သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"မြန်မာ့အရေး အမြင်ကွာဟချက်များ ဆက်စပ်ပေးဖို့ကြိုးပမ်းနေ" - အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး


Presiden Joko Widodo didampingi Menteri Luar Negeri Retno Marsudi bertemu dengan
Duta Besar Palestina Untuk Indonesia Zuhair Al-Shun, di Istana Merdeka, Jakarta, Jumat (24/3). (Foto: Courtesy/Setpres RI)
Presiden Joko Widodo didampingi Menteri Luar Negeri Retno Marsudi bertemu dengan Duta Besar Palestina Untuk Indonesia Zuhair Al-Shun, di Istana Merdeka, Jakarta, Jumat (24/3). (Foto: Courtesy/Setpres RI)

မြန်မာ့အရေးအဓိကကျတဲ့ အစုအဖွဲ့တွေအကြား မတူကွဲပြားတဲ့ရပ်တည်ချက်နဲ့ အမြင်သဘောထား ကွာဟချက်တွေ ဆက်စပ်ပေးဖို့ အာဆီယံအလှည့်ကျဥက္ကဌအနေနဲ့ဆက်ပြီး ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။ သမ္မတအိမ်တော်မှာ Marsud ပြောဆိုခဲ့တာပါ။

မြန်မာ့အရေး အဓိကကျတဲ့ အစုအဖွဲ့တွေအကြား မတူကွဲပြားတဲ့ရပ်တည်ချက်နဲ့ အမြင်သဘောထား ကွာဟချက် တွေ ဆက်စပ်ပေးဖို့ အာဆီယံအလှည့်ကျဥက္ကဌအနေနဲ့ ဆက်ပြီး ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။

မကြာခင် ကျင်းပတော့မယ့် အာဆီယံထိပ်သီး ဆွေးနွေးပွဲအတွက် ကြိုတင်ပြင်ဆင်ဖို့ ဂျကာတာ သမ္မတအိမ်တော်မှာ ပြုလုပ်တဲ့ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ နိုင်ငံခြားရေးဝန်ကြီး Marsudi က အခုလို ပြောဆိုခဲ့တာပါ။

အင်ဒိုနီးရှားဟာ အာဆီယံအလှည့်ကျ ဥက္ကဌအနေနဲ့ အဖွဲ့အားလုံးနဲ့ ပွင့်လင်းစွာ ထိတွေ့ဆက်ဆံရေးအတွက် တတ်နိုင်သမျှ ကျယ်ကျယ်ပြန့်ပြန့် လမ်းဖွင့်ဆောင်ရွက်မှာ ဖြစ်သလို အားလုံးရဲ့ အမြင်တွေကိုနားထောင်ပြီး မတူကွဲပြားမှုတွေ လျော့ပါးအောင် လုပ်ဆောင်မှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

မြန်မာ့အရေးဖြေရှင်းမှုဟာ လွယ်ကူတဲ့ကိစ္စရပ် မဟုတ်ပေမယ့် အင်ဒိုနီးရှားက ဆက်လက် ကြိုးစားမှာ ဖြစ်ပြီး အင်ဒိုနီးရှားက မြန်မာစစ်တပ်တာဝန်ရှိသူတွေ၊ NUG ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအပြင် နိုင်ငံရေးပါတီ အများအပြားကိုပါ ဆက်သွယ်ဆောင်ရွက်မှာ ဖြစ်ကြောင်းလည်း ဝန်ကြီး Marsudi က ပြောပါတယ်။

၂၀၂၃ အာဆီယံထိပ်သီး အစည်းဝေးတွေကိုတော့ မြန်မာနိုင်ငံရဲ့အခြေနေ တိုးတက်မှုမရှိတဲ့အတွက် နိုင်ငံရေးအရ ကိုယ်စားမပြုသူကိုသာ လာရောက်ခွင့်ပေးဖို့ ပြီးခဲ့တဲ့ အာဆီယံထိပ်သီးအစည်းဝေးကနေ ဆုံးဖြတ်ထားပါတယ်။ လာမယ့် ထိပ်သီးအစည်းဝေးမှာ မျက်နှာစုံညီဆွေးနွေးပွဲနဲ့ retreat ဆွေးနွေးပွဲတွေ ကျင်းပဖို့ရှိပြီး အဲဒီ retreat ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ် အကောင်ထည်ဖေါ်ရေး ကိစ္စရပ်တွေကို အာဆီယံခေါင်းဆောင်တွေ ဆွေးနွေးကြမှာ ဖြစ်ကြောင်းလည်း ဝန်ကြီး Marsudi ကပြောပါတယ်။

သမ္မတ Joko Widodo ရဲ့ လမ်းညွှန်ချက်အရ ဒီနှစ် အာဆီယံ ထိပ်သီးအစည်းဝေးမှာ မြန်မာ့အရေးကို ဆွေးနွေးမှာ ဖြစ်ပေမယ့် အာဆီယံအသိုင်းဝိုင်း တိုးတက်မှု အရှိန်မြှင့်တင်ရေးကတော့ ဦးစားပေး ကိစ္စရပ်ဖြစ်ကြောင်းလည်း ပြောပါတယ်။ အာဆီယံ ထိပ်သီးအစည်းဝေးကို မေလ ၁၀ ရက်- ၁၁ ရက်တွေမှာ အရှေ့ Nusa Tenggara က Labuan Bajo မှာ ကျင်းပမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG