သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကသာမွာ တိုက္ပြဲေတြဆက္ျဖစ္ 


ၿဂိဳဟ္တုက ျမင္ရသည့္ စစ္ကိုင္းတိုင္း ကသာၿမိဳ႕နဲ႔ အနီးတဝိုက္ေျမပံု

စစ္ကိုင္းတိုင္းအထက္ပိုင္း ကသာၿမိဳ႔နယ္ မုိးတားေလး ေက်းရြာအနီးမွာ ဒီကေန႔လည္း တိုက္ပဲြဆက္လက္ျဖစ္ပြားေနၿပီး ေလေၾကာင္း တုိက္ခုိက္တာေတြလည္း ေနေၾကာင္း ေဒသခံေတြက ေျပာပါတယ္။ PDF တပ္ဖဲြ႔နဲ႔ နီးစပ္သူတစ္ဦးကေတာ့ တိုက္ပြဲၿပီးခ်ိန္ PDF ေတြ တပ္ဆုတ္ခ်ိန္ ေလေၾကာင္းက တုိက္ခုိက္တာျဖစ္တယ္လုိ႔ ေျပာပါတယ္။ ဒီသတင္းေပးပို႔ခ်က္ကို မစုျမတ္မြန္က တင္ျပပါမယ္။

စစ္ကိုင္းတိုင္းထဲက ကသာၿမိဳ႕နယ္အထက္ပိုင္း မိုးတားေလး႐ြာအနီးမွာ စစ္ေကာင္စီတပ္နဲ႔ ABSDF, PDF ပူးေပါင္းတပ္ေတြအၾကား ၄ရက္ေျမာက္ေန႔အျဖစ္ တုိက္ပဲြ ဆက္လက္ျဖစ္ပြားေနပါတယ္။ ကခ်င္ျပည္နယ္နဲ႔ ထိဆက္ေနတဲ့ တိုက္ပြဲျဖစ္ပြားရာေဒသအတြင္းမွာ စစ္ေကာင္စီတပ္ဖက္က ေလေၾကာင္းတိုက္ခိုက္မႈေတြ ဆက္ရွိေနတယ္လို႔ ေဒသခံတစ္ဦးက ဗီြအိုေအကို ေျပာျပပါတယ္။

“ မနက္ ၈နာရီေလာက္တည္းက စၾကဲေတာ့တာ။ ပထမ တုိက္ေလယာဥ္နဲ႔ ေနာက္က ဟတ္စကီး ၂စင္း- ၃စင္းနဲ႔။ အင္အားလည္း ျဖည့္တယ္ထင္တယ္။ အင္အားခ်တာေတြေရာ၊ ပစ္တာေတြ ေရာ ရႈတ္ရွက္ကို ခတ္ေနတာပဲ။ ခုမွ ဗန္းေမာ္ဘက္က တစ္စီးျပန္လာတယ္။ တိုက္ေလယာဥ္။ ခုေတာင္မွ ၾကဲလက္စ ၾကဲတံုး။ ”

PDF တပ္ဖဲြ႕ေတြနဲ႔ နီးစပ္သူ တစ္ဦးကလည္း ဒီကေန႔ ေလယာဥ္နဲ႔ ပစ္ခတ္တုိက္ခိုက္တဲ့အေျခအေနကို အခုလုိ ေျပာပါတယ္။

“ ဂ်က္ဖုိက္တာေတြ အေစာပိုင္း တုိက္ပဲြျဖစ္ေနတံုးက ႏွစ္စီးေလာက္ တစ္ခါ လာသြားတယ္။ အဲဒါၿပီးမွ ဟယ္လီေကာ္ပတာ ၂စီး၊ ၁နာရီေက်ာ္ေလာက္ မုိးတားေလး ၀န္းက်င္ ပတ္ပ်ံတယ္။ တစ္စီးက ပစၥည္းခ်၊ လူခ်၊ တစ္စီးက ေဘးလိုက္ပစ္ေနတာ။ အခုေနာက္ဆံုး ၄နာရီက် PDF ေတြ ျပန္အဆုတ္ကို လိုက္ပစ္ေနတာ။ ”

ႏွစ္ဘက္တပ္ေတြအၾကားမွာ မနက္ပိုင္းက တုိက္ပဲြျဖစ္ပြားၿပီး မနက္ ၁၁ နာရီေက်ာ္ေလာက္မွာေတာ့ ၿပီးသြားတယ္လို႔ ေျပာပါတယ္။ ႏွစ္ဘက္ ထိခိုက္က်ဆံုးအေျခအေနကို သူက အခုလို ဆက္ေျပာပါတယ္။

“ မနက္အေစာႀကီးတည္းက ျဖစ္ေနတာ။ ျဖစ္တာက ၁၁ေက်ာ္ေက်ာ္ ၁၂ေလာက္မွ ၿပီးတာ။ သူတုိ႔ ၇၂ေယာက္က ေသဆံုးစာရင္း။ ၿပီးတဲ့အခ်ိန္မွာ ရဟတ္ယာဥ္ေရာက္လာၿပီး ပစ္သြားတာ အဲဒီမွာ တစ္ေယာက္က်၊ တစ္ေယာက္ထိတယ္။ ပီဒီအက္ဖ္ေပါ့။ ဒီကေန႔ကေတာ့ အဲဒီဘက္က အတည္ျပဳတာ တုိက္ပဲြက ၿပီးသြားၿပီတဲ့ ၁၂ နာရီေလာက္က။ ”

ကခ်င္ျပည္နယ္အေျခစိုက္သတင္းမီဒီယာအခ်ိဳ႔မွာေတာ့ ၄ ရက္ၾကာျဖစ္ပြားတဲ့တုိက္ပဲြမွာ စစ္ေကာင္စီဘက္က ဗ်ဴဟာမွဴးတစ္ဦး က်ဆံုးေၾကာင္းေဖာ္ျပထားပါတယ္။ တိုက္ပဲြအတြင္း ထိခိုက္က်ဆံုးတဲ့ အေျခအေနကိုေတာ့ ဗီြအိုေအက သီးျခား အတည္မျပဳႏိုင္ပါဘူး။ ဒီေန႔တိုက္ပဲြေတြအတြင္း မိုးတားေလးရြာနဲ႔ တိုက္ကုန္းရြာက ေနအိမ္အခ်ိဳ႔ မီးေလာင္ၾကြမ္းခဲ့သလို ေဒသခံအခ်ိဳ႔ ထိခုိက္ေသဆံုးေၾကာင္း ေဒသခံေတြက ေျပာေပမဲ့ ေလာေလာဆယ္မွာ သီးျခားအတည္မျပဳႏိုင္ေသးပါဘူး။ ၁၈ ရက္ေန႔က ေလေၾကာင္းတိုက္ခိုက္မႈမွာေတာ့ ၇ ေယာက္ေသဆံုးခဲ့ပါတယ္။ လက္ရိွ ကသာၿမိဳ႔နယ္အတြင္း ျဖစ္ပြားတဲ့ တုိက္ပဲြေတြနဲ႔ပတ္သက္ၿပီး စစ္ေကာင္စီဘက္က သတင္းထုတ္ျပန္တာမရိွသလို တိုက္ပဲြမွာပါ၀င္ေနတဲ့ ၿမိဳ႕လွ PDF အဖဲြ႔က မေန႔ကအထိအေျခအေနကို သူတို႔ လူမႈကြန္ရက္စာမ်က္ႏွာမွာ ေဖာ္ျပခဲ့ေပမယ့္ ဒီကေန႔ အေျခအေနကို သတင္းထုတ္ျပန္တာ မရိွေသးပါဘူး။

ကသာမွာ တိုက္ပြဲေတြဆက္ျဖစ္
please wait

No media source currently available

0:00 0:02:21 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode]

ကသာမှာ တိုက်ပွဲတွေဆက်ဖြစ်

စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့နယ် မိုးတားလေးကျေးရွာအနီးမှာ ဒီကနေ့လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး လေကြောင်း တိုက်ခိုက်တာတွေလည်း နေကြောင်း ဒေသခံတွေက ပြောပါတယ်။ PDF တပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးကတော့ တိုက်ပွဲပြီးချိန် PDF တွေ တပ်ဆုတ်ချိန် လေကြောင်းက တိုက်ခိုက်တာဖြစ်တယ်လို့ ပြောပါတယ်။ ဒီသတင်းပေးပို့ချက်ကို မစုမြတ်မွန်က တင်ပြပါမယ်။

စစ်ကိုင်းတိုင်းထဲက ကသာမြို့နယ်အထက်ပိုင်း မိုးတားလေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ABSDF, PDF ပူးပေါင်းတပ်တွေအကြား ၄ရက်မြောက်နေ့အဖြစ် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပါတယ်။ ကချင်ပြည်နယ်နဲ့ ထိဆက်နေတဲ့ တိုက်ပွဲဖြစ်ပွားရာဒေသအတွင်းမှာ စစ်ကောင်စီတပ်ဖက်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိနေတယ်လို့ ဒေသခံတစ်ဦးက ဗွီအိုအေကို ပြောပြပါတယ်။

“ မနက် ၈နာရီလောက်တည်းက စကြဲတော့တာ။ ပထမ တိုက်လေယာဉ်နဲ့ နောက်က ဟတ်စကီး ၂စင်း- ၃စင်းနဲ့။ အင်အားလည်း ဖြည့်တယ်ထင်တယ်။ အင်အားချတာတွေရော၊ ပစ်တာတွေ ရော ရှုတ်ရှက်ကို ခတ်နေတာပဲ။ ခုမှ ဗန်းမော်ဘက်က တစ်စီးပြန်လာတယ်။ တိုက်လေယာဉ်။ ခုတောင်မှ ကြဲလက်စ ကြဲတုံး။ ”

PDF တပ်ဖွဲ့တွေနဲ့ နီးစပ်သူ တစ်ဦးကလည်း ဒီကနေ့ လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်တဲ့အခြေအနေကို အခုလို ပြောပါတယ်။

“ ဂျက်ဖိုက်တာတွေ အစောပိုင်း တိုက်ပွဲဖြစ်နေတုံးက နှစ်စီးလောက် တစ်ခါ လာသွားတယ်။ အဲဒါပြီးမှ ဟယ်လီကော်ပတာ ၂စီး၊ ၁နာရီကျော်လောက် မိုးတားလေး ဝန်းကျင် ပတ်ပျံတယ်။ တစ်စီးက ပစ္စည်းချ၊ လူချ၊ တစ်စီးက ဘေးလိုက်ပစ်နေတာ။ အခုနောက်ဆုံး ၄နာရီကျ PDF တွေ ပြန်အဆုတ်ကို လိုက်ပစ်နေတာ။ ”

နှစ်ဘက်တပ်တွေအကြားမှာ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားပြီး မနက် ၁၁ နာရီကျော်လောက်မှာတော့ ပြီးသွားတယ်လို့ ပြောပါတယ်။ နှစ်ဘက် ထိခိုက်ကျဆုံးအခြေအနေကို သူက အခုလို ဆက်ပြောပါတယ်။

“ မနက်အစောကြီးတည်းက ဖြစ်နေတာ။ ဖြစ်တာက ၁၁ကျော်ကျော် ၁၂လောက်မှ ပြီးတာ။ သူတို့ ၇၂ယောက်က သေဆုံးစာရင်း။ ပြီးတဲ့အချိန်မှာ ရဟတ်ယာဉ်ရောက်လာပြီး ပစ်သွားတာ အဲဒီမှာ တစ်ယောက်ကျ၊ တစ်ယောက်ထိတယ်။ ပီဒီအက်ဖ်ပေါ့။ ဒီကနေ့ကတော့ အဲဒီဘက်က အတည်ပြုတာ တိုက်ပွဲက ပြီးသွားပြီတဲ့ ၁၂ နာရီလောက်က။ ”

ကချင်ပြည်နယ်အခြေစိုက်သတင်းမီဒီယာအချို့မှာတော့ ၄ ရက်ကြာဖြစ်ပွားတဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က ဗျူဟာမှူးတစ်ဦး ကျဆုံးကြောင်းဖော်ပြထားပါတယ်။ တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးတဲ့ အခြေအနေကိုတော့ ဗွီအိုအေက သီးခြား အတည်မပြုနိုင်ပါဘူး။ ဒီနေ့တိုက်ပွဲတွေအတွင်း မိုးတားလေးရွာနဲ့ တိုက်ကုန်းရွာက နေအိမ်အချို့ မီးလောင်ကြွမ်းခဲ့သလို ဒေသခံအချို့ ထိခိုက်သေဆုံးကြောင်း ဒေသခံတွေက ပြောပေမဲ့ လောလောဆယ်မှာ သီးခြားအတည်မပြုနိုင်သေးပါဘူး။ ၁၈ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုမှာတော့ ၇ ယောက်သေဆုံးခဲ့ပါတယ်။ လက်ရှိ ကသာမြို့နယ်အတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသလို တိုက်ပွဲမှာပါဝင်နေတဲ့ မြို့လှ PDF အဖွဲ့က မနေ့ကအထိအခြေအနေကို သူတို့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြခဲ့ပေမယ့် ဒီကနေ့ အခြေအနေကို သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

XS
SM
MD
LG