သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

TikTok အသုံးပြုမှု ဗြိတိန်နဲ့ နယူးဇီလန်အစိုးရတွေ ပိတ်ပင်


ဆိုရှယ်မီဒီယာ Tiktok App အမှတ်အသားတံဆိပ်
ဆိုရှယ်မီဒီယာ Tiktok App အမှတ်အသားတံဆိပ်

ဗြိတိန်အစိုးရသုံး လက်ကိုင်ဖုန်းတွေနဲ့ နယူးဇီလန်လွှတ်တော်အဆောက်အဦးကို ဝင်ထွက်နေသူတွေရဲ့ လက်ကိုင်ဖုန်းတွေမှာ TikTok app မသုံးရလို့ တားမြစ်လိုက်ကြပါတယ်။ တရုတ်နိုင်ငံအခြေစိုက် ကုမ္ပဏီပိုင် TikTok App သုံးသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို တရုတ်အစိုးရက ရယူနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုကြောင့် အမေရိကန်၊ ကနေဒါ၊ ဥရောပသမဂ္ဂတို့က အစိုးရသုံး ဆက်သွယ်ရေးပစ္စည်းတွေမှာ မသုံးဖို့ တားမြစ်ခဲ့ပြီးနောက်မှာ ဗြိတိန်နဲ့ နယူးဇီလန်တို့က ခုလိုတားမြစ်လိုက်တာဖြစ်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Wang Wenbin ကတော့ အခုလို ဗြိတိန်နဲ့ နယူးဇီလန်တို့က ပိတ်လိုက်တာက အမျိုးသားလုံခြုံရေး စဉ်းစားချက်ကို အလွဲသုံးစားလုပ်ခဲ့တာလို့ ဝေဖန်ပစ်တင်လိုက်ပါတယ်။ ဒီတရုတ်နိုင်ငံခြားရေးပြောခွင့်ရက အခု ၂ နိုင်ငံအနေနဲ့ အမျိုးသားလုံခြုံရေး စဉ်းစားချက်ကို ချဲ့ကားအလွဲသုံးစားလုပ်ခဲ့တာကို ရပ်တန့်ပေးဖို့နဲ့ နိုင်ငံအားလုံးက စီးပွားရေးကုမ္ပဏီတွေအပေါ် မခွဲခြားဘဲ မျှမျှတတဆက်ဆံပေးဖို့ ဒီနေ့ ပုံမှန်သတင်းစာရှင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

TikTok ကို အမေရိကန်နိုင်ငံတဝန်းမှာ သုံးစွဲမှုတားမြစ်ဖို့အထိ စဉ်းစားနေသလို TikTok ကုမ္ပဏီအနေနဲ့ မိခင်ကုမ္ပဏီ ByteDance ကနေခွဲထွက်ဖို့ အမေရိကန်အစိုးရက TikTok ကို ပြောကြားထားတယ်လို့ အမေရိကန်သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ကြပါတယ်။ TikTok ကတော့ လုံခြုံရေးကြောင့် ခုလို သူ့ရဲ့ App ကိုတားမြစ်နေတာ အဓိပ္ပါယ်မရှိဘူးလို့ ပြောကြားထားပါတယ်။

TikTok အသုံးပြုမှု ဗြိတိန်နဲ့ နယူးဇီလန်အစိုးရတွေ ပိတ်ပင်
please wait

No media source currently available

0:00 0:00:55 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG