သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကုိယ္၀န္ေဆာင္မိခင္ ေသဆုံးမႈ အႏၱရာယ္ ကုလသတိေပး


=== [[ ZAWGYI ]] ===

ကုိယ္၀န္ေဆာင္မိခင္ ေသဆုံးမႈ အႏၱရာယ္ ကုလသတိေပး

ကမာၻ ေပၚမွာ အမ်ိဳးသမီးေတြဟာ ကိုယ္ဝန္ေဆာင္စဥ္ ဒါမွမဟုတ္ မီးဖြားစဥ္မွာ ႏွစ္မိနစ္ တေယာက္ႏႈန္း ေသဆုံးေနရၿပီး အဲဒီေသဆုံးသူေတြထဲက အမ်ားစုဟာ ႀကိဳတင္ကာကြယ္ႏိုင္တဲ့ ေရာဂါေတြေၾကာင့္ ျဖစ္ရေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) အပါအဝင္ ကုလသမဂၢရဲ႕ ထိပ္တန္းေအဂ်င္စီ ေလးခုနဲ႔ ကမာၻ႔ဘဏ္ က ထုတ္ျပန္တဲ့ အစီရင္ခံစာအသစ္တခုက ဆိုပါတယ္။

“၂၀၀၀ ျပည့္ႏွစ္ကေန ၂၀၂၀ ခုႏွစ္ အတြင္း ကိုယ္ဝန္ေဆာင္ မိခင္ ေသဆုံးမႈ" ဆိုင္ရာကို ေလ့လာ မွတ္တမ္းျပဳထားတဲ့ အခ်က္အလက္ေတြကအရ က်န္းမာေရးေစာင့္ေရွာက္မႈစနစ္ေတြမွာ ပိုမို ပိုက္ဆံသုံးစြဲဖို႔နဲ႔ လူမႈ စီးပြား မမွ်မတ ျဖစ္ေနတာေတြကို ေလွ်ာ့ခ်ဖို႔ ကမာၻ႔ေခါင္းေဆာင္ေတြကို သတိေပး တပ္လွန္႔လိုက္တာလို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕က တာဝန္ရွိသူေတြက ေထာက္ျပပါတယ္။

ဒါက အမ်ိဳးသမီးေတြနဲ႔ မိန္းကေလးငယ္ေတြ အားလုံးဟာ မီးမဖြားခင္၊ မီးဖြားစဥ္နဲ႔ ကေလးေမြးၿပီးၿပီးခ်င္းမွာ အေရးႀကီးတဲ့ က်န္းမာေရးေစာင့္ရွာက္မႈေတြ ခံယူရရွိဖို႔နဲ႔ သူတို႔ရဲ႕ မ်ိဳးပြားမႈဆိုင္ရာ အခြင့္အေရးေတြကို အျပည့္အဝ ရရွိက်င့္သုံးႏိုင္ေစဖို႔ အေရးတႀကီး လိုအပ္ေနတာကို ျပသေနတာလို႔ ဆိုပါတယ္။

အစီရင္ခံစာအရ ၂၀၂၀ တႏွစ္ထဲမွာတင္ ကမာၻတဝွမ္းရွိ အမ်ိဳးသမီး ၂၈၇,၀၀၀ ဝန္းက်င္ဟာ ကိုယ္ဝန္ေဆာင္မိခင္ဆိုင္ရာ ေရာဂါ တခုခုေၾကာင့္ ေသဆုံးခဲ့ရပါတယ္။ ဒါဟာ တရက္ကို အမ်ိဳးသမီး ၈၀၀ ႏႈန္း ေသဆုံးတာျဖစ္ၿပီး ၂ မိနစ္မွာ တဦးႏႈန္း ေသဆုံးေနတာ ျဖစ္ပါတယ္။

အမ်ိဳးသမီးအခြင့္အေရး ခ်ိဳးေဖာက္ခံရတဲ့ တိုင္းျပည္ေတြမွာ မညီမွ်မႈေတြ ရွိေနတာကိုလည္း ဒီကိန္းဂဏန္းေတြက ေဖာ္ျပေနတယ္ ဆိုပါတယ္။ ဒါ့အျပင္ ဝင္ေငြနည္းႏိုင္ငံေတြမွာ ဝင္ေငြျမင့္မားတဲ့ႏိုင္ငံေတြနဲ႔ ယွဥ္ရင္ အမ်ိဳးသမီးတေယာက္ဟာ သူ႔ရင္ေသြးကို မီးဖြားေနတုန္း ေသဆုံးႏိုင္ေျခက အဆတစ္ရာေက်ာ္ရွိတယ္လို႔ ဒီ ေလ့လာမႈ အစီရင္ခံစာက ေထာက္ျပပါတယ္။

၂၀၁၆ နဲ႔ ၂၀၂၀ ၾကားမွာ ဥေရာပ၊ ေျမာက္အေမရိက၊ လက္တင္အေမရိကနဲ႔ ကာေရဘီယံေဒသေတြမွာ မိခင္ေသဆုံးမႈႏႈန္း တိုးလာတယ္လို႔ အဲဒီ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ ေသဆုံးမႈ အေရအတြက္ တိုးလာေပမယ့္ အဲဒီ ေဒသတြဟာ ကမာၻေပၚမွာ မိခင္ေသဆုံးမႈႏႈန္း အနိမ့္ဆုံး ေဒသေတြ ျဖစ္တယ္လို႔ အစီရင္ခံစာက ဆိုပါတယ္။

တခ်ိန္တည္းမွာပဲ ၾသစေၾတးလ်၊ နယူးဇီလန္၊ အာရွအလယ္ပိုင္းနဲ႔ ေတာင္ပိုင္းေတြမွာ မိခင္ေသဆုံးမႈ သိသိသာသာ ေလ်ာ့က်သြားတယ္လို႔ အဲဒီ အစီရင္ခံစာက ဆိုပါတယ္။ မိခင္ေသဆုံးမႈႏႈန္း အျမင့္ဆုံးကေတာ့ ဆာဟာရ ေတာင္ပုိင္းေဒသမွာ ေတြ႔ရွိရၿပီး ကမာၻတဝွမ္း မိခင္ေသဆုံးမႈရဲ႕ ၇၀ ရာခိုင္ႏႈန္း ရွိပါတယ္။

မိခင္ေတြေသဆုံးရတဲ့ အဓိက အေၾကာင္းရင္းေတြကေတာ့ ေသြးထြက္လြန္ျခင္း၊ ေသြးတိုးျခင္း၊ ကိုယ္ဝန္ေဆာင္ျခင္းဆိုင္ရာ ကူးစက္ေရာဂါမ်ား၊ အႏၲရာယ္ မကင္းတဲ့ ကိုယ္ဝန္ဖ်က္ခ်နည္းေတြေၾကာင့္ ျဖစ္လာတဲ့ ေနာက္ဆက္တြဲေတြနဲ႔ ခုခံအားက်ဆင္းမႈ HIV/AIDS နဲ႔ ငွက္ဖ်ားေရာဂါလို ေနာက္ခံေရာဂါေတြေၾကာင့္ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=== {{ UNICODE }} ===

ကိုယ်ဝန်ဆောင်မိခင် သေဆုံးမှု အန္တရာယ် ကုလသတိပေး

ကမ္ဘာ ပေါ်မှာ အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်စဉ် ဒါမှမဟုတ် မီးဖွားစဉ်မှာ နှစ်မိနစ် တယောက်နှုန်း သေဆုံးနေရပြီး အဲဒီသေဆုံးသူတွေထဲက အများစုဟာ ကြိုတင်ကာကွယ်နိုင်တဲ့ ရောဂါတွေကြောင့် ဖြစ်ရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အပါအဝင် ကုလသမဂ္ဂရဲ့ ထိပ်တန်းအေဂျင်စီ လေးခုနဲ့ ကမ္ဘာ့ဘဏ် က ထုတ်ပြန်တဲ့ အစီရင်ခံစာအသစ်တခုက ဆိုပါတယ်။

“၂၀၀၀ ပြည့်နှစ်ကနေ ၂၀၂၀ ခုနှစ် အတွင်း ကိုယ်ဝန်ဆောင် မိခင် သေဆုံးမှု" ဆိုင်ရာကို လေ့လာ မှတ်တမ်းပြုထားတဲ့ အချက်အလက်တွေကအရ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေမှာ ပိုမို ပိုက်ဆံသုံးစွဲဖို့နဲ့ လူမှု စီးပွား မမျှမတ ဖြစ်နေတာတွေကို လျှော့ချဖို့ ကမ္ဘာ့ခေါင်းဆောင်တွေကို သတိပေး တပ်လှန့်လိုက်တာလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တာဝန်ရှိသူတွေက ထောက်ပြပါတယ်။

ဒါက အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ အားလုံးဟာ မီးမဖွားခင်၊ မီးဖွားစဉ်နဲ့ ကလေးမွေးပြီးပြီးချင်းမှာ အရေးကြီးတဲ့ ကျန်းမာရေးစောင့်ရှာက်မှုတွေ ခံယူရရှိဖို့နဲ့ သူတို့ရဲ့ မျိုးပွားမှုဆိုင်ရာ အခွင့်အရေးတွေကို အပြည့်အဝ ရရှိကျင့်သုံးနိုင်စေဖို့ အရေးတကြီး လိုအပ်နေတာကို ပြသနေတာလို့ ဆိုပါတယ်။

အစီရင်ခံစာအရ ၂၀၂၀ တနှစ်ထဲမှာတင် ကမ္ဘာတဝှမ်းရှိ အမျိုးသမီး ၂၈၇,၀၀၀ ဝန်းကျင်ဟာ ကိုယ်ဝန်ဆောင်မိခင်ဆိုင်ရာ ရောဂါ တခုခုကြောင့် သေဆုံးခဲ့ရပါတယ်။ ဒါဟာ တရက်ကို အမျိုးသမီး ၈၀၀ နှုန်း သေဆုံးတာဖြစ်ပြီး ၂ မိနစ်မှာ တဦးနှုန်း သေဆုံးနေတာ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေး ချိုးဖောက်ခံရတဲ့ တိုင်းပြည်တွေမှာ မညီမျှမှုတွေ ရှိနေတာကိုလည်း ဒီကိန်းဂဏန်းတွေက ဖော်ပြနေတယ် ဆိုပါတယ်။ ဒါ့အပြင် ဝင်ငွေနည်းနိုင်ငံတွေမှာ ဝင်ငွေမြင့်မားတဲ့နိုင်ငံတွေနဲ့ ယှဉ်ရင် အမျိုးသမီးတယောက်ဟာ သူ့ရင်သွေးကို မီးဖွားနေတုန်း သေဆုံးနိုင်ခြေက အဆတစ်ရာကျော်ရှိတယ်လို့ ဒီ လေ့လာမှု အစီရင်ခံစာက ထောက်ပြပါတယ်။

၂၀၁၆ နဲ့ ၂၀၂၀ ကြားမှာ ဥရောပ၊ မြောက်အမေရိက၊ လက်တင်အမေရိကနဲ့ ကာရေဘီယံဒေသတွေမှာ မိခင်သေဆုံးမှုနှုန်း တိုးလာတယ်လို့ အဲဒီ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ သေဆုံးမှု အရေအတွက် တိုးလာပေမယ့် အဲဒီ ဒေသတွဟာ ကမ္ဘာပေါ်မှာ မိခင်သေဆုံးမှုနှုန်း အနိမ့်ဆုံး ဒေသတွေ ဖြစ်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

တချိန်တည်းမှာပဲ သြစတြေးလျ၊ နယူးဇီလန်၊ အာရှအလယ်ပိုင်းနဲ့ တောင်ပိုင်းတွေမှာ မိခင်သေဆုံးမှု သိသိသာသာ လျော့ကျသွားတယ်လို့ အဲဒီ အစီရင်ခံစာက ဆိုပါတယ်။ မိခင်သေဆုံးမှုနှုန်း အမြင့်ဆုံးကတော့ ဆာဟာရ တောင်ပိုင်းဒေသမှာ တွေ့ရှိရပြီး ကမ္ဘာတဝှမ်း မိခင်သေဆုံးမှုရဲ့ ရ၀ ရာခိုင်နှုန်း ရှိပါတယ်။

မိခင်တွေသေဆုံးရတဲ့ အဓိက အကြောင်းရင်းတွေကတော့ သွေးထွက်လွန်ခြင်း၊ သွေးတိုးခြင်း၊ ကိုယ်ဝန်ဆောင်ခြင်းဆိုင်ရာ ကူးစက်ရောဂါများ၊ အန္တရာယ် မကင်းတဲ့ ကိုယ်ဝန်ဖျက်ချနည်းတွေကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲတွေနဲ့ ခုခံအားကျဆင်းမှု HIV/AIDS နဲ့ ငှက်ဖျားရောဂါလို နောက်ခံရောဂါတွေကြောင့် ဖြစ်ပါတယ်။

XS
SM
MD
LG