=== [[ ZAWGYI ]] ===
အလာစကာ ေဝဟင္က အမည္မသိ ယာဥ္တစင္း ကန္ ပစ္ခ်
အေမရိကန္ေျမာက္ပိုင္း အလာစကာျပည္နယ္ရဲ႕ ေဝဟင္မွာ ပ်ံသန္းေနတဲ့ ကားငယ္တစ္စီးရဲ႕ အ႐ြယ္အစားရွိတဲ့ အရာဝတၳဳတခုကို အေမရိကန္က ပစ္ခ်ခဲ့ပါတယ္။ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒင္ရဲ႕ အမိန႔္နဲ႔ ပစ္ခ်တာလို႔ အိမ္ျဖဴေတာ္က သတင္းထုတ္ျပန္ပါတယ္။
ၿပီးခဲ့တဲ့ ရက္ပိုင္းကပဲ ေတာင္ကယ္႐ိုလိုင္းနားျပည္နယ္ ကမ္း႐ိုးတန္းအနီးမွာ တ႐ုတ္ရဲ႕ သံသယျဖစ္ဖြယ္ ေထာက္လွမ္းေရး မိုးပ်ံပူေဖါင္းကို စစ္တပ္က ပစ္ခ်ခဲ့ၿပီးေနာက္ အခုတခါ ေအးခဲေနတဲ့ အလက္စကာေရျပင္ေပၚ ပ်ံဝဲေနတဲ့ အမည္မသိ အရာဝတၳဳတခုကို တိုက္ေလယာဥ္ကို အသုံးျပဳၿပီး ဒုံးက်ည္ပစ္လႊတ္ ဖ်က္ခ်ခဲ့ပါတယ္။
ေသာၾကာေန႔က အိမ္ျဖဴေတာ္ သတင္းစာရွင္းလင္းပြဲအတြင္း ဗြီအိုေအသတင္းေထာက္က ေမးျမန္းရာမွာ အမ်ိဳးသားလုံၿခဳံေရးေကာင္စီ ေျပာေရးဆိုခြင့္ရွိသူ John Kirby က အျမင့္မီတာ တေသာင္းႏွစ္ေထာင္ ေလာက္မွာ ပ်ံသန္းေနတဲ့ ေမာင္းသူမဲ့ အရာဝတၳဳဟာ ၿမိဳ႕ျပေလေၾကာင္းသြားလာမႈအတြက္ အေႏွာင့္အယွက္ ျဖစ္ႏိုင္တာေၾကာင့္ ပစ္ခ်ခဲ့တာ ျဖစ္ၾကာင္း အတည္ျပဳခဲ့ပါတယ္။
ဒီယာဥ္ပ်ံဟာ ဘယ္ကလာတယ္ ဆိုတာကိုေတာ့ အတည္ျပဳလို႔ မရဘူးလို႔ ပန္တဂြန္စစ္ဌာနခ်ဳပ္က ေျပာပါတယ္။ ဒီယာဥ္ဟာ အရင္ ပစ္ခ်ခဲ့တဲ့ မိုးပ်ံပူေဖာင္းနဲ႔ ကြာျခားၿပီး အ႐ြယ္အစားေသးငယ္သလို ထိန္းခ်ဳပ္ ေမာင္းႏွင္လို႔လည္း ရဟန္မတူဘူးလို႔ ဆိုပါတယ္။
=== {{ UNICODE }} ===
အလာစကာ ဝေဟင်က အမည်မသိ ယာဉ်တစင်း ကန် ပစ်ချ
အမေရိကန်မြောက်ပိုင်း အလာစကာပြည်နယ်ရဲ့ ဝေဟင်မှာ ပျံသန်းနေတဲ့ ကားငယ်တစ်စီးရဲ့ အရွယ်အစားရှိတဲ့ အရာဝတ္ထုတခုကို အမေရိကန်က ပစ်ချခဲ့ပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ အမိန့်နဲ့ ပစ်ချတာလို့ အိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ တောင်ကယ်ရိုလိုင်းနားပြည်နယ် ကမ်းရိုးတန်းအနီးမှာ တရုတ်ရဲ့ သံသယဖြစ်ဖွယ် ထောက်လှမ်းရေး မိုးပျံပူဖေါင်းကို စစ်တပ်က ပစ်ချခဲ့ပြီးနောက် အခုတခါ အေးခဲနေတဲ့ အလက်စကာရေပြင်ပေါ် ပျံဝဲနေတဲ့ အမည်မသိ အရာဝတ္ထုတခုကို တိုက်လေယာဉ်ကို အသုံးပြုပြီး ဒုံးကျည်ပစ်လွှတ် ဖျက်ချခဲ့ပါတယ်။
သောကြာနေ့က အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲအတွင်း ဗွီအိုအေသတင်းထောက်က မေးမြန်းရာမှာ အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ John Kirby က အမြင့်မီတာ တသောင်းနှစ်ထောင် လောက်မှာ ပျံသန်းနေတဲ့ မောင်းသူမဲ့ အရာဝတ္ထုဟာ မြို့ပြလေကြောင်းသွားလာမှုအတွက် အနှောင့်အယှက် ဖြစ်နိုင်တာကြောင့် ပစ်ချခဲ့တာ ဖြစ်ကြာင်း အတည်ပြုခဲ့ပါတယ်။
ဒီယာဉ်ပျံဟာ ဘယ်ကလာတယ် ဆိုတာကိုတော့ အတည်ပြုလို့ မရဘူးလို့ ပန်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။ ဒီယာဉ်ဟာ အရင် ပစ်ချခဲ့တဲ့ မိုးပျံပူဖောင်းနဲ့ ကွာခြားပြီး အရွယ်အစားသေးငယ်သလို ထိန်းချုပ် မောင်းနှင်လို့လည်း ရဟန်မတူဘူးလို့ ဆိုပါတယ်။