သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီထိုးစစ္ေၾကာင့္ ကသာမွာ အရပ္သားေသဆုံးမႈေတြရွိ


မီး႐ိႈ႕ခံထားရတဲ့ စစ္ကိုင္းတိုင္း ကသာၿမိဳ႕နယ္ထဲက ေက်းရြာမ်ား (ေဖေဖာ္ဝါရီ၊ ၂၀၂၃) (ဓါတ္ပံု - Citizen Journalist)

စစ္ကိုင္းတိုင္း၊ ကသာၿမိဳ႕နယ္တြင္း ေက်း႐ြာေတြထဲ ျမန္မာစစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းမႈေတြအတြင္း ေနအိမ္ေတြမီးေလာင္ကြၽမ္းခဲ့ရသလို အရပ္သားေတြ ေသဆုံးတာ ဖမ္ဆီးေခၚေဆာင္ခံရတာေတြ ရွိခဲ့တယ္လို႔ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ဝင္ေတြက ေျပာပါတယ္။ ကသာၿမိဳ႕နယ္တြင္း တိုက္ပြဲသတင္းေပးပို႔ခ်က္ကို ကိုေအာင္ေအာင္က ေျပာျပမွာပါ။

စစ္ကိုင္းတိုင္း ကသာၿမိဳ႕အစြန္ ရွမ္းျပည္နယ္အစပ္ ေ႐ႊလီျမစ္ေဘးမွာရွိတဲ့ အင္း႐ြာတိုက္က ေက်း႐ြာ ၆ ႐ြာဟာ ေဖေဖာ္ဝါရီ ၁၁ ရက္ကစလို႔ ၃ ရက္ ဆက္တိုက္ မီးရႈိ႕ခံခဲ့ရၿပီး ေနအိမ္ ၁ ေထာင္နီးပါး မီးေလာင္ကြၽမ္းခဲ့ပါတယ္။ အင္း႐ြာတိုက္နယ္က မယ္ငို ၊ ဘုရားေတာင္ ၊ အင္ႀကီး ၊ ေလွဘို ၊ သက္တူလယ္တို႔ျဖစ္ၿပီး အိမ္ေျခ ၄၀၀ ဝန္းက်င္ရွိတဲ့ အင္ႀကီးေက်း႐ြာနဲ႔ ေလွဘိုေက်း႐ြာတို႔ဟာ ႐ြာလုံးကြၽတ္နီးပါး မီးေလာင္ကြၽမ္းခဲ့ရတာ္လို႔ ေဒသခံေတြကေျပာပါတယ္။

အင္ႀကီးေက်း႐ြာက ေက်း႐ြာသား ၂ ဦးလည္း အသတ္ခံခဲ့ရသလို ၈ ဦးဟာလည္း ဖမ္းဆီးေခၚေဆာင္ခံခဲ့ရၿပီး အဆက္အသြယ္ ျပတ္ေတာက္ေနတယ္လို႔ ကာကြယ္ေရး အဖြဲ႕ေတြက ေျပာပါတယ္။ လက္ရွိအခ်ိန္မွာ ေက်း႐ြာေတြထဲမွာ ေျမႇျမဳပ္မိုင္းေတြ ေထာင္ထားတဲ့အတြက္ အရပ္သားေတြ ေနရပ္မျပန္ႏိုင္ေသးဘူးလို႔လည္း ေဒသခံကာကြယ္ေရးအဖြဲ႕ဝင္တဦးက ေျပာပါတယ္။

“အရပ္သား ေသဆုံးမႈက ၂ ေယာက္ရွိတယ္။ စစ္ေၾကာင္းနဲ႔တိုးတာေပါ့ တိမ္းေရွာင္ရင္းနဲ႔ တေယာက္က အသက္ ၄၀ ေက်ာ္ၿပီ တေယာက္က ၂၃ ႏွစ္ အရပ္သား ၈ ေယာက္လည္း ပါသြားေသးတယ္။ အင္းႀကီး႐ြာကေပါ့။ က်န္တဲ့႐ြာကေတာ့ မသိေသးဘူး။ အင္ႀကီး႐ြာက ၈ ေယာက္ကေတာ့ ေသသလား ရွင္သလား အခုထိ အဆက္အသြယ္မရေသးဘူး။ ႐ြာသားေတြကေတာ့ ဒီအတိုင္း မဝင္ေတာ့ မဝင္ၾကေသးဘူး။ က်န္တဲ့ပစၥည္းေလးေတြရွိမလား ရွင္းၾကလင္းၾကတုန္း အဲ့လိုေလးပဲရွိတယ္။ ဟိုလိုလည္း မဝင္ရဲၾကေသးဘူး။ စစ္ေၾကာင္းက အခ်ိန္မေ႐ြးလွည့္ထိုးလာႏိုင္တယ္ေလ။ ၿပီးေတာ့ ေျခနင္းမိုင္းေတြက မိုင္းအႏၲရာယ္ကလည္း ေၾကာက္ၾကေသးေတာ့ ႏြား ၁ ေကာင္ေသတယ္။ ဆိုင္ကယ္နဲ႔ တက္နင္းမိလို႔ ဆိုင္ကယ္နဲ႔လူ အနည္းငယ္ ဒဏ္ရာေတာ့ ရတယ္။”

ေနအိမ္ေတြကို ဝင္ေရာက္မီးရႈိ႕တဲ့တပ္ဟာ ရွမ္းျပည္နယ္ မဘိမ္းၿမိဳ႕ ငါးအိုးေက်း႐ြာရွိ ခလရ ၁၂၁ ျဖစ္ၿပီး အဲ့ဒီ့တပ္ဟာ မဘိမ္းၿမိဳ႕ထဲက ေက်း႐ြာေတြအပါအဝင္ ေ႐ႊလီျမစ္တဖက္ကမ္းသာျခားတဲ့ စစ္ကိုင္းတိုင္း ကသာ ၊ ထီးခ်ိဳင့္ၿမိဳ႕နယ္ေတြထဲက ေက်း႐ြာေတြကိုပါ လွည့္လည္ၿပီး နယ္ေျမရွင္းလင္းေနတာလို႔ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြက ေျပာပါတယ္။

အခုလိုေနအိမ္ေတြ မီးရႈိ႕မယ္လို႔ ထင္မထားတဲ့အတြက္ ဘာမွမယူေဆာင္လာဘဲ ကိုယ္လြတ္႐ုန္းေျပးခဲ့ရတာလို႔ ေဒသခံတဦးက အခုလို ေျပာျပပါတယ္။

“တ႐ြာလုံးနီးပါးေတြပဲ က်န္လွမွ ၁ အိမ္ ၂ အိမ္ပဲ ကြၽန္ေတာ္တို႔႐ြာက ၂၅/၃၀ ေလာက္က်န္တယ္။ ဟုတ္တယ္ ႐ြာေတြအကုန္လုံးက ႐ြာလုံးကြၽတ္ပါသေလာက္ပါပဲ။ က်န္လွမွ ၄/၅/၆ အိမ္ အဲ့လိုပဲက်န္တာ။ အကုန္လုံးက ခက္ခက္ခဲခဲပါပဲ အရင္ႏွစ္ေတြက ႐ြာထဲကို မေရာက္ဖူးေလ သူတို႔စစ္ေၾကာင္းထိုးတာက ဒီအခါနဲ႔ဆို ၃ ခါရွိၿပီ စစ္ေၾကာင္းက ဒါေပမယ့္ တခါမွ မေရာက္ဘူး။ ႐ြာထဲကလူေတြကလည္း မေရာက္ဖူးထင္ၿပီးေတာ့ ဘာကိုမွ မသိမ္းၾကဘူး။ အကုန္လူလြတ္ပဲ ေရွာင္ၾကတာဆိုေတာ့ အကုန္လုံးကေတာ့ ခက္ခက္ခဲခဲပါ။ ဘာမွမက်န္ပါဘူး အိမ္ေတြ စပါးက်ီထဲက စပါးေတြပါ အကုန္ရႈိ႕သြားတာဆိုေတာ့ ခက္ခဲတာေတာ့ အဲ့ဒါေတြေတာ့ ခက္ခဲတယ္။ အကုန္လုံး ႏိုင္သေလာက္ သယ္ခဲ့တဲ့ ဆန္ ၁ အိတ္ ၂ အိတ္ေလးေတြနဲ႔ မွ်စားၿပီးေျဖရွင္းေနရတာေပါ့။ ႐ြာလည္း ျပာပုံပဲ ရွင္းလင္းမယ့္သူလည္းမရွိဘူး။ အဖြဲ႕အစည္းလည္း တခုမွ မရွိဘူး။”

လက္ရွိအခ်ိန္မွာ စစ္ေကာင္စီက အျခားေက်း႐ြာေတြဘက္ကို လွည့္ပတ္သြားၿပီး နယ္ေျမရွင္းလင္းတာေတြလုပ္ေနသလို စစ္ေၾကာင္းေတြ ဆက္ထိုးလာရင္ စစ္ေရးတင္းမာၿပီး တိုက္ပြဲေတြ ျဖစ္လာႏိုင္တယ္လို႔ ေဒသခံေတြက ယူဆေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

စစ်ကောင်စီထိုးစစ်ကြောင့် ကသာမှာ အရပ်သားသေဆုံးမှုတွေရှိ

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင်း ကျေးရွာတွေထဲ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း နေအိမ်တွေမီးလောင်ကျွမ်းခဲ့ရသလို အရပ်သားတွေ သေဆုံးတာ ဖမ်ဆီးခေါ်ဆောင်ခံရတာတွေ ရှိခဲ့တယ်လို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ ကသာမြို့နယ်တွင်း တိုက်ပွဲ သတင်းပေးပို့ချက်ကို ကိုအောင်အောင်က ပြောပြမှာပါ။

စစ်ကိုင်းတိုင်း ကသာမြို့အစွန် ရှမ်းပြည်နယ်အစပ် ရွှေလီမြစ်ဘေးမှာရှိတဲ့ အင်းရွာတိုက်က ကျေးရွာ ၆ ရွာဟာ ဖေဖော်ဝါရီ ၁၁ ရက်ကစလို့ ၃ ရက် ဆက်တိုက် မီးရှို့ခံခဲ့ရပြီး နေအိမ် ၁ ထောင်နီးပါး မီးလောင်ကျွမ်းခဲ့ပါတယ်။ အင်းရွာတိုက်နယ်က မယ်ငို ၊ ဘုရားတောင် ၊ အင်ကြီး ၊ လှေဘို ၊ သက်တူလယ်တို့ဖြစ်ပြီး အိမ်ခြေ ၄၀၀ ဝန်းကျင်ရှိတဲ့ အင်ကြီးကျေးရွာနဲ့ လှေဘိုကျေးရွာတို့ဟာ ရွာလုံးကျွတ်နီးပါး မီးလောင်ကျွမ်းခဲ့ရတာ်လို့ ဒေသခံတွေကပြောပါတယ်။

အင်ကြီးကျေးရွာက ကျေးရွာသား ၂ ဦးလည်း အသတ်ခံခဲ့ရသလို ၈ ဦးဟာလည်း ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပြီး အဆက်အသွယ် ပြတ်တောက်နေတယ်လို့ ကာကွယ်ရေး အဖွဲ့တွေက ပြောပါတယ်။ လက်ရှိအချိန်မှာ ကျေးရွာတွေထဲမှာ မြှေမြုပ်မိုင်းတွေ ထောင်ထားတဲ့အတွက် အရပ်သားတွေ နေရပ်မပြန်နိုင်သေးဘူးလို့လည်း ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

“အရပ်သား သေဆုံးမှုက ၂ ယောက်ရှိတယ်။ စစ်ကြောင်းနဲ့တိုးတာပေါ့ တိမ်းရှောင်ရင်းနဲ့ တယောက်က အသက် ၄၀ ကျော်ပြီ တယောက်က ၂၃ နှစ် အရပ်သား ၈ ယောက်လည်း ပါသွားသေးတယ်။ အင်းကြီးရွာကပေါ့။ ကျန်တဲ့ရွာကတော့ မသိသေးဘူး။ အင်ကြီးရွာက ၈ ယောက်ကတော့ သေသလား ရှင်သလား အခုထိ အဆက်အသွယ်မရသေးဘူး။ ရွာသားတွေကတော့ ဒီအတိုင်း မဝင်တော့ မဝင်ကြသေးဘူး။ ကျန်တဲ့ပစ္စည်းလေးတွေရှိမလား ရှင်းကြလင်းကြတုန်း အဲ့လိုလေးပဲရှိတယ်။ ဟိုလိုလည်း မဝင်ရဲကြသေးဘူး။ စစ်ကြောင်းက အချိန်မရွေးလှည့်ထိုးလာနိုင်တယ်လေ။ ပြီးတော့ ခြေနင်းမိုင်းတွေက မိုင်းအန္တရာယ်ကလည်း ကြောက်ကြသေးတော့ နွား ၁ ကောင်သေတယ်။ ဆိုင်ကယ်နဲ့ တက်နင်းမိလို့ ဆိုင်ကယ်နဲ့လူ အနည်းငယ် ဒဏ်ရာတော့ ရတယ်။”

နေအိမ်တွေကို ဝင်ရောက်မီးရှို့တဲ့တပ်ဟာ ရှမ်းပြည်နယ် မဘိမ်းမြို့ ငါးအိုးကျေးရွာရှိ ခလရ ၁၂၁ ဖြစ်ပြီး အဲ့ဒီ့တပ်ဟာ မဘိမ်းမြို့ထဲက ကျေးရွာတွေအပါအဝင် ရွှေလီမြစ်တဖက်ကမ်းသာခြားတဲ့ စစ်ကိုင်းတိုင်း ကသာ ၊ ထီးချိုင့်မြို့နယ်တွေထဲက ကျေးရွာတွေကိုပါ လှည့်လည်ပြီး နယ်မြေရှင်းလင်းနေတာလို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။

အခုလိုနေအိမ်တွေ မီးရှို့မယ်လို့ ထင်မထားတဲ့အတွက် ဘာမှမယူဆောင်လာဘဲ ကိုယ်လွတ်ရုန်းပြေးခဲ့ရတာလို့ ဒေသခံတဦးက အခုလို ပြောပြပါတယ်။

“တရွာလုံးနီးပါးတွေပဲ ကျန်လှမှ ၁ အိမ် ၂ အိမ်ပဲ ကျွန်တော်တို့ရွာက ၂၅/၃၀ လောက်ကျန်တယ်။ ဟုတ်တယ် ရွာတွေအကုန်လုံးက ရွာလုံးကျွတ်ပါသလောက်ပါပဲ။ ကျန်လှမှ ၄/၅/၆ အိမ် အဲ့လိုပဲကျန်တာ။ အကုန်လုံးက ခက်ခက်ခဲခဲပါပဲ အရင်နှစ်တွေက ရွာထဲကို မရောက်ဖူးလေ သူတို့စစ်ကြောင်းထိုးတာက ဒီအခါနဲ့ဆို ၃ ခါရှိပြီ စစ်ကြောင်းက ဒါပေမယ့် တခါမှ မရောက်ဘူး။ ရွာထဲကလူတွေကလည်း မရောက်ဖူးထင်ပြီးတော့ ဘာကိုမှ မသိမ်းကြဘူး။ အကုန်လူလွတ်ပဲ ရှောင်ကြတာဆိုတော့ အကုန်လုံးကတော့ ခက်ခက်ခဲခဲပါ။ ဘာမှမကျန်ပါဘူး အိမ်တွေ စပါးကျီထဲက စပါးတွေပါ အကုန်ရှို့သွားတာဆိုတော့ ခက်ခဲတာတော့ အဲ့ဒါတွေတော့ ခက်ခဲတယ်။ အကုန်လုံး နိုင်သလောက် သယ်ခဲ့တဲ့ ဆန် ၁ အိတ် ၂ အိတ်လေးတွေနဲ့ မျှစားပြီးဖြေရှင်းနေရတာပေါ့။ ရွာလည်း ပြာပုံပဲ ရှင်းလင်းမယ့်သူလည်းမရှိဘူး။ အဖွဲ့အစည်းလည်း တခုမှ မရှိဘူး။”

လက်ရှိအချိန်မှာ စစ်ကောင်စီက အခြားကျေးရွာတွေဘက်ကို လှည့်ပတ်သွားပြီး နယ်မြေရှင်းလင်းတာတွေလုပ်နေသလို စစ်ကြောင်းတွေ ဆက်ထိုးလာရင် စစ်ရေးတင်းမာပြီး တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လို့ ဒေသခံတွေက ယူဆနေကြပါတယ်။

XS
SM
MD
LG