သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရက္ ၃၀ အတြင္း အေမရိကန္အစိုးရဖုန္းေတြကေန TikTok ကိုဖယ္ရမယ္ 


Tiktok လူမူကြန္ရက္ App ႏွင့္ အေမရိကန္အလံေနာက္ခံပံု

လူမႈကြန္ယက္မွာ ဗြီဒီယို အတိုေလးေတြတင္လုိ႔ရတဲ့ TikTok လူမႈကြန္ရက္ App ကိုအေမရိကန္အစိုးရသံုး လက္ကိုင္ဖုန္းနဲ႔ ဆက္သြယ္ေရးပစၥည္းေတြ၊ စနစ္ေတြကေန ရက္ ၃၀ အတြင္းဖယ္႐ွားဖုိ႔ အိမ္ျဖဴေတာ္က အစိုးရဌာနေတြကို တနလၤာေန႔က ညႊန္ၾကားခ်က္ ထုတ္လိုက္ပါတယ္။ ByteDance ဆိုတဲ့တ႐ုတ္ကုမၸဏီပိုင္ TikTok App သံုးတာ ဆိုင္ဘာလံုၿခံဳေရးအတြက္ စိတ္မခ်ရဘူးဆုိၿပီး အသံုးျပဳမႈတားျမစ္ဖို႔ အေမရိကန္လႊတ္ေတာ္က အတည္ျပဳခဲ့ၿပီးေနာက္ အခုလိုအိမ္ျဖဴေတာ္က ညႊန္ၾကားခ်က္ထုတ္ခဲ့တာပါ။

တရားဥပေဒစိုးမိုးေရးအဖြဲ႕ေတြ လိုအပ္လို႔သုံးတာ၊ အမ်ိဳးသားလုံၿခဳံေရးနဲ႔ သုေတသနလိုအပ္ခ်က္အရ သုံးတာမ်ိဳးကလြဲရင္ သုံးခြင့္မရွိဘူးလို႔ အေမရိကန္အစိုးရက ၫႊန္ၾကားပါတယ္။ အေမရိကန္ျပည္သူေတြရဲ႕ လုံၿခဳံေရးနဲ႔ ကိုယ္ေရးကိုယ္တာ အခ်က္အလက္ ကာကြယ္ေရး၊ ဒီဂ်စ္တယ္ အေျခခံအေဆာက္အအုံ လံုၿခံဳေရးအရ ေဆာင္႐ြက္တာျဖစ္တယ္လို႔ အေမရိကန္ဖက္ဒရယ္အစိုးရ သတင္းအခ်က္အလက္ လုံၿခဳံေရးဆိုင္ရာ အႀကီးအကဲ Chris DeRusha က ေျပာပါတယ္။

TikTok App ဟာ အသုံးျပဳသူေတြရဲ႕ ကိုယ္ေရးအခ်က္အလက္ေတြ ေပါက္ၾကားႏိုင္သလို တ႐ုတ္အစိုးရရဲ႕ သေဘာထားကို လက္ခံလာေအာင္ ဝါဒျဖန႔္ဖို႔ သုံးလာႏိုင္တယ္ဆိုၿပီး အေနာက္ႏိုင္ငံအစိုးရေတြက စိုးရိမ္ေနၾကတာပါ။ ByteDance ကုမၸဏီကေတာ့ ႏိုင္ငံေရးအရလုပ္တာလို႔ ေျပာပါတယ္။ အေမရိကန္အစိုးရရဲ႕ လုပ္ရပ္အေပၚ အျပင္းအထန္ကန္႔ကြက္တယ္လို႔ တ႐ုတ္အစိုးရက တံု႔ျပန္ပါတယ္။ လိုတာထက္ ပိုတဲ့ေဆာင္႐ြက္မႈျဖစ္တယ္လို႔ တ႐ုတ္ႏိုင္ငံျခားေရးဌာနေျပာခြင့္ရ Mao Ning ကဒီေန႔ အဂၤါေန႔ သတင္းစာ႐ွင္းပြဲမွာ ေျပာၾကားသြားပါတယ္။
TikTok ကို တႏိုင္ငံလံုး အသုံးျပဳခြင့္ ပိတ္ပင္ဖို႔အထိ သမၼတ Joe Biden ပိတ္ပင္ႏိုင္ေအာင္ အခြင့္အာဏာေပးမယ့္ ဥပေဒၾကမ္းတရပ္ ျပဌာန္းႏိုင္ဖို႔ ရီပတ္ဗလစ္ကန္ပါတီဝင္ ေအာက္လႊတ္ေတာ္အမတ္ေတြက ဒီေန႔ အဂၤါေန႔မွာ အဆိုတင္သြင္းမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ အေမရိကန္ႏိုင္ငံသားအခြင့္အေရး ကာကြယ္ေဆာင္႐ြက္တဲ့ ACLU အဖဲြ႔ကေတာ့ TikTok App အသံုးျပဳမႈကို မတားဖုိ႔ လႊတ္ေတာ္ကို ေတာင္းဆိုေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

ရက် ၃၀ အတွင်း အမေရိကန်အစိုးရဖုန်းတွေကနေ TikTok ကိုဖယ်ရမယ်

လူမှုကွန်ယက်မှာ ဗွီဒီယို အတိုလေးတွေတင်လို့ရတဲ့ TikTok လူမှုကွန်ရက် App ကိုအမေရိကန်အစိုးရသုံး လက်ကိုင်ဖုန်းနဲ့ ဆက်သွယ်ရေးပစ္စည်းတွေ၊ စနစ်တွေကနေ ရက် ၃၀ အတွင်းဖယ်ရှားဖို့ အိမ်ဖြူတော်က အစိုးရဌာနတွေကို တနင်္လာနေ့က ညွှန်ကြားချက် ထုတ်လိုက်ပါတယ်။ ByteDance ဆိုတဲ့တရုတ်ကုမ္ပဏီပိုင် TikTok App သုံးတာ ဆိုင်ဘာလုံခြုံရေးအတွက် စိတ်မချရဘူးဆိုပြီး အသုံးပြုမှုတားမြစ်ဖို့ အမေရိကန်လွှတ်တော်က အတည်ပြုခဲ့ပြီးနောက် အခုလိုအိမ်ဖြူတော်က ညွှန်ကြားချက်ထုတ်ခဲ့တာပါ။

တရားဥပဒေစိုးမိုးရေးအဖွဲ့တွေ လိုအပ်လို့သုံးတာ၊ အမျိုးသားလုံခြုံရေးနဲ့ သုတေသနလိုအပ်ချက်အရ သုံးတာမျိုးကလွဲရင် သုံးခွင့်မရှိဘူးလို့ အမေရိကန်အစိုးရက ညွှန်ကြားပါတယ်။ အမေရိကန်ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက် ကာကွယ်ရေး၊ ဒီဂျစ်တယ် အခြေခံအဆောက်အအုံ လုံခြုံရေးအရ ဆောင်ရွက်တာဖြစ်တယ်လို့ အမေရိကန်ဖက်ဒရယ်အစိုးရ သတင်းအချက်အလက် လုံခြုံရေးဆိုင်ရာ အကြီးအကဲ Chris DeRusha က ပြောပါတယ်။

TikTok App ဟာ အသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ ပေါက်ကြားနိုင်သလို တရုတ်အစိုးရရဲ့ သဘောထားကို လက်ခံလာအောင် ဝါဒဖြန့်ဖို့ သုံးလာနိုင်တယ်ဆိုပြီး အနောက်နိုင်ငံအစိုးရတွေက စိုးရိမ်နေကြတာပါ။ ByteDance ကုမ္ပဏီကတော့ နိုင်ငံရေးအရလုပ်တာလို့ ပြောပါတယ်။ အမေရိကန်အစိုးရရဲ့ လုပ်ရပ်အပေါ် အပြင်းအထန်ကန့်ကွက်တယ်လို့ တရုတ်အစိုးရက တုံ့ပြန်ပါတယ်။ လိုတာထက် ပိုတဲ့ဆောင်ရွက်မှုဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရ Mao Ning ကဒီနေ့ အင်္ဂါနေ့ သတင်းစာရှင်းပွဲမှာ ပြောကြားသွားပါတယ်။
TikTok ကို တနိုင်ငံလုံး အသုံးပြုခွင့် ပိတ်ပင်ဖို့အထိ သမ္မတ Joe Biden ပိတ်ပင်နိုင်အောင် အခွင့်အာဏာပေးမယ့် ဥပဒေကြမ်းတရပ် ပြဌာန်းနိုင်ဖို့ ရီပတ်ဗလစ်ကန်ပါတီဝင် အောက်လွှတ်တော်အမတ်တွေက ဒီနေ့ အင်္ဂါနေ့မှာ အဆိုတင်သွင်းမယ်လို့ မျှော်လင့်ရပါတယ်။ အမေရိကန်နိုင်ငံသားအခွင့်အရေး ကာကွယ်ဆောင်ရွက်တဲ့ ACLU အဖွဲ့ကတော့ TikTok App အသုံးပြုမှုကို မတားဖို့ လွှတ်တော်ကို တောင်းဆိုနေပါတယ်။

XS
SM
MD
LG