သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လူ့အခွင့်အရေး ဗြိတိန်ပါလီမန်မှာဆွေးနွေး

UK Parliament
UK Parliament

မြန်မာ့လူ့အခွင့်အရေး ဗြိတိန်ပါလီမန်မှာဆွေးနွေး

ဧပြီ ၂၀၊ ၂၀၂၃ (ဗွီအိုအေ၊ မြန်မာ)

မြန်မာအပေါ် အရေးယူဒဏ်ခတ်မှုတွေ ချမှတ်ရေးနဲ့ပတ်သက်ပြီး ဗြိတိသျှပါလီမန်မှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေနေတွေကို ဒီတပတ်ထဲ ဆွေးနွေးခဲ့ကြတယ်လို့ europeansanctions.com မှာ ဖေါ်ပြထားပါတယ်။

ဗြိတိန်ရဲ့ မြန်မာအပေါ် အရေးယူဒဏ်ခတ်မှု ချမှတ် အကောင်ထည်ဖေါ်ရေး နှေးကွေးနေမှုတွေ ဖြေရှင်းဖို့ လွှတ်တော်အမတ် Rushanara Ali က တောင်းဆိုခဲ့သလို၊ ဒီမူဝါ အကောင်ထည်ဖော်ရေး တာဝန်ယူ လုပ်ဆောင်မယ့် အရာရှိ လုံလုံလောက်လောက် ရှိမရှိ ဗြိတိန်နိုင်ငံခြားရေးရုံး FCDO ကို မေးခွန်းထုတ်ခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်း MOGE ကို ဗြိတိန်အစိုးရက ပစ်မှတ်ထား အရေးယူဖို့၊ ဗြိတိန်ကုမ္ပဏီတွေ MOGE နဲ့ ထိတွေ့ဆက်ဆံမှုကိုရော မြန်မာအတွက် လေယာဉ်ဆီ တင်သွင်းမှုကိုပါ တားမြစ်ဖို့လည်း တိုက်တွန်းပါတယ်။ မြန်မာ့ သတ္တုတူးဖော်ရေး ကုမ္ပဏီတွေနဲ့ မြန်မာနိုင်ငံခြား ကုန်သွယ်မှုဘဏ်အပြင် မြန်မာကို လက်နက်တင်သွင်းနေတဲ့ ရုရှား၊ တရုတ်၊ ပါကစ္စတန်နဲ့ အိန္ဒိယ ကုမ္ပဏီတွေကို ပစ်မှတ်ထား အရေးယူဖို့ ဆိုတာတွေကိုလည်း လွှတ်တော်အမတ် Rushanara Ali က တိုက်တွန်းခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် မြန်မာကို လေယာဉ်ဆီနဲ့ စစ်လက်နက်ပစ္စည်းတွေ ရောင်းချမှုဆိုင်ရာ ကနေဒါနိုင်ငံက ထုတ်ပြန်ထားတဲ့ ကန့်သတ်ချက်တွေနဲ့ ကိုက်ညီအောင် ဗြိတိန်အစိုးရက ဒဏ်ခတ်မှု ချမှတ်ဖို့လည်း လွှတ်တော်အမတ် Anum Qaisar က တောင်းဆိုခဲ့တယ်လို့သိရပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းဆန့်ကျင်သူတွေကို အကြမ်းဖက်နှိမ်နင်းနေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် စစ်ဖက်အကြီးအကဲတွေ ၊ စစ်တပ်နဲ့ ဆက်နွယ်ပြီး စီးပွားလုပ်ကိုင်နေတဲ့ ကုမ္ပဏီ အတော်များများကိုလည်း ဗြိတိန်အစိုးရက အရေးယူ ဒဏ်ခတ်ထားပါတယ်။

မြန်မာ့လူ့အခွင့်အရေး ဗြိတိန်ပါလီမန်မှာဆွေးနွေး
please wait

No media source currently available

0:00 0:01:27 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG