀၀၀ကို တ႐ုတ္က ေျဖရွင္းခဲ့ရသလို၊ နယ္စပ္ျဖတ္ ေလာင္းကစားမႈေပါင္း ၃၇၅၂၇ မႈကိုလည္း ၂၀၂၂ မွာ ကိုင္တြယ္ခဲ့ရတယ္လို႔ ဆိုပါတယ္။
[Unicode]
တယ်လီဖုန်းကတဆင့် လိမ်လည်မှုတွေ ခြေမှုန်းနိုင်ရေးအတွက် မြန်မာနဲ့ တခြား ၇ နိုင်ငံကိုမသွားဖို့ တရုတ်သတိပေး
တယ်လီဖုန်းနဲ့ ဆက်သွယ်ရေးဆိုင်ရာ လိမ်လည်မှုတွေနဲ့ နယ်စပ်ဖြတ် လောင်းကစားမှုတွေကို ထိထိရောက်ရောက် ကာကွယ်ဖို့နဲ့ ချေမှုန်းဖို့အတွက် မြန်မာနိုင်ငံအပါအဝင် နိုင်ငံရှစ်နိုင်ငံကို မသွားကြဖို့ တရုတ်အနောက်ပိုင်းပြည်နယ် ဟူဘေပြည်နယ် Enshi မြို့ လုံခြုံရေး ဗျူရို အာဏာပိုင်တွေက အင်္ဂါနေ့က သတိပေးလိုက်ကြောင်း တရုတ်နိုင်ငံတော်ပိုင်သတင်းစာ The Global Times ရဲ့ သတင်းက ဆိုပါတယ်။
အရေးပေါ် ဒါမှမဟုတ် မသွားမဖြစ် သွားရမယ့် အကြောင်းတွေကလွဲလို့ မသွားကြဖို့ တရုတ်နိုင်ငံသားတွေကို သတိပေးလိုက်တဲ့ တိုင်းပြည်တွေကတော့ မြန်မာ၊ကမ္ဘောဒီးယား၊ လာအို၊ ယူအေအီး၊ ဖိလစ်ပိုင်၊ ထိုင်း၊ မလေးရှား နဲ့ တူရကီ နိုင်ငံတို့ ဖြစ်ကြပါတယ်။
အဲဒီနိုင်ငံတွေမှာ ရောက်ရှိနေထိုင်နေကြတဲ့ တရုတ်နိုင်ငံသားတွေဟာ အန္တရာယ်ကြုံရနိုင်တဲ့ အုပ်စုဖြစ်တယ်လို့ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက သတ်မှတ်ထားပြီး၊ တရုတ်နိုင်ငံကို မပြန်မီ၊ Enshi မြို့ လုံခြုံရေး ဗျူရိုကို အရင်ဆက်သွယ်ကြဖို့လည်း ထုတ်ပြန်ထားပါတယ်။
ပညာသင်သွားရောက်ကြမယ့်သူတွေနဲ့ စီးပွါးရေး လုပ်ငန်းရှင်တွေကတော့ အဲဒီ တိုင်းပြည် ရှစ်ပြည် ကို သွားရောက်နိုင်ပေမဲ့ မသွားရောက်မီ ၃ ရက်ကြိုတင်ပြီး ကိုယ်နေထိုင်ရာ အရပ်က အာဏာပိုင် ဒါမှမဟုတ် ရဲဌာနထောက်ခံချက်ကို ရယူဖို့လည်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
ကမ္ဘောဒီယားနဲ့ မြန်မာနိုင်ငံမှာ တယ်လီဖုန်းနဲ့ အခြား ဆက်သွယ်ရေးဆိုင်ရာ လိမ်လည်မှု လောင်းကစားမှုတွေမှာ ပါဝင်နေကြတဲ့ တရုတ်နိုင်ငံသားတွေရဲ့ အမည်၊ မှတ်ပုံတင်နံပတ် နဲ့ နေရပ်လိပ်စာတွေကို သက်ဆိုင်ရာ တရုတ်တောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ် က Taishan မြို့ အာဏာပိုင်တွေ က ပြီးခဲ့တဲ့ ကြာသပတေးနေ့ မှာ ထုတ်ပြန်လိုက်ပြီးတဲ့နောက် ခုလိုသတိပေးချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
သူတို့က တိုင်ရှမ်မြို့ကို ပြန်လာကြဖို့ ငြင်းဆိုထားကြတယ်လို့ ဆိုပါတယ်။ သူတို့ကို ဖေဖော်ဝါရီ ၂၈ နောက်ဆုံးထား ပြန်လာကြဖို့ ထုတ်ပြန်ထားပါတယ်။ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနရဲ့ အလိုအရ၊ တယ်လီဖုန်းနဲ့ အင်တာနက် လိမ်လည်မှုပေါင်း ၃၁၉၀၀၀ကို တရုတ်က ဖြေရှင်းခဲ့ရသလို၊ နယ်စပ်ဖြတ် လောင်းကစားမှုပေါင်း ၃၇၅၂၇ မှုကိုလည်း ၂၀၂၂ မှာ ကိုင်တွယ်ခဲ့ရတယ်လို့ ဆိုပါတယ်။