သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးကောင်စီ ဆွေးနွေးဆုံးဖြတ်ချက် စစ်ကောင်စီပယ်ချ


U.N. High Commissioner for Human Rights Volker Turk, center, is seen on a TV monitor speaking during a session of the 52nd U.N. Human Rights Council, in Geneva, on March 6, 2023.
U.N. High Commissioner for Human Rights Volker Turk, center, is seen on a TV monitor speaking during a session of the 52nd U.N. Human Rights Council, in Geneva, on March 6, 2023.

=== [[ ZAWGYI ]] ===

လူ့အခွင့်အရေးကောင်စီ ဆွေးနွေးဆုံးဖြတ်ချက် စစ်ကောင်စီပယ်ချ

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ အရင်လက လုပ်ခဲ့တဲ့ မြန်မာ့လူ့အခွင့်အရေး ဆွေးနွေးတင်ပြချက်တွေနဲ့ ဥရောပသမဂ္ဂက တင်သွင်းခဲ့တဲ့ “မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ” ခေါင်းစဉ်ပါ ဆုံးဖြတ်ချက်တွေကို ဧပြီ ၄ ရက်က အတည်ပြုခဲ့တာတွေအပေါ် အာဏာသိမ်း စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဌာနက ဧပြီ ၆ ရက်နေ့မှာ ကန့်ကွက် လိုက်ပါတယ်။

အရင်လက အထွေထွေညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်ရဲ့ ရှင်းလင်းပွဲကို စစ်ကောင်စီဖက်က တက်ခွင့်မရတာ အပေါ်မှာလည်း ကန့်ကွက်ထားတယ်လို့ ဆိုပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး အနေနဲ့ CRPH၊ NUG၊ PDF အဖွဲ့တွေ ကျူးလွန်တဲ့ အမှုတွေကို ဖော်ပြဖို့ ပျက်ကွက်ခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲပါတယ်။ ၂၀၂၃ မတ်လ ၃၁ ရက်နေ့ အထိ ကလေး ၁၆၂ ဦး၊ ဆရာ ဆရာမ ၇၃ ဦး၊ ကျန်းမာရေးဝန်ထမ်း ၁၆ ဦးနဲ့ အုပ်ချုပ်ရေးမှူး ၇၇၃ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၅,၄၇၅ ဦး အသက် ဆုံးရှုံးခဲ့ရတာကို လျှော့ပေါ့ ဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာမှာလည်း ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေအရေး လွှမ်းမိုးနေကာ အချုပ်အခြာအာဏာပိုင် နိုင်ငံများအကြား ဆက်ဆံရေးကို ဝင်ရောက် စွက်ဖက်နေလို့ လုပ်ပိုင်ခွင့်ကို ကျော်လွန်နေတယ်လို့ စစ်ကောင်စီဘက်က တုံ့ပြန်ထားပါတယ်။

ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကလည်း အထွေထွေညီလာခံမှာ အစိုးရဆန့်ကျင်တဲ့ အဖွဲ့တွေ၊ အကြမ်းဖက်အဖွဲ့တွေပြောတဲ့ မမှန်ကန်တဲ့ အချက်အလက်တွေကို အခြေခံပြီး တဖက်သတ် ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ အနေနဲ့ နိုင်ငံတကာက အဖွဲ့အစည်းတွေ နိုင်ငံ တာဝန်ရှိသူတွေကို အဝင်-အထွက် ပိတ်ဆို့ထားတာ မရှိပဲ အခြေအနေကို လေ့လာနိုင်တဲ့ ကွင်းဆင်းခရီးစဉ် ၂၄ ခုနဲ့ ဥရောပသမဂ္ဂ၊ ဆွစ်ဇာလန်၊ ဂျာမနီ၊ ကနေဒါ၊ ဗြိတိန်နဲ့ နော်ဝေနိုင်ငံတွေက သံတမန်တွေရဲ့ ကွင်းဆင်းခရီးစဉ် ၄၉ ခုတို့ကို ခွင့်ပြုပေးခဲ့တယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့လည်း ရိုဟင်ဂျာ အမည်ကို လက်မခံကြောင်းနဲ့ လူ့အခွင့်အရေးကောင်စီ၏ (၅၂) ကြိမ်မြောက် အစည်းအဝေးမှာ နေရပ်စွန့်ခွာသူတွေကို ပြန်လည်လက်ခံရေး ကြိုးပမ်းအားထုတ်နေတာကို လျစ်လျူရှုထားတယ်လို့ စစ်ကောင်စီက ပြောပါတယ်။ စစ်ကောင်စီနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား ပြန်လည် လက်ခံရေးအတွက် တိုးတက်မှုတွေ ရှိနေတယ်လို့လည်း ဆိုထားပြီး တဖက်မှာ ARSA လက်နက်ကိုင်တပ်ဖွဲ့က ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ စစ်ကောင်စီရဲ့ တုံ့ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂ဝ၂၃ ခုနှစ် ပထမသုံးလအတွင်း ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်မှာ တက်ကြွစွာပါဝင်သူ ၁၆ ဦး အပါအဝင် နေရပ်ပြန်လိုသူတွေကို သတ်ဖြတ်ခံနေရတာကို လူ့အခွင့်အရေး ကောင်စီ အဆိုမူကြမ်းက မျက်ကွယ်ပြုထားတယ်လို့ အဲဒီ ထုတ်ပြန်ချက်က ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

=== {{ UNICODE }} ===










XS
SM
MD
LG