သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေကာလင္းၿမိဳ႕နယ္ထဲ စစ္ေကာင္စီေလေၾကာင္းတိုက္ခိုက္


စစ္ကိုင္းတုိင္း၊ ေကာလင္းၿမိဳ႕နယ္ (Crd: MIMU)

စစ္ကိုင္းတိုင္း ေကာလင္းၿမိဳ႕နယ္ထဲက ေက်ာက္ျပင္သာ႐ြာကို ျမန္မာစစ္တပ္က ေလေၾကာင္းကေန ဗုံးႀကဲတိုက္ခိုက္လို႔ ေက်း႐ြာဓမၼာ႐ုံနဲ႔ ေနအိမ္တခ်ိဳ႕ ထိခိုက္ပ်က္စီးခဲ့ပါတယ္။ တခ်ိန္တည္းမွာ ေကာလင္းအေရွ႕ျခမ္းေက်း႐ြာေတြကို ျမန္မာစစ္ေကာင္စီတပ္က နယ္ေျမရွင္းလင္းေရးစစ္ေၾကာင္း ဝင္လာလာလို႔ ေက်း႐ြာ ၉ ႐ြာေလာက္က ေဒသခံေတြ ေတာထဲ တိမ္းေရွာင္ေနရပါတယ္။ ဒီအေၾကာင္း သတင္းေပးပို႔ခ်က္ကို ကိုသားၫြန႔္ဦး ေျပာျပပါမယ္။

ေကာလင္းၿမိဳ႕နယ္ အေရွ႕ျခမ္း ေက်ာက္ျပင္သာ႐ြာမွာ ေဒသခံ ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕ေတြ မိုင္းသင္တန္း ဆင္းပြဲ လုပ္ေနၾကခ်ိန္နဲ႔ အစည္းအေဝးလုပ္ၿပီးခ်ိန္ ညေနပိုင္းမွာပဲ ျမန္မာစစ္ေကာင္စီက အဲဒီေနရာေတြကို ေလေၾကာင္းကေန တိုက္ခိုက္ခဲ့တာပါ။ စစ္ေကာင္စီ ေလေၾကာင္းတိုက္ခိုက္တာခံခဲ့ရတယ္ဆိုတာကို ေကာလင္းအေရွ႕ျခမ္း ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္ ကိုမေဘြးက VOA ကို အတည္ျပဳေျပာပါတယ္။

"ကြၽန္ေတာ္တို႔ မေန႔က မိုင္းသင္တန္း ဆင္းေနၾကတဲ့ အခ်ိန္မွာ ဒီအခု ကြၽန္ေတာ္တို႔ အဲ့ဒီ ႐ြာမွာေပါ့ေလေနာ၊ အဲ့ဥစၥာမွာ အစည္းအေဝးလည္း တစ္ခုရွိတယ္ဗ်။ အဲ့မွာ ေက်ာင္းကို ကြၽန္ေတာ္တို႔ မိုင္းသင္တန္းနဲ အေရွ႕ဖက္ကနား ကပ္ရက္ကေလးပါဘဲ၊ ေလယာဥ္က တစ္စီးတည္းဗ်၊ တစ္စီးတည္းကို ႏွစ္ဖက္လွည့္သြားၿပီးေတာ့ ပထမဆုံး ကြၽန္ေတာ္တို႔ ဖက္ကို တေခါက္လာေတာ့ေလ ပထမဆုံး စစဦးတက္ခဲ့ေတာ့ အဲ့မွာ ဗုံးအႀကီးႀကီးတစ္လုံး ခြဲသြားတယ္ဗ်။ အဲ့ကေနမွာ ေနာက္တစ္ေခါက္လာေတာ့ စက္ေသနတ္နဲ႔ ပစ္သြားတယ္ဗ်၊ ေလယာဥ္ေပၚကေန ပစ္သြားတာဗ် ေလးခ်က္။"

ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြရွိေနတယ္ဆိုတာကို သတင္းရၿပီး စစ္ေကာင္စီက အခုလိုဗုံးႀကဲတိုက္ခိုက္တာလို႔ ယူဆေပမယ့္၊ လူထိခိုက္ေသဆုံးမႈမရွိဘူးလို႔ ကိုမေဘြးက ေျပာပါတယ္။ ပကဖ တပ္ဖြဲ႕ဝင္ေတြ အစည္းအေဝးၿပီးလို႔ ျပန္ထြက္သြားၾကၿပီးခ်ိန္မွာမွ ဗုံးႀကဲတိုက္ခိုက္ခံရတာ ျဖစ္တယ္လို႔ ေျပာပါတယ္။

"သူတို႔ သတင္းမွားလည္း ျဖစ္ရင္ျဖစ္မွာေပါ့၊ ကြၽန္ေတာ္တို႔က အေရွ႕မွာလည္း အစည္းအေဝးရွိတယ္ဗ်ာ။ ကြၽန္ေတာ္တို႔ အေရွ႕ဖက္မွာကေလ။ အဲ့ဒါၿပီး‌ေတာ့ သူတို႔ရဲ႕ အေနာက္ဖက္မွာကက်ေတာ့ မိုင္းသင္တန္းဗ်။ အဲ့ဥစၥာ ၂ ခုက သိပ္ၿပီးေတာ့မွ မကြာဘူးဗ်။ အခု ဓမၼာ႐ုံကို ပစ္သြားတယ္ဆိုတာက တိက်မႈကေတာ့ ဘယ္လိုေျပာမလဲ တစ္အိမ္တစ္ေယာက္ဆိုေတာ့ အဲ့ဒီမွာ အစည္းအေဝးလုပ္ေနတဲ့ အခ်ိန္ပိုင္း ၁၅ မိနစ္ေလာက္ေလးပဲ ကြာတယ္။ လူကေတာ့ မထိဘူး၊ အဲ့မွာ အိမ္နဲ႔ ေက်ာင္းတခ်ိဳ႕ေလာက္ပဲ ထိခိုက္မႈ ရွိတယ္။"

မေန႔ည ညေနပိုင္းက ျမန္မာစစ္တပ္က အခုလို ဗုံးက်ဲ တိုက္ခိုက္ခဲ့တာေၾကာင့္ေရာ ဒီကေန႔ မနက္ပိုင္း ၁၀ နာရီ ဝန္းက်င္ေလာက္မွာ အင္ပင္သာ ေက်း႐ြာကို စစ္ေကာင္စီ စစ္ေၾကာင္းေတြ ဝင္လာတာေၾကာင့္ပါ အနီးအနားက ေက်း႐ြာ ၉ ႐ြာေလာက္က ေဒသခံေတြ ေတာထဲကို ထြက္ေျပးတိမ္းေရွာင္ေနၾကရတယ္လို႔ ေဒသခံ အမ်ိဳးသမီးတဦးက ေျပာပါတယ္။

"ကြၽန္မတို႔ အင္ပင္သာအုပ္စု အင္ပင္သာ႐ြာထဲမွာကေတာ့ စစ္ေၾကာင္းဝင္ေနတာရွိပါတယ္ရွင့္ စစ္ေၾကာင္းေတြဝင္လာလို႔ ကြၽန္မတို႔ ေျပးေနရ ပုန္းေနရတာပါ။ မနက္ ၁၀ နာရီေလာက္မွာ ကြၽန္မဒီကေန သြားေတာ့ ႐ြာထဲက်မွာ စစ္ေၾကာင္း ေနာက္က ဆင္းခဲ့တာလို႔ ၾကားတယ္ရွင့္။ ၉ နာရီ ၁၀ နာရီေလာက္ကရွင့္။ (စစ္ေရွာင္ၾကရတာက) ခဏခဏ အပတ္တိုင္းရွင့္။"

ျမန္မာစစ္တပ္ရဲ႕ မီးရႈိ႕ဖ်က္ဆီးမႈေတြ၊ ေဒသခံေတြရဲ႕ စားနပ္ရိကၡာေတြကို လုယူတာေတြနဲ႔ ေလေၾကာင္းတိုက္ခိုက္မႈေတြေၾကာင့္ ေဒသခံေတြအတြက္ ေနေရး စားေရး အခက္အခဲေတြ အမ်ားႀကီးႀကဳံေနၾကရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ စစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းေရး ထိုးစစ္နဲ႔ တိုက္ပြဲေတြေၾကာင့္ စစ္ကိုင္းအတြင္းမွာ အိုးအိမ္ စြန႔္ခြာ ထြက္ေျပးေနၾကရတဲ့ စစ္ေရွာင္ အေရ အတြက္ေတြက တေန႔ထက္တေန႔ ပိုၿပီးတိုးလာေနပါတယ္။ နယ္ေျမရွင္းလင္းေရးစစ္ဆင္ေရးေတြမွာ ျမန္မာစစ္ေကာင္စီက ေလေၾကာင္းပစ္ကူသုံးတာ၊ ေလေၾကာင္းခ်ီတပ္ အသုံးျပဳတာေတြေၾကာင့္ အရပ္သားထိခိုက္မႈေတြလည္း မ်ားလာတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

{Unicode}

ကောလင်းမြို့နယ်ထဲ စစ်ကောင်စီလေကြောင်းတိုက်ခိုက်
ဇန်နဝါရီ ၂၀၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ)

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်ထဲက ကျောက်ပြင်သာရွာကို မြန်မာစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကျေးရွာဓမ္မာရုံနဲ့ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။ တချိန်တည်းမှာ ကောလင်းအရှေ့ခြမ်းကျေးရွာတွေကို မြန်မာစစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေးစစ်ကြောင်း ဝင်လာလာလို့ ကျေးရွာ ၉ ရွာလောက်က ဒေသခံတွေ တောထဲ တိမ်းရှောင်နေရပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို ကိုသားညွန့်ဦး ပြောပြပါမယ်။

ကောလင်းမြို့နယ် အရှေ့ခြမ်း ကျောက်ပြင်သာရွာမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ မိုင်းသင်တန်း ဆင်းပွဲ လုပ်နေကြချိန်နဲ့ အစည်းအဝေးလုပ်ပြီးချိန် ညနေပိုင်းမှာပဲ မြန်မာစစ်ကောင်စီက အဲဒီနေရာတွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်တာခံခဲ့ရတယ်ဆိုတာကို ကောလင်းအရှေ့ခြမ်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုမဘွေးက VOA ကို အတည်ပြုပြောပါတယ်။

"ကျွန်တော်တို့ မနေ့က မိုင်းသင်တန်း ဆင်းနေကြတဲ့ အချိန်မှာ ဒီအခု ကျွန်တော်တို့ အဲ့ဒီ ရွာမှာပေါ့လေနော၊ အဲ့ဥစ္စာမှာ အစည်းအဝေးလည်း တစ်ခုရှိတယ်ဗျ။ အဲ့မှာ ကျောင်းကို ကျွန်တော်တို့ မိုင်းသင်တန်းနဲ အရှေ့ဖက်ကနား ကပ်ရက်ကလေးပါဘဲ၊ လေယာဥ်က တစ်စီးတည်းဗျ၊ တစ်စီးတည်းကို နှစ်ဖက်လှည့်သွားပြီးတော့ ပထမဆုံး ကျွန်တော်တို့ ဖက်ကို တခေါက်လာတော့လေ ပထမဆုံး စစဦးတက်ခဲ့တော့ အဲ့မှာ ဗုံးအကြီးကြီးတစ်လုံး ခွဲသွားတယ်ဗျ။ အဲ့ကနေမှာ နောက်တစ်ခေါက်လာတော့ စက်သေနတ်နဲ့ ပစ်သွားတယ်ဗျ၊ လေယာဥ်ပေါ်ကနေ ပစ်သွားတာဗျ လေးချက်။"

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရှိနေတယ်ဆိုတာကို သတင်းရပြီး စစ်ကောင်စီက အခုလိုဗုံးကြဲတိုက်ခိုက်တာလို့ ယူဆပေမယ့်၊ လူထိခိုက်သေဆုံးမှုမရှိဘူးလို့ ကိုမဘွေးက ပြောပါတယ်။ ပကဖ တပ်ဖွဲ့ဝင်တွေ အစည်းအဝေးပြီးလို့ ပြန်ထွက်သွားကြပြီးချိန်မှာမှ ဗုံးကြဲတိုက်ခိုက်ခံရတာ ဖြစ်တယ်လို့ ပြောပါတယ်။

"သူတို့ သတင်းမှားလည်း ဖြစ်ရင်ဖြစ်မှာပေါ့၊ ကျွန်တော်တို့က အရှေ့မှာလည်း အစည်းအဝေးရှိတယ်ဗျာ။ ကျွန်တော်တို့ အရှေ့ဖက်မှာကလေ။ အဲ့ဒါပြီး‌တော့ သူတို့ရဲ့ အနောက်ဖက်မှာကကျတော့ မိုင်းသင်တန်းဗျ။ အဲ့ဥစ္စာ ၂ ခုက သိပ်ပြီးတော့မှ မကွာဘူးဗျ။ အခု ဓမ္မာရုံကို ပစ်သွားတယ်ဆိုတာက တိကျမှုကတော့ ဘယ်လိုပြောမလဲ တစ်အိမ်တစ်ယောက်ဆိုတော့ အဲ့ဒီမှာ အစည်းအဝေးလုပ်နေတဲ့ အချိန်ပိုင်း ၁၅ မိနစ်လောက်လေးပဲ ကွာတယ်။ လူကတော့ မထိဘူး၊ အဲ့မှာ အိမ်နဲ့ ကျောင်းတချို့လောက်ပဲ ထိခိုက်မှု ရှိတယ်။"

မနေ့ည ညနေပိုင်းက မြန်မာစစ်တပ်က အခုလို ဗုံးကျဲ တိုက်ခိုက်ခဲ့တာကြောင့်ရော ဒီကနေ့ မနက်ပိုင်း ၁၀ နာရီ ဝန်းကျင်လောက်မှာ အင်ပင်သာ ကျေးရွာကို စစ်ကောင်စီ စစ်ကြောင်းတွေ ဝင်လာတာကြောင့်ပါ အနီးအနားက ကျေးရွာ ၉ ရွာလောက်က ဒေသခံတွေ တောထဲကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

"ကျွန်မတို့ အင်ပင်သာအုပ်စု အင်ပင်သာရွာထဲမှာကတော့ စစ်ကြောင်းဝင်နေတာရှိပါတယ်ရှင့် စစ်ကြောင်းတွေဝင်လာလို့ ကျွန်မတို့ ပြေးနေရ ပုန်းနေရတာပါ။ မနက် ၁၀ နာရီလောက်မှာ ကျွန်မဒီကနေ သွားတော့ ရွာထဲကျမှာ စစ်ကြောင်း နောက်က ဆင်းခဲ့တာလို့ ကြားတယ်ရှင့်။ ၉ နာရီ ၁၀ နာရီလောက်ကရှင့်။ (စစ်ရှောင်ကြရတာက) ခဏခဏ အပတ်တိုင်းရှင့်။"

မြန်မာစစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုတွေ၊ ဒေသခံတွေရဲ့ စားနပ်ရိက္ခာတွေကို လုယူတာတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေအတွက် နေရေး စားရေး အခက်အခဲတွေ အများကြီးကြုံနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်နဲ့ တိုက်ပွဲတွေကြောင့် စစ်ကိုင်းအတွင်းမှာ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ရှောင် အရေ အတွက်တွေက တနေ့ထက်တနေ့ ပိုပြီးတိုးလာနေပါတယ်။ နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးတွေမှာ မြန်မာစစ်ကောင်စီက လေကြောင်းပစ်ကူသုံးတာ၊ လေကြောင်းချီတပ် အသုံးပြုတာတွေကြောင့် အရပ်သားထိခိုက်မှုတွေလည်း များလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

XS
SM
MD
LG