=== [[ ZAWGYI ]] ===
ကခ်င္ ဘာသာေရးေခါင္းေဆာင္ ေဒါက္တာခလမ္ဆမ္ဆြန္ကုိ ျပန္လႊတ္ဖုိ႔ အေမရိကန္ေတာင္းဆုိ
ကခ်င္ ႏွစ္ျခင္းခရစ္ယာန္အဖြဲ႕ခ်ဳပ္ KBC အႀကီးအကဲ သိကၡာေတာ္ရဆရာေတာ္ ေဒါက္တာ ခလမ္ဆမ္ဆြန္ ဖမ္းဆီး ထိန္းသိမ္းခံထားရတဲ့အေပၚ အေမရိကန္က ျပင္းျပင္းထန္ထန္ရႈတ္ခ်ၿပီး ခြၽင္းခ်က္မရွိ အျမန္ဆုံး ျပန္လႊတ္ေပးဖို႔နဲ႔ သူ႔အေပၚ တရားစြဲဆိုထားတာ အားလံုးကို ပယ္ဖ်က္ေပးဖို႔ အေမရိကန္အစိုးရက ေတာင္းဆိုတယ္လို႔ ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရ Ned Price က ၾကာသပေတးေန႔မွာ သတင္းေထာက္ေတြကို ေျပာပါတယ္။
ထိုင္းႏိုင္ငံကို ေဆးသြားကုဖို႔အသြား ေဒါက္တာ ခလမ္ဆမ္ဆြန္ကို မႏွစ္ ဒီဇင္ဘာ ၅ ရက္ မနက္ ၉ နာရီခန႔္က စစ္ေဆး ေမးျမန္း စရာရွိလို႔ဆိုၿပီး စစ္ေကာင္စီ တပ္ဖြဲ႕ဝင္ေတြ မႏၲေလးအျပည္ျပည္ဆိုင္ရာေလဆိပ္မွာ ဖမ္းဆီးခဲ့တာပါ။ ဇန္နဝါရီ ၁၁ ရက္ မွာေတာ့ ဗိုလ္မႉးသူေအာင္ေဇာ္ ဆိုသူ က ျမစ္ႀကီးနားရဲစခန္းမွာ မတရားအသင္း ဆက္သြယ္မႈဥပေဒပုဒ္မ ၁၇/၁၊ တပ္မေတာ္ကိုအၾကည္ညိဳ ပ်က္ေအာင္ ေသြးထိုး လႈံ ေဆာ္မႈ ၅၀၅-ကတို႔နဲ႔ အမႈဖြင့္ခဲ့တဲ့ေနာက္ အခု တရား ရင္ဆိုင္ေနရတာျဖစ္ပါတယ္။
ထပ္တိုးလိုက္တဲ့ အၾကမ္းဖက္မႈ ဥပေဒပုဒ္မ ၅၂(က)စြဲခ်က္ကိုေတာ့ အဂၤါန႔က ပထမဆုံးအႀကိမ္ ႐ုံးထုတ္စစ္ေဆးခဲ့တာျဖစ္ၿပီး ကနဦးစစ္ေဆးေနတဲ့ ပုဒ္မ ၁၇/၁နဲ႔ ပုဒ္မ ၅၀၅-က ပုဒ္မႏွစ္ခုအတြက္ လာမယ့္႐ုံးခ်ိန္းမွာ စြဲခ်က္တင္-မတင္ ဆုံးျဖတ္ဖို႔ ရွိေနတယ္လို႔ ေရွ႕ေနျဖစ္သူက ေျပာပါတယ္။
ေဒါက္တာ ခလမ္ဆမ္ဆြန္ဟာ လူနည္းစုတိုင္းရင္းသားေတြအေပၚ ျမန္မာစစ္တပ္က ဘာသာေရး လြတ္လပ္ခြင့္ ဖိႏွိပ္မႈနဲ႔ ပတ္သက္ၿပီး ၂၀၁၉ ခုႏွစ္က အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ကို အေမရိကန္ျပည္ေထာင္စုအိမ္ျဖဴေတာ္မွာ ကိုယ္တိုင္သြားေရာက္ တင္ျပခဲ့သူလည္းျဖစ္ပါတယ္။ အဲဒါအတြက္လည္း အဲဒီအခ်ိန္တုန္းက သူ႔ကို ျမန္မာစစ္တပ္က တရားစြဲဆိုခဲ့ဖူးၿပီး၊ ေနာက္ပိုင္း အမႈ ႐ုပ္သိမ္းေပးခဲ့ တာ ျဖစ္ပါတယ္။
=== {{ UNICODE }} ===
ကချင် ဘာသာရေးခေါင်းဆောင် ဒေါက်တာခလမ်ဆမ်ဆွန်ကို ပြန်လွှတ်ဖို့ အမေရိကန်တောင်းဆို
ကချင် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC အကြီးအကဲ သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန် ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့အပေါ် အမေရိကန်က ပြင်းပြင်းထန်ထန်ရှုတ်ချပြီး ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့နဲ့ သူ့အပေါ် တရားစွဲဆိုထားတာ အားလုံးကို ပယ်ဖျက်ပေးဖို့ အမေရိကန်အစိုးရက တောင်းဆိုတယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရ Ned Price က ကြာသပတေးနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။
ထိုင်းနိုင်ငံကို ဆေးသွားကုဖို့အသွား ဒေါက်တာ ခလမ်ဆမ်ဆွန်ကို မနှစ် ဒီဇင်ဘာ ၅ ရက် မနက် ၉ နာရီခန့်က စစ်ဆေး မေးမြန်း စရာရှိလို့ဆိုပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဖမ်းဆီးခဲ့တာပါ။ ဇန်နဝါရီ ၁၁ ရက် မှာတော့ ဗိုလ်မှူးသူအောင်ဇော် ဆိုသူ က မြစ်ကြီးနားရဲစခန်းမှာ မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ ၁၇/၁၊ တပ်မတော်ကိုအကြည်ညို ပျက်အောင် သွေးထိုး လှုံ ဆော်မှု ၅၀၅-ကတို့နဲ့ အမှုဖွင့်ခဲ့တဲ့နောက် အခု တရား ရင်ဆိုင်နေရတာဖြစ်ပါတယ်။
ထပ်တိုးလိုက်တဲ့ အကြမ်းဖက်မှု ဥပဒေပုဒ်မ ၅၂(က)စွဲချက်ကိုတော့ အင်္ဂါန့က ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပြီး ကနဦးစစ်ဆေးနေတဲ့ ပုဒ်မ ၁၇/၁နဲ့ ပုဒ်မ ၅၀၅-က ပုဒ်မနှစ်ခုအတွက် လာမယ့်ရုံးချိန်းမှာ စွဲချက်တင်-မတင် ဆုံးဖြတ်ဖို့ ရှိနေတယ်လို့ ရှေ့နေဖြစ်သူက ပြောပါတယ်။
ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာ လူနည်းစုတိုင်းရင်းသားတွေအပေါ် မြန်မာစစ်တပ်က ဘာသာရေး လွတ်လပ်ခွင့် ဖိနှိပ်မှုနဲ့ ပတ်သက်ပြီး ၂၀၁၉ ခုနှစ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို အမေရိကန်ပြည်ထောင်စုအိမ်ဖြူတော်မှာ ကိုယ်တိုင်သွားရောက် တင်ပြခဲ့သူလည်းဖြစ်ပါတယ်။ အဲဒါအတွက်လည်း အဲဒီအချိန်တုန်းက သူ့ကို မြန်မာစစ်တပ်က တရားစွဲဆိုခဲ့ဖူးပြီး၊ နောက်ပိုင်း အမှု ရုပ်သိမ်းပေးခဲ့ တာ ဖြစ်ပါတယ်။