တ႐ုတ္ရဲ႕ သြင္းကုန္လိုအပ္ခ်က္ေၾကာင့္ တ႐ုတ္-ျမန္မာ နယ္စပ္ကုန္သြယ္မႈဟာ ၂၀၂၂ ဘက္ဂ်က္စတဲ့ ဧၿပီလကေန အခုေဖေဖာ္ဝါရီလအထိ ၁၀လအတြင္း အေမရိကန္ေဒၚလာ ၂ဘီလီယံေက်ာ္ ရွိလာတယ္လို႔ ျမန္မာကုန္သြယ္ေရးဌာနစာရင္းမွာေဖာ္ျပပါတယ္။ ဒါဟာၿပီးခဲ့ႏွစ္ကာလတူထက္ သန္း ၄၀၀ ေလာက္ ကုန္သြယ္မႈတက္လာတာပါ။ မေန႔က အြန္လိုင္းကလုပ္တဲ့ ႏွစ္ႏိုင္ငံ ကုန္သြယ္ေရးဆိုင္ရာအစည္းအေဝးမွာလည္း ႏွစ္ႏိုင္ငံ စီးပြားေရးနဲ႔ကုန္သြယ္ေရးဆိုင္ရာ ကိစၥရပ္ေတြ ပိုၿပီးတိုးျမႇင့္ဖို႔ ေဆြးေႏြးတယ္လို႔ ျမန္မာဖက္က ထုတ္ျပန္ပါတယ္။ ဒီအေၾကာင္း ရန္ကုန္က သတင္းေပးပို႔ခ်က္ကို ကိုၿငိမ္းခ်မ္းက ေျပာျပမွာပါ။
ျမန္မာ-တ႐ုတ္ ကုန္သြယ္မႈတန္ဖိုးဟာ ၂၀၂၀ ကာလေတြကို မမီေသးေပမဲ့ ျမန္မာစစ္တပ္ အာဏာသိမ္းစ ကာလထက္စာရင္ ကိန္းဂဏန္းတန္ဖိုးအရ အနည္းငယ္ ျပန္တက္လာတယ္လို႔ ကုန္သည္ေတြက ေျပာပါတယ္။ တ႐ုတ္က နယ္စပ္ဂိတ္ေတြကို ျပန္ဖြင့္ေပးတာ၊ ကိုဗစ္ အတားအဆီးေတြကို ေလွ်ာ့ခ်လိုက္တာ၊ သြင္းကုန္လိုအပ္လာတာ ဒီလို အေၾကာင္းရင္းေတြေၾကာင့္ နယ္စပ္ကုန္သြယ္ေရး ျပန္တက္လာတာပါ။ အထူးသျဖင့္ မူဆယ္နယ္စပ္ဂိတ္၊ ခ်င္းေ႐ႊေဟာ္ နယ္စပ္ဂိတ္ေတြကေန ဆန္၊ ေျပာင္း၊ ႀကံ၊ ပဲမ်ိဳးစုံနဲ႔ တျခား စိုက္ပ်ိဳးေရးထြက္ကုန္ေတြ၊ ေရထြက္ကုန္ေတြကို တ႐ုတ္က ျပန္ဝယ္လာတာ ျဖစ္ပါတယ္။
ဆန္နဲ႔ ပဲမ်ိဳးစုံကို တ႐ုတ္က ဦးစားေပးၿပီး ဝယ္ယူလာတဲ့အတြက္ ျပည္တြင္းမွာလည္း အဲဒီကုန္ေစ်းေတြအဆမတန္ တက္လာပါတယ္။ တ႐ုတ္ကုန္သည္ေတြ ကမ္းလွမ္းတဲ့ေစ်းေၾကာင့္ စပါးေစ်းက မႀကဳံစဖူး တင္း၁၀၀ကို က်ပ္၁၆သိန္းအထက္ကို ေရာက္လာခဲ့တာပါ။ တ႐ုတ္ဝယ္လိုအား တက္လာေပမဲ့ ျမန္မာဘက္မွာေတာ့ သီးႏွံမ်ိဳးစုံက အထြက္ႏႈန္း က်ေနေၾကာင္း ပဲကုန္သည္အသင္းက ကုန္သည္တဦးက ဗြီအိုေအကို ေျပာပါတယ္။ စစ္ေရးပဋိပကၡေၾကာင့္လည္း ေစ်းကြက္ထဲကို ေရာက္သင့္သေလာက္ မေရာက္လာေၾကာင္း သူကေျပာပါတယ္။
"သူတို႔ဆြဲလို႔ တက္တာဗ်ာ၊ ထားပါေတာ့ဗ်ာ တ႐ုတ္ေပါက္ ဖြင့္လိုက္တဲ့အတြက္ သမား႐ိုးက်ေျပာရင္ ရွင္းတယ္ ေစ်းေတြခုန္တက္သြားတယ္ နံပတ္(၁)။ နံပတ္(၂)က အထြက္ႏႈန္း သီးႏွံထြက္ႏႈန္း။ သီးႏွံထြက္ႏႈန္းက မႏွစ္ကထက္ သုံးပုံပုံရင္တပုံပဲ မႏၲေလးေစ်းကြက္ထဲကို ေရာက္တယ္။ ေရာင္းလိုအားနဲ႔ ဝယ္လိုအားက မွ်မလာေတာ့ဘူး။ တ႐ုတ္ဆိုတာကလည္း လိုခ်င္ၿပီေဟ့ဆိုရင္ ကမူးရႉးထိုးဗ်၊ သုံးသိန္းေစ်းေျပာေျပာ၊ ေလးသိန္းေစ်းေျပာေျပာ ပစၥည္းမရွိဘူး လိုခ်င္လာၿပီေဟ့ဆိုရင္ ေစ်းေတြခြေပးေတာ့တာ။ အဲလိုသေဘာမ်ိဳး သတ္မွတ္တဲ့အတြက္ ဆန္၊ ဆန္ကြဲကလည္း အဲလိုပဲ။"
မတ္ပဲ၊ ပဲတီစိမ္း၊ ပဲစင္းငုံ အားလုံးေစ်းတက္ေနၿပီး တတန္ကို က်ပ္၁၈သိန္းကေန သိန္း၂၀အထိ ေရာက္ခဲ့ပါတယ္။ အလားတူ ေျပာင္းနဲ႔ ႀကံကိုလည္း တ႐ုတ္က အမ်ားအျပား ဝယ္ယူေနပါတယ္။ ခ်င္းေ႐ႊေဟာ္ နယ္စပ္ဂိတ္ကေန တရက္ကို ႀကံကားအစီး ၃၀၀ေက်ာ္ ၄၀၀ေလာက္ တ႐ုတ္ထဲကို ဝင္ေနတာပါ။ က်န္ခဲ့တဲ့ ၂လအတြင္းမွာ တ႐ုတ္ကို ႀကံတင္ပို႔တာကေန ျမန္မာဘက္က အေမရိကန္ေဒၚလာ ၃.၂သန္း ရရွိခဲ့ပါတယ္။ အခုႏွစ္ထဲမွာ ႀကံတန္ခ်ိန္ တသိန္းေျခာက္ေသာင္းေလာက္ကို တင္ပို႔ဖို႔ ရည္႐ြယ္ထားေၾကာင္း ႀကံကုန္သည္အသင္းဘက္က ေျပာပါတယ္။ ျမန္မာဘက္မွာေတာ့ တ႐ုတ္ဘက္က ယူခ်င္သေလာက္ မရႏိုင္ဘဲ အထြက္နည္းေနေၾကာင္း တ႐ုတ္နယ္စပ္က ႀကံကုန္သည္တဦးက ေျပာပါတယ္။
"ႀကံကေတာ့ယူမွာ ဒါေပမဲ့ ေတာင္သူေတြက သိပ္မထြက္ၾကဘူးေပါ့ေနာ္။ မထြက္ၾကဘူးဆိုတာ ေျမဩဇာေတြကလည္း မေကာင္းၾကဘူးဆိုေတာ့ သိပ္ေတာ့ မထြက္ၾကဘူး။ သူတို႔ယူတာက မရႈံးဘူးေပါ့ရွင္။ သူတို႔ထြက္သေလာက္ယူမယ္ဆို မရႈံးဘူးေပါ့။"
တ႐ုတ္-ျမန္မာ အလုံးစုံကုန္သြယ္မႈ ပမာဏဟာ ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္မွာ အေမရိကန္ေဒၚလာ ၁၂ဘီလီယံေက်ာ္ခဲ့တယ္လို႔ ျမန္မာကုန္သြယ္ေရးဌာနရဲ႕ စာရင္းေတြမွာ ေဖာ္ျပထားပါတယ္။ အဲဒီကာလမွာ ျမန္မာဘက္က ေရနံ သဘာဝဓာတ္ေငြ႕ အပါအဝင္ သန႔္စင္ၿပီး ေၾကးနီသတၳဳနဲ႔ ဆန္ကို အဓိကတင္ပို႔ခဲ့တာပါ။ ၂၀၂၁- ၂၀၂၂ မွာေတာ့ ကိုဗစ္ကပ္ေရာဂါနဲ႔ ျပည္တြင္း ပဋိပကၡေတြေၾကာင့္ ဒီပမာဏကေန ထက္ဝက္ေက်ာ္ က်ဆင္းခဲ့ပါတယ္။
[Unicode]
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုတန်ဖိုး ပြန်တက်လာ
တရုတ်ရဲ့ သွင်းကုန်လိုအပ်ချက်ကြောင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှုဟာ ၂၀၂၂ ဘက်ဂျက်စတဲ့ ဧပြီလကနေ အခုဖေဖော်ဝါရီလအထိ ၁၀လအတွင်း အမေရိကန်ဒေါ်လာ ၂ဘီလီယံကျော် ရှိလာတယ်လို့ မြန်မာကုန်သွယ်ရေးဌာနစာရင်းမှာဖော်ပြပါတယ်။ ဒါဟာပြီးခဲ့နှစ်ကာလတူထက် သန်း ၄၀၀ လောက် ကုန်သွယ်မှုတက်လာတာပါ။ မနေ့က အွန်လိုင်းကလုပ်တဲ့ နှစ်နိုင်ငံ ကုန်သွယ်ရေးဆိုင်ရာအစည်းအဝေးမှာလည်း နှစ်နိုင်ငံ စီးပွားရေးနဲ့ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေ ပိုပြီးတိုးမြှင့်ဖို့ ဆွေးနွေးတယ်လို့ မြန်မာဖက်က ထုတ်ပြန်ပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ချက်ကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။
မြန်မာ-တရုတ် ကုန်သွယ်မှုတန်ဖိုးဟာ ၂၀၂၀ ကာလတွေကို မမီသေးပေမဲ့ မြန်မာစစ်တပ် အာဏာသိမ်းစ ကာလထက်စာရင် ကိန်းဂဏန်းတန်ဖိုးအရ အနည်းငယ် ပြန်တက်လာတယ်လို့ ကုန်သည်တွေက ပြောပါတယ်။ တရုတ်က နယ်စပ်ဂိတ်တွေကို ပြန်ဖွင့်ပေးတာ၊ ကိုဗစ် အတားအဆီးတွေကို လျှော့ချလိုက်တာ၊ သွင်းကုန်လိုအပ်လာတာ ဒီလို အကြောင်းရင်းတွေကြောင့် နယ်စပ်ကုန်သွယ်ရေး ပြန်တက်လာတာပါ။ အထူးသဖြင့် မူဆယ်နယ်စပ်ဂိတ်၊ ချင်းရွှေဟော် နယ်စပ်ဂိတ်တွေကနေ ဆန်၊ ပြောင်း၊ ကြံ၊ ပဲမျိုးစုံနဲ့ တခြား စိုက်ပျိုးရေးထွက်ကုန်တွေ၊ ရေထွက်ကုန်တွေကို တရုတ်က ပြန်ဝယ်လာတာ ဖြစ်ပါတယ်။
ဆန်နဲ့ ပဲမျိုးစုံကို တရုတ်က ဦးစားပေးပြီး ဝယ်ယူလာတဲ့အတွက် ပြည်တွင်းမှာလည်း အဲဒီကုန်ဈေးတွေအဆမတန် တက်လာပါတယ်။ တရုတ်ကုန်သည်တွေ ကမ်းလှမ်းတဲ့ဈေးကြောင့် စပါးဈေးက မကြုံစဖူး တင်း၁၀၀ကို ကျပ်၁၆သိန်းအထက်ကို ရောက်လာခဲ့တာပါ။ တရုတ်ဝယ်လိုအား တက်လာပေမဲ့ မြန်မာဘက်မှာတော့ သီးနှံမျိုးစုံက အထွက်နှုန်း ကျနေကြောင်း ပဲကုန်သည်အသင်းက ကုန်သည်တဦးက ဗွီအိုအေကို ပြောပါတယ်။ စစ်ရေးပဋိပက္ခကြောင့်လည်း ဈေးကွက်ထဲကို ရောက်သင့်သလောက် မရောက်လာကြောင်း သူကပြောပါတယ်။
"သူတို့ဆွဲလို့ တက်တာဗျာ၊ ထားပါတော့ဗျာ တရုတ်ပေါက် ဖွင့်လိုက်တဲ့အတွက် သမားရိုးကျပြောရင် ရှင်းတယ် ဈေးတွေခုန်တက်သွားတယ် နံပတ်(၁)။ နံပတ်(၂)က အထွက်နှုန်း သီးနှံထွက်နှုန်း။ သီးနှံထွက်နှုန်းက မနှစ်ကထက် သုံးပုံပုံရင်တပုံပဲ မန္တလေးဈေးကွက်ထဲကို ရောက်တယ်။ ရောင်းလိုအားနဲ့ ဝယ်လိုအားက မျှမလာတော့ဘူး။ တရုတ်ဆိုတာကလည်း လိုချင်ပြီဟေ့ဆိုရင် ကမူးရှူးထိုးဗျ၊ သုံးသိန်းဈေးပြောပြော၊ လေးသိန်းဈေးပြောပြော ပစ္စည်းမရှိဘူး လိုချင်လာပြီဟေ့ဆိုရင် ဈေးတွေခွပေးတော့တာ။ အဲလိုသဘောမျိုး သတ်မှတ်တဲ့အတွက် ဆန်၊ ဆန်ကွဲကလည်း အဲလိုပဲ။"
မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ အားလုံးဈေးတက်နေပြီး တတန်ကို ကျပ်၁၈သိန်းကနေ သိန်း၂၀အထိ ရောက်ခဲ့ပါတယ်။ အလားတူ ပြောင်းနဲ့ ကြံကိုလည်း တရုတ်က အများအပြား ဝယ်ယူနေပါတယ်။ ချင်းရွှေဟော် နယ်စပ်ဂိတ်ကနေ တရက်ကို ကြံကားအစီး ၃၀၀ကျော် ၄၀၀လောက် တရုတ်ထဲကို ဝင်နေတာပါ။ ကျန်ခဲ့တဲ့ ၂လအတွင်းမှာ တရုတ်ကို ကြံတင်ပို့တာကနေ မြန်မာဘက်က အမေရိကန်ဒေါ်လာ ၃.၂သန်း ရရှိခဲ့ပါတယ်။ အခုနှစ်ထဲမှာ ကြံတန်ချိန် တသိန်းခြောက်သောင်းလောက်ကို တင်ပို့ဖို့ ရည်ရွယ်ထားကြောင်း ကြံကုန်သည်အသင်းဘက်က ပြောပါတယ်။ မြန်မာဘက်မှာတော့ တရုတ်ဘက်က ယူချင်သလောက် မရနိုင်ဘဲ အထွက်နည်းနေကြောင်း တရုတ်နယ်စပ်က ကြံကုန်သည်တဦးက ပြောပါတယ်။
"ကြံကတော့ယူမှာ ဒါပေမဲ့ တောင်သူတွေက သိပ်မထွက်ကြဘူးပေါ့နော်။ မထွက်ကြဘူးဆိုတာ မြေဩဇာတွေကလည်း မကောင်းကြဘူးဆိုတော့ သိပ်တော့ မထွက်ကြဘူး။ သူတို့ယူတာက မရှုံးဘူးပေါ့ရှင်။ သူတို့ထွက်သလောက်ယူမယ်ဆို မရှုံးဘူးပေါ့။"
တရုတ်-မြန်မာ အလုံးစုံကုန်သွယ်မှု ပမာဏဟာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၁၂ဘီလီယံကျော်ခဲ့တယ်လို့ မြန်မာကုန်သွယ်ရေးဌာနရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။ အဲဒီကာလမှာ မြန်မာဘက်က ရေနံ သဘာဝဓာတ်ငွေ့ အပါအဝင် သန့်စင်ပြီး ကြေးနီသတ္ထုနဲ့ ဆန်ကို အဓိကတင်ပို့ခဲ့တာပါ။ ၂၀၂၁- ၂၀၂၂ မှာတော့ ကိုဗစ်ကပ်ရောဂါနဲ့ ပြည်တွင်း ပဋိပက္ခတွေကြောင့် ဒီပမာဏကနေ ထက်ဝက်ကျော် ကျဆင်းခဲ့ပါတယ်။