သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကခ်င္အေျခစိုက္ပါတီတခ်ိဳ႕ နိုင္ငံေရးပါတီမွတ္ပုံတင္


ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ KSPP ေခါင္းေဆာင္မ်ား ေတြ႕ဆုံပဲြ (Photo: KSPP party)

=== [[ ZAWGYI ]] ===

ကခ်င္အေျခစိုက္ပါတီတခ်ိဳ႕ နိုင္ငံေရးပါတီမွတ္ပုံတင္

နိုင္ငံေရးပါတီမ်ား မွတ္ပုံတင္ျခင္း ဥပေဒသစ္အရ ေရြးေကာက္ပြဲေကာ္မရွင္ကို ကခ်င္ျပည္နယ္အေျခစိုက္ ပါတီအခ်ိဳ႕လည္း မွတ္ပုံတင္ ေလၽွာက္ထားခဲ့ၾကပါတယ္။ ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO က ၂၀၂၃ ေရြးေကာက္ပြဲကို သပိတ္ေမွာက္ဖို႔ တိုက္တြန္းထားတာေၾကာင့္ ကခ်င္နိုင္ငံေရးပါတီေတြနဲ႔ KIO အၾကား ပဋိပကၡေတြ ျမင့္တာလာမွာကို စိုးရိမ္ေနပါတယ္။ ဒီအေၾကာင္း သတင္းေပးပို႔ခ်က္ကို အေျခခံၿပီး ကိုသားညြန႔္ဦးေျပာျပပါမယ္။

မတ္လ ၈ ရက္ေန႔အထိ ေရြးေကာက္ပြဲေကာ္မရွင္ကို နိုင္ငံေရးပါတီအျဖစ္ ဆက္လက္ တည္ေထာင္ခြင့္နဲ႔ မွတ္ပုံတင္ခြင့္ ေလၽွာက္ထားတဲ့ ပါတီ ၁၉ ပါတီ ရွိခဲ့ၿပီး အဲဒီအထဲမွာ ကခ်င္ျပည္နယ္အေျခစိုက္ နိုင္ငံေရးပါတီ အနည္းဆုံး ၃ ပါတီ ပါဝင္ခဲ့တာပါ။

ဒီပါတီေတြကေတာ့ ဒီမိုကေရစီသစ္ပါတီ(ကခ်င္) ၊ ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ (KSPP) နဲ႔ လီဆူအမ်ိဳးသား ဖြံ့ၿဖိဳးတိုးတက္ေရးပါတီ (ဒူးေလး)တို႔ ျဖစ္ပါတယ္။

လီဆူအမ်ိဳးသား ဖြံ့ၿဖိဳးတိုးတက္ေရးပါတီ (ဒူးေလး)ဟာ ဒီလ ၈ ရက္ေန႔မွာ မွတ္ပုံတင္ခဲ့ၿပီး ေရြးေကာက္ပြဲမွာ အနည္းဆုံး ၁၀ ၿမိဳ႕နယ္ေလာက္မွာ ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔ရွိေၾကာင္း ပါတီဥကၠဌ ဦးေရႊမင္းက ေျပာပါတယ္။

“ အခု နိုင္ငံေရးပါတီမွာ မွတ္ပုံတင္ျခင္း ဥပေဒအရဆိုရင္ က်ေနာ္တို႔ ကခ်င္ျပည္နယ္ အေျခစိုက္ျဖစ္သြားပါလိမ့္မယ္။ အဲေတာ့ က်ေနာ္တို႔ ကခ်င္ျပည္နယ္မွာေတာ့ အဓိက ကိုယ့္ကိုေထာက္ခံမယ့္ မဲဆႏၵရွင္အမ်ားစုရွိမယ့္ ၿမိဳ႕နယ္ေတြမွာ ၿပိဳင္ဖို႔ ျဖစ္ပါလိမ့္မယ္။ အထူးသျဖင့္ က်ေနာ္တို႔ လီဆူနဲ႔ အျခားေသာ က်ေနာ္တို႔ကိုေထာက္ခံေသာ တိုင္းရင္းသားအမ်ားစုရွိေသာ ၿမိဳ႕နယ္မ်ားေပါ့ဗ်ာ။ အနည္းဆုံးက်ေနာ္တို႔ ၁၀ ၿမိဳ႕နယ္ေလာက္ေတာ့ ရွိပါတယ္။”

ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ (KSPP)ပါတီက ဒီလ ၇ ရက္ေန႔နဲ႔ ဒီမိုကေရစီသစ္ပါတီ(ကခ်င္) ကေတာ့ ေဖေဖာ္ဝါရီလ ၂၂ ရက္ေန႔က မွတ္ပုံတင္ ေလၽွာက္ထားခဲ့ၾကတာပါ။

ကခ်င္ျပည္နယ္က လက္နက္ကိုင္အဖြဲ႕ျဖစ္တဲ့ KIO ရဲ့ ဥကၠဌ ဗိုလ္ခ်ဳပ္ႀကီး အင္ဘန္လကေတာ့ စစ္ေကာင္စီက က်င္းပမယ့္ ေရြးေကာက္ပြဲမွာ မပါဝင္ဖို႔အတြက္ ႏွစ္သစ္ကူးမိန႔္ခြန္းမွာ ထည့္သြင္း ေျပာၾကားထားပါတယ္။ အခုလို ကခ်င္ပါတီေတြ ေရြးေကာက္ပြဲမွာ ပါဝင္လာရင္ KIO ဘက္က ဘယ္လို အေရးယူ ေဆာင္ရြက္တာေတြ ျဖစ္လာမလဲ ဆိုတာကိုေတာ့ KIO ဘက္က ထုတ္ျပန္လာတာ မရွိေသးပါဘူး ။

ကခ်င္ဒီမိုကရက္တစ္ပါတီ ဥကၠဌေဟာင္း ဂြမ္ဂရာေအာင္ခမ္းကေတာ့ လက္နက္နဲ႔ ေျဖရွင္းတာမ်ိဳးျဖစ္လာမွာကို စိုးရိမ္ေၾကာင္းေျပာပါတယ္။

“ KIO ဘက္ကေန ေရြးေကာက္ပြဲကိုေရာ၊ ပါတီလုပ္တဲ့ဟာေတြေရာ လက္မခံဘူးဆိုတဲ့ဟာမ်ိဳး က်ေနာ္ ၾကားလိုက္ပါတယ္။ ဆိုေတာ့ အဲဒီဟာကို အေရးယူမယ္ဆိုတဲ့ အပိုင္းက်ေတာ့ သူ႔အေပၚမွာပဲ မူတည္ပါတယ္။ လက္နက္နဲ႔ေျဖရွင္းၿပီ ဆိုရင္ေတာ့ ထိခိုက္မွုေတာ့ ရွိလာမယ့္ သေဘာမ်ိဳးေတာ့ ျဖစ္တယ္။ ဒါေၾကာင့္လည္း က်ေနာ္က စိုးရိမ္ပါတယ္။ ပဋိပကၡကို မျဖစ္ေအာင္ ဆိုတာကေတာ့ တာဝန္ရွိတဲ့သူ အေပၚမွာပဲ မူတည္တယ္ဆိုတာကို ေျပာလိုပါတယ္။”

ကခ်င္ဒီမိုကရက္တစ္ပါတီဟာ ကခ်င္ျပည္နယ္ျပည္သူ႔ပါတီ (KSPP) ကို ၂၀၁၉ ခုႏွစ္က ပူးေပါင္းတည္ေထာင္ခဲ့တဲ့ ကခ်င္ပါတီ ၃ ပါတီမွာ ပါဝင္ခဲ့ၿပီး လက္ရွိမွာေတာ့ KSPP ပါတီက ႏုတ္ထြက္ထားတာပါ။

စစ္ေကာင္စီဥကၠဌ ဗိုလ္ခ်ဳပ္မွုးႀကီးမင္းေအာင္လွိုင္ရဲ့ ႏွစ္သစ္ကူး ႏုတ္ခြန္းဆက္စကားမွာ လက္နက္ကိုင္ ပဋိပကၡေတြကို ေျဖရွင္းနိုင္ရင္ တိုင္းရင္းသားေတြနဲ႔ တိုင္းရင္းသားေဒသေတြရဲ့ အခြင့္အေရး ပိုမိုေဆာင္ရြက္နိုင္မွာျဖစ္ေၾကာင္း၊ တိုင္းရင္းသားေတြရဲ့ ဒီမိုကေရစီအခြင့္အေရး မဆုံးရွုံးေစဖို႔ နိုင္ငံအႏွံ ေရြးေကာက္ပြဲက်င္းပဖို႔ ေဆာင္ရြက္ေနေၾကာင္း ထည့္သြင္းေျပာဆိုထားပါတယ္။

အမ်ိဳးသားညီညြတ္ေရးအစိုးရ NUG နဲ႔ PDF အပါအဝင္ ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU ၊ ခ်င္းအမ်ိဳးသားတပ္ဦး CNF စတဲ့ စစ္ေကာင္စီကို ေတာ္လွန္ေနတဲ့ အဖြဲ႕အစည္းေတြနဲ႔ နိုင္ငံတကာကလည္း စစ္ေကာင္စီကက်င္းပမယ့္ ေရြးေကာက္ပြဲကို လက္မခံေၾကာင္း သေဘာထား ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

=== {{ UNICODE }} ===

ကချင်အခြေစိုက်ပါတီတချို့ နိုင်ငံရေးပါတီမှတ်ပုံတင်

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်အရ ရွေးကောက်ပွဲကော်မရှင်ကို ကချင်ပြည်နယ်အခြေစိုက် ပါတီအချို့လည်း မှတ်ပုံတင် လျှောက်ထားခဲ့ကြပါတယ်။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ၂၀၂၃ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ တိုက်တွန်းထားတာကြောင့် ကချင်နိုင်ငံရေးပါတီတွေနဲ့ KIO အကြား ပဋိပက္ခတွေ မြင့်တာလာမှာကို စိုးရိမ်နေပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုသားညွန့်ဦးပြောပြပါမယ်။

မတ်လ ၈ ရက်နေ့အထိ ရွေးကောက်ပွဲကော်မရှင်ကို နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့် လျှောက်ထားတဲ့ ပါတီ ၁၉ ပါတီ ရှိခဲ့ပြီး အဲဒီအထဲမှာ ကချင်ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီ အနည်းဆုံး ၃ ပါတီ ပါဝင်ခဲ့တာပါ။

ဒီပါတီတွေကတော့ ဒီမိုကရေစီသစ်ပါတီ(ကချင်) ၊ ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) နဲ့ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေး)တို့ ဖြစ်ပါတယ်။

photo courtesy: မေနာေျမ
photo courtesy: မေနာေျမ

လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေး)ဟာ ဒီလ ၈ ရက်နေ့မှာ မှတ်ပုံတင်ခဲ့ပြီး ရွေးကောက်ပွဲမှာ အနည်းဆုံး ၁၀ မြို့နယ်လောက်မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိကြောင်း ပါတီဥက္ကဌ ဦးရွှေမင်းက ပြောပါတယ်။

“ အခု နိုင်ငံရေးပါတီမှာ မှတ်ပုံတင်ခြင်း ဥပဒေအရဆိုရင် ကျနော်တို့ ကချင်ပြည်နယ် အခြေစိုက်ဖြစ်သွားပါလိမ့်မယ်။ အဲတော့ ကျနော်တို့ ကချင်ပြည်နယ်မှာတော့ အဓိက ကိုယ့်ကိုထောက်ခံမယ့် မဲဆန္ဒရှင်အများစုရှိမယ့် မြို့နယ်တွေမှာ ပြိုင်ဖို့ ဖြစ်ပါလိမ့်မယ်။ အထူးသဖြင့် ကျနော်တို့ လီဆူနဲ့ အခြားသော ကျနော်တို့ကိုထောက်ခံသော တိုင်းရင်းသားအများစုရှိသော မြို့နယ်များပေါ့ဗျာ။ အနည်းဆုံးကျနော်တို့ ၁၀ မြို့နယ်လောက်တော့ ရှိပါတယ်။”

ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP)ပါတီက ဒီလ ၇ ရက်နေ့နဲ့ ဒီမိုကရေစီသစ်ပါတီ(ကချင်) ကတော့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က မှတ်ပုံတင် လျှောက်ထားခဲ့ကြတာပါ။

ကချင်ပြည်နယ်က လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ KIO ရဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကတော့ စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲမှာ မပါဝင်ဖို့အတွက် နှစ်သစ်ကူးမိန့်ခွန်းမှာ ထည့်သွင်း ပြောကြားထားပါတယ်။ အခုလို ကချင်ပါတီတွေ ရွေးကောက်ပွဲမှာ ပါဝင်လာရင် KIO ဘက်က ဘယ်လို အရေးယူ ဆောင်ရွက်တာတွေ ဖြစ်လာမလဲ ဆိုတာကိုတော့ KIO ဘက်က ထုတ်ပြန်လာတာ မရှိသေးပါဘူး ။

ကချင်ဒီမိုကရက်တစ်ပါတီ ဥက္ကဌဟောင်း ဂွမ်ဂရာအောင်ခမ်းကတော့ လက်နက်နဲ့ ဖြေရှင်းတာမျိုးဖြစ်လာမှာကို စိုးရိမ်ကြောင်းပြောပါတယ်။

“ KIO ဘက်ကနေ ရွေးကောက်ပွဲကိုရော၊ ပါတီလုပ်တဲ့ဟာတွေရော လက်မခံဘူးဆိုတဲ့ဟာမျိုး ကျနော် ကြားလိုက်ပါတယ်။ ဆိုတော့ အဲဒီဟာကို အရေးယူမယ်ဆိုတဲ့ အပိုင်းကျတော့ သူ့အပေါ်မှာပဲ မူတည်ပါတယ်။ လက်နက်နဲ့ဖြေရှင်းပြီ ဆိုရင်တော့ ထိခိုက်မှုတော့ ရှိလာမယ့် သဘောမျိုးတော့ ဖြစ်တယ်။ ဒါကြောင့်လည်း ကျနော်က စိုးရိမ်ပါတယ်။ ပဋိပက္ခကို မဖြစ်အောင် ဆိုတာကတော့ တာဝန်ရှိတဲ့သူ အပေါ်မှာပဲ မူတည်တယ်ဆိုတာကို ပြောလိုပါတယ်။”

ကချင်ဒီမိုကရက်တစ်ပါတီဟာ ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ကို ၂၀၁၉ ခုနှစ်က ပူးပေါင်းတည်ထောင်ခဲ့တဲ့ ကချင်ပါတီ ၃ ပါတီမှာ ပါဝင်ခဲ့ပြီး လက်ရှိမှာတော့ KSPP ပါတီက နုတ်ထွက်ထားတာပါ။

စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ရဲ့ နှစ်သစ်ကူး နုတ်ခွန်းဆက်စကားမှာ လက်နက်ကိုင် ပဋိပက္ခတွေကို ဖြေရှင်းနိုင်ရင် တိုင်းရင်းသားတွေနဲ့ တိုင်းရင်းသားဒေသတွေရဲ့ အခွင့်အရေး ပိုမိုဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ တိုင်းရင်းသားတွေရဲ့ ဒီမိုကရေစီအခွင့်အရေး မဆုံးရှုံးစေဖို့ နိုင်ငံအနှံ ရွေးကောက်ပွဲကျင်းပဖို့ ဆောင်ရွက်နေကြောင်း ထည့်သွင်းပြောဆိုထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ PDF အပါအဝင် ကရင်အမျိုးသားအစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF စတဲ့ စစ်ကောင်စီကို တော်လှန်နေတဲ့ အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာကလည်း စစ်ကောင်စီကကျင်းပမယ့် ရွေးကောက်ပွဲကို လက်မခံကြောင်း သဘောထား ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG