သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင် ဘာသာရေးခေါင်းဆောင် ဒေါက်တာခလမ်ဆမ်ဆွန်ကို ပြန်လွှတ်ဖို့ အမေရိကန်တောင်းဆို

အိမ်ဖြူတော်မှာ သမ္မတ Trump ကိုတင်ပြနေတဲ့ KBC ကချင်နှစ်ချင်းအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး Dr. Samson Hkalam
အိမ်ဖြူတော်မှာ သမ္မတ Trump ကိုတင်ပြနေတဲ့ KBC ကချင်နှစ်ချင်းအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး Dr. Samson Hkalam

=== [[ ZAWGYI ]] ===

ကချင် ဘာသာရေးခေါင်းဆောင် ဒေါက်တာခလမ်ဆမ်ဆွန်ကို ပြန်လွှတ်ဖို့ အမေရိကန်တောင်းဆို

ကချင် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC အကြီးအကဲ သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန် ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့အပေါ် အမေရိကန်က ပြင်းပြင်းထန်ထန်ရှုတ်ချပြီး ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့နဲ့ သူ့အပေါ် တရားစွဲဆိုထားတာ အားလုံးကို ပယ်ဖျက်ပေးဖို့ အမေရိကန်အစိုးရက တောင်းဆိုတယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရ Ned Price က ကြာသပတေးနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

ထိုင်းနိုင်ငံကို ဆေးသွားကုဖို့အသွား ဒေါက်တာ ခလမ်ဆမ်ဆွန်ကို မနှစ် ဒီဇင်ဘာ ၅ ရက် မနက် ၉ နာရီခန့်က စစ်ဆေး မေးမြန်း စရာရှိလို့ဆိုပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဖမ်းဆီးခဲ့တာပါ။ ဇန်နဝါရီ ၁၁ ရက် မှာတော့ ဗိုလ်မှူးသူအောင်ဇော် ဆိုသူ က မြစ်ကြီးနားရဲစခန်းမှာ မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ ၁၇/၁၊ တပ်မတော်ကိုအကြည်ညို ပျက်အောင် သွေးထိုး လှုံ ဆော်မှု ၅၀၅-ကတို့နဲ့ အမှုဖွင့်ခဲ့တဲ့နောက် အခု တရား ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ထပ်တိုးလိုက်တဲ့ အကြမ်းဖက်မှု ဥပဒေပုဒ်မ ၅၂(က)စွဲချက်ကိုတော့ အင်္ဂါန့က ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပြီး ကနဦးစစ်ဆေးနေတဲ့ ပုဒ်မ ၁၇/၁နဲ့ ပုဒ်မ ၅၀၅-က ပုဒ်မနှစ်ခုအတွက် လာမယ့်ရုံးချိန်းမှာ စွဲချက်တင်-မတင် ဆုံးဖြတ်ဖို့ ရှိနေတယ်လို့ ရှေ့နေဖြစ်သူက ပြောပါတယ်။

ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာ လူနည်းစုတိုင်းရင်းသားတွေအပေါ် မြန်မာစစ်တပ်က ဘာသာရေး လွတ်လပ်ခွင့် ဖိနှိပ်မှုနဲ့ ပတ်သက်ပြီး ၂၀၁၉ ခုနှစ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို အမေရိကန်ပြည်ထောင်စုအိမ်ဖြူတော်မှာ ကိုယ်တိုင်သွားရောက် တင်ပြခဲ့သူလည်းဖြစ်ပါတယ်။ အဲဒါအတွက်လည်း အဲဒီအချိန်တုန်းက သူ့ကို မြန်မာစစ်တပ်က တရားစွဲဆိုခဲ့ဖူးပြီး၊ နောက်ပိုင်း အမှု ရုပ်သိမ်းပေးခဲ့ တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

=== {{ UNICODE }} ===






This item is part of
XS
SM
MD
LG