သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဘက် တိုက်ပွဲကြောင့် ထိုင်းဘက်ကို ထွက်ပြေးသူ ရက်ပိုင်းအတွင်း ၅ ထောင်ကျော်


ရွှေကုက္ကိုလ်မြို့အနီး BGF ကင်းစခန်း ၂ ခုကို ဧပြီလ ၅ ရက်က KNLA နဲ့ PDF ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ (photo: KNLA နဲ့ PDF)
ရွှေကုက္ကိုလ်မြို့အနီး BGF ကင်းစခန်း ၂ ခုကို ဧပြီလ ၅ ရက်က KNLA နဲ့ PDF ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ (photo: KNLA နဲ့ PDF)

=== [[ ZAWGYI ]] ===

မြန်မာဘက် တိုက်ပွဲကြောင့် ထိုင်းဘက်ကို ထွက်ပြေးသူ ရက်ပိုင်းအတွင်း ၅ ထောင်ကျော်

ထိုင်း-မြန်မာ နယ်စပ်ဒေသမှာ စစ်ကောင်စီတပ်တွေနဲ့ လက်နက်ကိုင် တွန်းလှန်နေတဲ့ ဒေသခံအဖွဲ့တွေကြား မကြာခင်ရက်ပိုင်း အတွင်း တိုက်ပွဲတွေ ပြင်းထန်လာနေတာကြောင့် မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသတလွှားကနေ ထိုင်းနိုင်ငံထဲကို ထွက်ပြေးခိုလှုံလာတဲ့ မြန်မာနိုင်ငံသားက ဒီရက်ပိုင်း အတွင်းမှာပဲ ၅၀၀၀ ကျော်နေပြီလို့ ထိုင်းသတင်းမီဒီယာတွေကရော ထိုင်းအရာရှိတွေကပါ ကြာသပတေးနေ့က ပြောပါတယ်။

ထိုင်းနိုင်ငံ တာခ်ပြည်နယ်ထဲကို မြန်မာဘက်ခြမ်း မြဝတီဘက်ကနေ ဗုဒ္ဓဟူးနေ့ညမှာတင် ထွက်ပြေးခိုလှုံလာသူဟာ ၅၄၂၈ ယောက်ရှိနေပြီး အဲဒီအထဲမှာ ကလေးငယ်က ၈၀၀ ကျော် ပါဝင်နေတယ်လို့ အမည်မဖေါ်တဲ့ လုံခြုံရေးအရာရှိရဲ့ ပြောကြားချက်ကို ထိုင်း PBS အသံလွှင့်ဌာနက ထုတ်လွှင့်တဲ့ သတင်းမှာ ဖေါ်ပြထားပါတယ်။

နယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မြို့ကိုရောက်နေတဲ့ ထွက်ပြေးခိုလှုံလာတဲ့ လူအုပ်စုတွေကို ကြာသပတေးနေ့ TPBS သတင်းမှာလည်း ဖေါ်ပြထားပါတယ်။ ဒီမိုကရေစီလိုလားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ လက်တွဲဆောင်ရွက်နေတဲ့ လက်နက်ကိုင်ကရင်တပ်တွေက နယ်စပ်က မြန်မာစစ်တပ်ရဲ့ စခန်းတခုကို ဝင်ရောက်စီးနင်းခဲ့တဲ့ နောက်မှာ တိုက်ပွဲတွေ ပြင်းထန်လာပြီး အခုလို ထိုင်းဘက်ကို ထွက်ပြေးလာကြတာ ဖြစ်ကြောင်းလည်း သတင်းမှာ ဖေါ်ပြထားပါတယ်။

တိုက်ပွဲတွေဟာ ကြာသပတေးနေ့ အထိလည်း ဆက်လက် ဖြစ်ပွါးနေဆဲဖြစ်ပြီး သေနတ်သံတွေကို ထိုင်းဘက်ခြမ်းကနေတောင် ကြားရနိုင်တယ်လို့ မဲဆောက်အာဏာပိုင်တွေက ပြောပါတယ်။ လက်ရှိမှာ ထိုင်းအာဏာပိုင်တွေ စောင့်ရှောက်ထားတဲ့ ဒုက္ခသည်က အနည်းဆုံး ၅၀၀၀ လောက်ရှိတယ်လို့လည်း ထိုင်းလုံခြုံရေးအရာရှိက ပြောပါတယ်။

မြဝတီမြို့မြောက်ဘက်၊ ကာစီနိုလောင်းကစားရုံတွေ တည်ထားတဲ့ ရွှေကုက္ကိုလ်မြို့အနီးက ထီးကော်ထော ကျေးရွာမှာ ကရင်နယ်ခြားစောင့်တပ် BGF ကင်းစခန်း ၂ ခုကို ဒီနေ့ ဧပြီလ ၅ ရက်မနက်ပိုင်းက ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA နဲ့ PDF ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်တာကြောင့် စစ်ကောင်စီက လေကြောင်းကနေ ရဟတ်ယာဉ် ၂ စင်းနဲ့ ပစ်ကူပေးခဲ့ပါတယ်။ တိုက်ပွဲတွေ ပြင်းထန်တဲ့အတွက် အနီးနားရွာတွေက စစ်ဘေးရှောင် ထောင်ဂဏန်းလောက်ဟာ ထိုင်းဘက်ကို ထွက်ပြေးကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

==={{ UNICODE }}===







XS
SM
MD
LG