သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေကုက္ကိုမှာ စစ်ကောင်စီဘက် နဲ့ KNLA တိုက်ပွဲပြင်းထန်


ရွှေကုက္ကိုလ်မြို့အနီး BGF ကင်းစခန်း ၂ ခုကို ဧပြီလ ၅ ရက်က KNLA နဲ့ PDF ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့
ရွှေကုက္ကိုလ်မြို့အနီး BGF ကင်းစခန်း ၂ ခုကို ဧပြီလ ၅ ရက်က KNLA နဲ့ PDF ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ရွှေကုက္ကိုလ်ဒေသက စစ်ကောင်စီတပ်ရဲ့လက်အောက်ခံ နယ်ခြားစောင့် BGF စခန်းကုန်း ၅ ခုကို ဗိုလ်အယ်ဆေးဝါး ဦးဆောင်သော Lion Battalion ဗျူဟာစစ်ကြောင်းနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက် သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နယ်ခြားစောင့်တပ်သားတွေလည်း အကျအဆုံး များတယ်လို့ သိရပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်ဒေသ ကာစီနိုလောင်းကစားမြို့တော်မှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်တွေ တိုက်ပွဲပြင်းထန်နေတာပါ။ ၂ ရက်အတွင်း စစ်ကောင်စီတပ်ရဲ့လက်အောက်ခံ နယ်ခြားစောင့် BGF စခန်းကုန်း ၅ ခုကို ဗိုလ်အယ်ဆေးဝါး ဦးဆောင်သော Lion Battalion ဗျူဟာစစ်ကြောင်းနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့ပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ ခေါင်းဆောင်တဦးကပြောပါတယ်။

" စခန်း ၅ ခုလောက်က Lion Battalion စစ်ကြောင်းက မီးရှို့ဖျက်ဆီးလိုက်တယ် တခြား ပူးပေါင်းစစ်ကြောင်းတွေလည်းပါတယ် ကော်ပရာ စစ်ကြောင်းလည်းပါတယ်၊ ရွှေကုက္ကိုလ်မှာ နယ်ခြားစောင့်စခန်းတွေ ကိုယ်ကျိုးစီးပွား ရှာနေတဲ့ စခန်းတွေပေါ့။ စကစနဲ့ ပေါင်းနေပြီး မူးယစ်ဆေးဝါးတွေ လူကုန်ကူးကိစတွေ လက်နက်ရောင်းဝယ်ရေးကိစတွေက သူတို့မှာ အမြဲရှိတယ်။ အဲဒါတွေကို ကာကွယ်ပေးနေတဲ့ စခန်းတွေကို ကျနော်တို့က မီးရှိ့ဖျက်ဆီးလိုက်တယ်။"

ဧပြီလ ၅ ရက်နေ့က ၆ ရက်နေ့ အထိဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့် ပူးပေါင်းထားတဲ့ စခန်းကုန်း ၅ ကုန်းကို သိမ်းပိုက်ဖျက်ဆီးခဲ့ပြီး စစ်တပ် BGF ဘက်မှ သေဆုံးသူ ၈၅ ဦ်းနဲ့ ဒဏ်ရာရရှိသူ ၆၀ ကျော်ရှိကြောင်း၊ လက်နက် ၇၅ လက် သိမ်းဆည်းရရှိကြောင်း၊ Lion Battalion က ထုတ်ပြန်ခဲ့ပါတယ်။ ပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း ထိခိုက်ကျဆုံးမူတွေ အနည်းအကျဉ်းရှိတယ်လို့ဆိုပါတယ်။ နယ်ခြားစောင့်တပ်သားတွေ သေဆုံးမူများကြောင်း BGF ၁၀၁၇ တပ်ရင်းမှူး ဒီးဒီ ကျဆုံးတာရှိတယ်လို့တော့ နယ်ခြားစောင့်တပ်သားတွေက ဆိုပါတယ် ။ ထိခိုက်သေဆုံးမူနဲ့ ပတ်သက်လို့တော့ သီးခြားအတည်ပြုလို့ မရသေးပါဘူး။

နယ်ခြားစောင့်တပ်က ပစ်ခတ်ဖမ်းဆီးထားတဲ့ Lion Battalion အဖွဲ့က ဒုတိယ စစ်ကြောင်းမှူးကို စစ်ကောင်စီထံ လွှဲပြောင်းပြီး သတ်ဖြတ် လိုက်တယ်လို့ သတင်းထွက်ပေါ်ပြီးတဲ့နောက်မှာပဲ ရွှေကုက္ကိုလ်ဒေသမှာ တိုက်ပွဲ အကြီးအကျယ်ဖြစ်ခဲ့တာပါ။ စစ်ဘေးရှောင်တွေ ထောင်နဲ့ချီပြီး ထိုင်းဘက်ကို ထွက်ပြေးခဲ့ရပါတယ်။ တိုက်ပွဲတွေက ပြင်းထန်နေသေးတာကြောင့် ဒေသခံတွေဟာ နေရပ် မပြန်ရဲကြသေးဘူးလို့ ဆိုပါတယ် ။

ပူးပေါင်းတပ်ဖွဲ့တွေက BGF ထိန်းချုပ်ထားတဲ့ ရွှေကုက္ကိုလ်ဒေသ၊ ထီးဝါးပလော၊ ထီးကော်ထော ကျေးရွာတွေ အတွင်း တပ်စွဲနေရာယူထားတဲ့ စစ်ကောင်စီ စစ်တပ်၊ BGF စခန်းတွေကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

=== {{ UNICODE }} ===








XS
SM
MD
LG