သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုင်ကလုံး နောက်ဆက်တွဲ အာဖရိကတောင်ပိုင်းနိုင်ငံများ ကျန်းမာရေးအန္တရာယ်ကြုံ


Cyclone Freddy in Malawi
Cyclone Freddy in Malawi

=== [[ ZAWGYI ]] ===

ဆိုင်ကလုံး နောက်ဆက်တွဲ အာဖရိကတောင်ပိုင်းနိုင်ငံများ ကျန်းမာရေးအန္တရာယ်ကြုံ

အာဖရိကတောင်ပိုင်းမှာ သေကြေပျက်စီးမှု များစွာ ဖြစ်စေခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း ဖရက်ဒီရဲ့ နောက်ဆက်တွဲ အဖြစ် မာလာဝီ၊ မိုဇမ်ဘစ်နဲ့ မဒါဂတ်စကာ နိုင်ငံတွေမှာ သန်းနဲ့ချီတဲ့ လူတွေဟာ ကျန်းမာရေးဆိုင်ရာ အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေးလိုက်ပါတယ်။

နေရာအနှံ့ ရေကြီးရေလျှံမှုနဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် အပျက်အစီး အဆုံးအရှုံး များခဲ့ပြီး နိုင်ငံ သုံးနိုင်ငံမှာ လူပေါင်း ၁.၄ သန်းကျော်ဟာ တိုက်ဖွိုက်(အူယောင်ငန်းဖျား)၊ ကာလဝမ်း၊ အသည်းရောင်အသားဝါ အစရှိတဲ့ ရေကတဆင့် ကူးစက်တဲ့ ရောဂါတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီကနေ မတ်လအထိ တလကျော်ကြာခဲ့တဲ့ စံချိန်တင် မုန်တိုင်းဒဏ်ကြောင့် အာဖရိကတောင်ပိုင်းမှာ ဆေးဘက်ဆိုင်ရာ အဆောက်အအုံ ၃၀၀ ကျော် ပျက်စီး ရေလွှမ်းခဲ့လို့ ဒေသခံလူထုဟာ ကျန်းမာရေးစောင့်ရှောက်မှု လုံလုံလောက်လောက် မရ ဖြစ်နေကြတယ်လို့ WHO ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒီမှာ လူပေါင်း ၆၀၀ ကျော် သေဆုံးခဲ့ပြီး ၁,၄၀၀ နီးပါး ဒဏ်ရာရရှိခဲ့ကာ လက်ရှိထိတိုင် လူရာနဲ့ချီ ပျောက်ဆုံးနေဆဲပဲလို့ WHO ကပြောပါတယ်။ မာလာဝီ နိုင်ငံတခုတည်းမှာတင် လူ ၅၀၀ ကျော် သေဆုံးကာ ၁,၃၀၀ နီးပါး ဒဏ်ရာရရှိပြီး ရွာလုံးကျွတ် ရေလွှမ်းမိုး ခံရတာတွေ အများအပြား ဖြစ်ခဲ့ပါတယ်။

ထိခိုက်တဲ့ဒေသတွေကို WHO အနေနဲ့ ဒေါ်လာ ၈ သန်းနီးပါး ထောက်ပံ့ပေးထားပြီး ကျွမ်းကျင်သူ ၆၀ ကျော်ကို စေလွှတ်ထားကာ ဓါတ်ခွဲခန်းတွေ၊ ကုသမှုဆိုင်ရာနဲ့ တခြား အရေးကြီး ဆေးဝါးပစ္စည်းတွေကို ပို့ဆောင်ထားပါတယ်။

လက်ရှိမှာ အာဖရိကနိုင်ငံ ၁၄ နိုင်ငံမှာ ကာလဝမ်းရောဂါ ဖြစ်ပွားမှုဒဏ်ကို ခံစားနေကြရကာ ပြင်းထန်တဲ့ ရာသီဥတုနဲ့ ပဋိပက္ခတွေက ဒီအခြေအနေကို ပိုမိုဆိုးရွားစေပြီး အချို့ဒေသတွေမှာ တခြားရောဂါတွေ တိုက်ဖျက်ရာမှာပါ အားနည်းမှုတွေ ဖြစ်ပေါ်စေတယ်လို့ WHO က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

=== {{ UNICODE }} ===








XS
SM
MD
LG