သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ ဒုက္ခသည်တွေကို အကူညီပိုပေးကြဖို့ ဘင်္ဂလားဒေ့ရှ်ပန်ကြား

ဂျပန်နိုင်ငံကို ၄ ရက်ကြာခရီး သွားရောက်နေတဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina (28th APRIL, 2023)
ဂျပန်နိုင်ငံကို ၄ ရက်ကြာခရီး သွားရောက်နေတဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina (28th APRIL, 2023)

ရိုဟင်ဂျာ ဒုက္ခသည်တွေကို အကူညီပိုပေးကြဖို့ ဘင်္ဂလားဒေ့ရှ်ပန်ကြား


ဂျပန်နိုင်ငံကို ၄ ရက်ကြာခရီး သွားရောက်နေတဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina က ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို အကူအညီတွေ ပိုပေးကြဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို ပန်ကြားလိုက်ပါတယ်။

ဂျပန်သတင်းဌာန NHK နဲ့ ကြာသပတေးနေ့ လူတွေ့မေးမြန်းခန်းမှာ အခုလို ပြောကြားခဲ့တာပါ။ အိမ်နီးချင်း မြန်မာနိုင်ငံမှာ ၂၀၁၇ က စစ်တပ်ရဲ့နယ်မြေရှင်းလင်းမှုနောက်ပိုင်း ရခိုင်ပြည်နယ်ကနေ ရိုဟင်ဂျာဒုက္ခသည် အများအပြား ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခိုလှုံလာတာ ဖြစ်ကြောင်းနဲ့ အခုဆိုရင် ဘင်္ဂလားဒေ့ရှ်ဟာ ဒုက္ခသည် ၁ သန်းလောက်ကို လက်ခံထားရတာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒီ ဒုက္ခသည်တွေ ခိုလှုံနေထိုင်တဲ့ စခန်းတွေကို ဖြည့်ဆည်း ထောက်ပံ့နိုင်ဖို့အတွက် စားရိတ်က သိပ်ကြီးမားတာဖြစ်ကြောင်းနဲ့ လက်ရှိမှာ ယူကရိန်းစစ်ပွဲကြောင့် လောင်စာဆီဈေးတွေရော စားသောက်ကုန်ဈေးနှုန်းတွေပါ မြင့်တက်နေတာကြောင့် အခြေနေဆိုးလာနေတယ်လို့လည်း ပြောပါတယ်။


ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာစစ်တပ်တာဝန်ရှိသူတွေနဲ့ ဆွေးနွေးပြောဆိုမှုတွေ လုပ်ဆောင်နေတာဖြစ်ပြီး မြန်မာဘက်က ဒီဒုက္ခသည်တွေကို စိစစ်ပြီး ပြန်လက်ခံမယ်လို့ ပြောထားပေမယ့် ခုချိန်ထိတော့ ဘာမှ အကောင်ထည် ပေါ်မလာသေးဘူးလို့လည်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟာ ဗုဒ္ဓဟူးနေ့က ဂျပန်ဝန်ကြီးချုပ် Fumio Kishida နဲ့ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံပွဲကနေ ၂ နိုင်ငံဆက်ဆံရေးကို မဟာဗျူဟာကျ မိတ်ဘက်တွေအဖြစ် တိုးမြှင့်ဖို့ သဘောတူခဲ့ကြတာပါ။ ဘင်္ဂလားဒေ့ရှ်နဲ့ ဂျပန် ၂ နိုင်ငံ စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို ၂၀၂၆ မှာ အပြီးသတ် ချမှတ်နိုင်ဖို့ သူလိုလားကြောင်းလည်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က ပြောပါတယ်။

ဝန်ကြီးချုပ် Hasina ဟာ သောကြာနေ့မှာတော့ ဂျပန်နိုင်ငံ တိုကျိုမြို့ကနေ အမေရိကန်နိုင်ငံ ဝါရှင်တန်ကို ထွက်ခွါသွားပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်တွေကို အကူညီပိုပေးကြဖို့ ဘင်္ဂလားဒေ့ရှ်ပန်ကြား
please wait

No media source currently available

0:00 0:01:31 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG