[Unicode]
ပြည်သူဘက်သား CDM စစ်သည် ဇနီးမယားများ (အမျိုးသမီးကဏ္ဍ)
စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင် တော်လှန်သူတွေထဲမှာ CDM စစ်သည်စစ်သားတွေ အများအပြား ပါဝင်ခဲ့သလို၊ စစ်သားတယောက် CDM လုပ်နိုင်ဖို့အတွက် နောက်ကနေ ကူညီ ပံ့ပိုးတဲ့ ဇနီးမယားတွေရဲ့ အခန်းကဏ္ဍကလည်း အင်မတန် အရေးပါ ပါတယ်လို့ CDM စစ်သား ဇနီးမယားတွေက ပြောပါတယ်။ CDM စစ်သား ဇနီးသည်တွေ အနေနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ဘယ်လို ယုံကြည်ချက်တွေနဲ့ အခန်းကဏ္ဍ ကနေ ပါဝင်နေကြပါလဲ။ သူတို့ရဲ့ ပါဝင်မှုကရော ဘယ်လောက်အထိ အရေးပါ ပါလဲ။ CDM စစ်သား ဇနီးသည်တွေဖြစ်ကြတဲ့ မဆုသစ်၊ မနွေဦး နဲ့ CDM တပ်ကြပ်ကြီး မယဉ်လဲ့လဲ့ထွန်း တို့ကို ဆက်သွယ် မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။
===========================
[Unicode]
ျပည္သူဘက္သား CDM စစ္သည္ ဇနီးမယားမ်ား (အမ်ိဳးသမီးက႑)
စစ္တပ္အာဏာသိမ္းမႈကို ဆန႔္က်င္ ေတာ္လွန္သူေတြထဲမွာ CDM စစ္သည္စစ္သားေတြ အမ်ားအျပား ပါဝင္ခဲ့သလို၊ စစ္သားတေယာက္ CDM လုပ္ႏိုင္ဖို႔အတြက္ ေနာက္ကေန ကူညီ ပံ့ပိုးတဲ့ ဇနီးမယားေတြရဲ႕ အခန္းက႑ကလည္း အင္မတန္ အေရးပါ ပါတယ္လို႔ CDM စစ္သား ဇနီးမယားေတြက ေျပာပါတယ္။ CDM စစ္သား ဇနီးသည္ေတြ အေနနဲ႔ စစ္အာဏာရွင္ ဆန႔္က်င္ေရး လႈပ္ရွားမႈေတြမွာ ဘယ္လို ယုံၾကည္ခ်က္ေတြနဲ႔ အခန္းက႑ ကေန ပါဝင္ေနၾကပါလဲ။ သူတို႔ရဲ႕ ပါဝင္မႈကေရာ ဘယ္ေလာက္အထိ အေရးပါ ပါလဲ။ CDM စစ္သား ဇနီးသည္ေတြျဖစ္ၾကတဲ့ မဆုသစ္၊ မေႏြဦး နဲ႔ CDM တပ္ၾကပ္ႀကီး မယဥ္လဲ့လဲ့ထြန္း တို႔ကို ဆက္သြယ္ ေမးျမန္းၿပီး ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက တင္ဆက္ထားပါတယ္။