သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းလူ့အခွင့်ရေးအဖွဲ့ ကန်တာဝန်ရှိသူနဲ့တွေ့ဆုံ  


ဝဲမှယာ: အမေရိကန်သမ္မတနဲ့ နိုင်ငံခြားဝန်ကြီးတို့ရဲ့အကြံပေးပုဂ္ဂိုလ် Rashad Hussain ခငြျးသငျးအုပျဆရာ Aaron Tawk Al နဲ့ မေရီလန်းပြည်နယ် ချင်းတိုင်းရင်းသားများအဖွဲ့ (CAM) Zo Tum Hmung
ဝဲမှယာ: အမေရိကန်သမ္မတနဲ့ နိုင်ငံခြားဝန်ကြီးတို့ရဲ့အကြံပေးပုဂ္ဂိုလ် Rashad Hussain ခငြျးသငျးအုပျဆရာ Aaron Tawk Al နဲ့ မေရီလန်းပြည်နယ် ချင်းတိုင်းရင်းသားများအဖွဲ့ (CAM) Zo Tum Hmung


{{Zawgyi/Unicode}}

ချင်းလူ့အခွင့်ရေးအဖွဲ့ ကန်တာဝန်ရှိသူနဲ့တွေ့ဆုံ

ချင်းပြည်နယ် ထန်တလန်မြို့နယ်တဝိုက်မှာ ပြီးခဲ့တဲ့သီတင်းပတ်ထဲ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူသေဆုံးဒဏ်ရာရတာ၊ ဘုရားကျောင်း တချို့ပျက်စီးခဲ့တာနဲ့ ဒုက္ခသည်အများအပြား နယ်စပ်တိမ်းရှောင်ရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီတာဝန်ရှိသူတွေကို ထိရောက်စွာအရေးယူပေးဖို့ အမေရိကန် အရှေ့ဖက်ခြမ်း မေရီလန်းပြည်နယ် ချင်းတိုင်းရင်းသားများအဖွဲ့ (CAM)က အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနတာဝန်ရှိသူတွေနဲ့ ဗုဒ္ဓဟူးနေ့က သွားရောက်တွေ့ဆုံ တောင်းဆိုခဲ့ကြပါတယ်။ ဒီအကြောင်း ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

ထန်တလန်မြို့နယ် ခွာဖိုးရွာကို စစ်ကောင်စီတပ်တွေက မတ်လ (၃၀) ရက်နေ့မှာ လေကြောင်းကတိုက်ခိုက်တာကြောင့် အရပ်သားပြည်သူ (၉)ဦး သေဆုံးပြီး (၁၁)ဦး ဒဏ်ရာရရှိကာ နေအိမ် (၁၈)လုံး ပျက်စီးသွားသလို ခရစ်ယာန်ဘုရားကျောင်း (၂) ကျောင်းလည်း ပျက်စီးခဲ့ရတယ်လို့ ဒေသခံ မျက်မြင်တွေကို ကိုးကားပြီး မေရီလန်း ချင်းတိုင်းရင်းသားများအဖွဲ့ (CAM- Chin Association of Maryland) အဖွဲ့က သတင်းထုတ်ပြန်ထားတာပါ။

စစ်ကောင်စီတပ်တွေရဲ့ ဒီလုပ်ရပ်နဲ့ပတ်သက်လို့ ပြင်းထန်စွာအရေးယူဒဏ်ခတ်မှုတွေ လုပ်ပေးဖို့ CAM ဒါရိုက်တာ ဦးဇိုသုန်းမှုန်နဲ့အတူ လက်ရှိ မြောက်ကာရိုလိုင်းနားပြည်နယ်မှာ နေထိုင်သူ၊ ခွာဖိုးရွာဇာတိ သင်းအုပ်ဆရာ အာရွန်းတော့ခ်အား Aaron Tawk Al တို့ (၂) ဦးက နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်နဲ့ပတ်သက်လို့ အမေရိကန်သမ္မတနဲ့ နိုင်ငံခြားဝန်ကြီးတို့ရဲ့အကြံပေးပုဂ္ဂိုလ် Rashad Hussain ကို အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ သွားရောက်တွေ့ဆုံတိုက်တွန်းခဲ့ကြောင်း CAM ဒါရိုက်တာ ဦးဇိုသုန်းမှုန်က VOA ကို ပြောပါတယ်။

“ကျနော်တို့သွားတွေ့ရတဲ့ရည်ရွယ်ချက်က U.S. အစိုးရကို ကျနော်တို့တောင်းဆိုတယ်။ အခု ချင်းပြည်နယ်မှာဆိုရင် စစ်ကောင်စီကနေ ဗုံးကြဲတိုက်ခိုက်တာကို တားဆီးဖို့၊ကူညီဖို့ ကျနော်တို့ တခုတောင်းဆိုတယ်။ နောက်တချက်က စစ်ကောင်စီကနေ ဗုံးကြဲပြီးတော့၊ တိုက်ခိုက်ပြီးတော့ လူတွေသေဆုံးသွားတဲ့ဟာကို U.S. အစိုးရကနေ ပြင်းပြင်းထန်ထန် ရှုတ်ချဖို့ ကျနော်တို့တောင်းဆိုတယ်။ နောက်တချက်ကတော့ အခုလို ချင်းပြည်နယ်မှာ လူမဆန် သတ်ဖြတ်ပြီးတော့ လေကြောင်းနဲ့တိုက်ခိုက်တဲ့ အဓိကတာဝန်ခံက အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်ကို အရေးယူစေချင်တယ်။ ပြီးတော့ အခုလို ဆက်လက်ပြီးတော့ တိုက်ခိုက်နေတဲ့အတွက် ကျနော်တို့ချင်းတွေဟာ တော်တော်လေး ထွက်ပြေးကြတယ်။ အဲလိုထွက်ပြေးပြီးတော့ တိမ်းရှောင်တဲ့ ကျနော်တို့ချင်းတွေကိုလည်း လူသားချင်းစာနာမှု အကူအညီထောက်ပံ့ဖို့ ဆိုပြီးတော့ အဓိကအချက်လေးချက်ကို တောင်းဆိုပါတယ်။ ”

ဒီလို တောင်းဆိုမှုအပေါ် ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Rashad Hussain က တာဝန်ရှိသူတွေကို ဆက်ပြီးတင်ပြသွားမယ်လို့ ဦးဇိုသုန်းမှုန်က ပြောပါတယ်။

“သူကတော့ တော်တော်လေး နားထောင်တယ်။ စိတ်ဝင်စားတယ်။ ဒါပေမဲ့ ကျနော်တို့ မျှော်လင့်တာကတော့ သူ့အနေနဲ့ အဲဒီလို လူမဆန်တဲ့ တိုက်ခိုက်မှုလိုမျိုးကို ပြင်းပြင်းထန်ထန်ရှုတ်ချတယ်၊ အဲလိုဟာမျိုး သတင်းထုတ်ပြန်တဲ့ဟာမျိုးတော့ ထွက်လာဖို့ ကျနော်တို့မျှော်လင့်ပါတယ်။”

ချင်းပြည်နယ်အပါအဝင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမှာ စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းရေးတွေလုပ်တိုင်း၊ ဒေသခံပြည်သူတွေဟာ အိန္ဒိယနယ်စပ်ကို စစ်ဘေးဒုက္ခသည်အဖြစ် ထွက်ပြေးခိုလှုံရလေ့ရှိတာပါ။ အခုတကြိမ် ထန်တလန်မြို့နယ်တဝိုက်က စစ်ရှောင်ပြည်သူတွေအတွက် လူသားချင်းစာနာတဲ့ အကူအညီတွေကို တိုက်ရိုက် ရရှိနိုင်ဖို့ အမေရိကန်အစိုးရက ကြားဝင်ဆောင်ရွက်ပေးဖို့ တိုက်တွန်းခဲ့တယ်လို့ ဦးဇိုသုန်းမှုန်က ဆိုပါတယ်။

“ပြည်တွင်းကနေ ထောက်ပံ့မှုဆိုတာဟာလည်း လမ်းကြောင်းတွေကလည်းတော်တော်လေး ချင်းပြည်နယ်ရောက်ဖို့က အခက်အခဲရှိတယ်။ ဒါကြောင့်မို့ ကျနော်တို့ကတော့ အိန္ဒိယ- မီဇိုးရမ်ကနေ နယ်စပ်ကိုဖြတ်ပြီးတော့ ထောက်ပံ့မှုလိုမျိုး ကျနော်တို့ဖြစ်စေချင်တယ်။ အဲသလိုမျိုးဖြစ်ဖို့ဆိုရင် အမေရိကန်အစိုးရအနေနဲ့ အိန္ဒိယအစိုးရကို ပိုပြီးတော့ ချဉ်းကပ်ဖို့လိုတယ်။ အခုထိတော့ အဲဒီအဆင့် မရောက်သေးဘူး။ အခု ချင်းပြည်နယ်တခုတည်းမဟုတ်ဘူး။ စစ်ရှောင်တွေက စစ်ကိုင်းတိုင်းဘက်ကလည်းပါတယ်။ မကွေးဘက်ကလည်း အဲဒီကိုရောက်လာတယ်လို့ကျနော် သိရတယ်။ ဒါကြောင့်မို့ U.S. အစိုးရကနေ စစ်ရှောင်တွေအတွက် ကူညီဖို့ အဲလိုလုပ်ဖို့ဆိုရင် အိန္ဒိယအစိုးရကို ပိုပြီးတော့ ချဉ်းကပ်ဖို့လိုတယ်။”

ကုလသမဂ္ဂအဖွဲ့အစည်းတွေကတဆင့် ဒုက္ခသည်တွေ ထိရောက်တဲ့ အကူအညီရနိုင်ဖို့ အိန္ဒိယအစိုးရရဲ့ခွင့်ပြုချက် လိုအပ်တယ်လို့ ဆိုပေမယ့် အိန္ဒိယဗဟိုအစိုးရရဲ့ သဘောထားက ဘယ်လို ရှိနိုင်ပါသလဲ။ အိန္ဒိယနိုင်ငံမှာ ဆယ်စုနှစ်နဲ့ချီ နေလာတဲ့ မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာ တင့်ဆွေက ခုလိုမြင်ပါတယ်။

“အိန္ဒိယလက်ရှိအစိုးရရဲ့ ဗမာနိုင်ငံအပေါ်ထားတဲ့ သဘောထားကတော့ စစ်ကောင်စီသိမ်းကတည်းက အစကတည်းက စိတ်ပျက်စရာကောင်းတဲ့ပေါ်လစီအတိုင်း ရပ်တည်ခဲ့ပါတယ်။ ကံအားလျော်စွာပဲ မီဇိုရမ်ပြည်နယ်က မီဇိုရမ်အစိုးရကတော့ ဗမာပြည်ကလာတဲ့လူတွေအပေါ်မှာ အင်မတန်မှ အိမ်ရှင်ကောင်းပီသစွာ ဆက်ဆံလာခဲ့တဲ့အတွက် ကျေးဇူးတင်စရာကောင်းတယ်။ ဒါပေမဲ့ ဗဟိုအစိုးရက မလိုက်လျောဘူး။ ကောင်းတာတချက်က ပြီးခဲ့တဲ့တပတ် နှစ်ပတ်အတွင်းမှာ မီဇိုရမ်ပြည်နယ်ရဲ့မြောက်ဘက်မှာရှိတဲ့ မဏိပူပြည်နယ်ကနေပြီးတော့ ဗမာဒုက္ခသည်တွေအတွက် လူ ၅,၀၀၀ လောက်ဆန့်တဲ့ လုံခြုံရေးစခန်းတခုကိုတော့ ခွင့်ပြုလိုက်တယ်။ ဒါလည်း ပြည်နယ်ရဲ့သဘောထားပဲဖြစ်ပါတယ်။ အဲဒီတော့ UNHCR တို့၊ကမ္ဘ့ာကုလသမဂ္ဂ စသဖြင့် အဖွဲ့အစည်းတွေကတော့ အိန္ဒိယအစိုးရ ဗဟိုအစိုးရက ခွင့်မပြုရင် လုပ်လို့မရဘူး။ အိန္ဒိယအစိုးရက UNHCR ကိုလည်း လက်မှတ်ထိုးထားတဲ့နိုင်ငံမဟုတ်တော့ သူက နေသာတယ်။ ကျနော့်အမြင်ကတော့ အိန္ဒိယဗဟိုအစိုးရရဲ့စာနာထောက်ထားမှု ပေါ်လစီဟာ အခုထိ အလားအလာမရှိဘူးလို့ မြင်တယ်။”

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အိန္ဒိယနယ်စပ်ကို ထွက်ပြေးရောက်ရှိလာတဲ့ CDM ဝန်ထမ်းတွေနဲ့ စစ်ဘေးဒုက္ခသည် စုစုပေါင်း (၅၂,၀၀၀) လောက် ရှိမယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ခန့်မှန်းထားကြပါတယ်။

#ဦးဇိုသုန်းမှုန် #ဒေါက်တာတင့်ဆွေ #ချင်းစစ်ဘေးရှောင် #ချင်းဒုက္ခသည် #ထန်တလန် #ခွာဖိုးရွာ #စစ်ကောင်စီတပ်

တိုက်ရိုက် လင့်ခ်

================

{{Unicode}}













ဆက်စပ်သတင်းများ ...

XS
SM
MD
LG