သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူကုန်ကူးခံရသူ ၁,၀၀၀ ကျော် ဖိလစ်ပိုင် ကယ်တင်


FILE - A suspect is arrested by the Anti-human trafficking division in Mabalacat, Philippines, April 20, 2017.
FILE - A suspect is arrested by the Anti-human trafficking division in Mabalacat, Philippines, April 20, 2017.

လူကုန်ကူးခံရသူ ၁,၀၀၀ ကျော် ဖိလစ်ပိုင် ကယ်တင်


ကြာသပတေးနေ့ညနဲ့ သောကြာနေ့တွေမှာ မနီလာမြို့တော်အနီး ပြုလုပ်ခဲ့တဲ့ စီးနင်းမှုအတွင်း မြန်မာနိုင်ငံ အပါအဝင် အာရှတဝန်းက လူကုန်ကူးခံရသူ ၁,၀၀၀ ကျော်ကို ကယ်ဆယ်ခဲ့တယ်လို့ ဖိလစ်ပိုင် အာဏာပိုင်တွေက ပြောပါတယ်။

သူတို့ကို ဒစ်ဂျစ်တယ် ခရစ်ပတိုငွေကြေးစနစ်နဲ့ ဆက်စပ်ပြီး လိမ်လည်မှုကျူးလွန်တဲ့ လုပ်ငန်းမှာ တနေ့ ၁၈ နာရီအထိ အလုပ်ခိုင်းစေခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ မြို့တော် မနီလာကနေ ၂ နာရီလောက် ကားမောင်းရတဲ့ Mabalacat မှာရှိတဲ့ ခြံဝင်းထဲမှာ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

“သူတို့ဟာ Facebook နဲ့ ဒိတ်လုပ်ပြီး ချိန်းတွေ့တဲ့ အက်ပ်တွေကတဆင့် သူတို့ လိမ်လည်လှည့်ဖျားမယ့် သူတွေကို ဆက်သွယ် တွေ့ဆုံခဲ့တယ်” လို့ ဖိလစ်ပိုင် အမျိုးသားဆိုင်ဘာ ရာဇဝတ်မှုတိုက်ဖျက်ရေးအဖွဲ့က ဗိုလ်ကြီး Michelle Sabino က VOA ကို ပြောပါတယ်။ "သူတို့က သူတို့ရဲ့ သားကောင်တွေကို ချစ်ချင်ယောင်ဆောင်ပြီး ပိုက်ဆံတွေ ယူကြတာ"လို့ ဆိုပါတယ်။

လူကုန်ကူး ခံရသူတွေထဲမှာ ဗီယက်နမ်၊ တရုတ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ နီပေါ၊ မလေးရှား၊ မြန်မာ၊ ထိုင်းနဲ့ ထိုင်ဝမ်တိုးလာနေတယ်လို့ ရဲတွေက ပြောပါတယ်။

သူတို့ဟာ ဆိုရှယ်မီဒီယာပေါ်က တဆင့် လစာကောင်းတဲ့ အလုပ်တွေပေးမယ်ဆိုတဲ့ ကတိတွေပေး ဖြားယောင်းသိမ်းသွင်းခံခဲ့ရပြီး နောက်မှာ စက်ရုံတွေမှာ ထည့်ပိတ်ထားပြီး သူတို့ ထွက်မပြေးနိုင်အောင် လက်နက်ကိုင် အစောင့်တွေ ချထားတယ်လို့ Sabino က ပြောပါတယ်။ ဒီ လိမ်လည်လှည့်စားတဲ့ ရာဇဝတ်ဂိုဏ်းကို တရုတ်နိုင်ငံသားတွေက ဦးစီးလုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။

အထဲမှာ ပိတ်မိနေတဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေဆီကနေ အရေးပေါ် အကူအညီတောင်းတဲ့ စာတိုတွေ လက်ခံရရှိခဲ့တဲ့ အင်ဒိုနီးရှား အာဏာပိုင်တွေက အဲဒီခြံဝင်းနဲ့ပတ်သက်ပြီး ဖိလစ်ပိုင် အာဏာပိုင်တွေကို သတင်းပေးခဲ့ပါတယ်။

တချို့ ဒီလိုနေရာတွေမှာ အလုပ် ကောင်းကောင်း မလုပ်နိုင်သူတွေကို ရိုက်နှက်အပြစ်ပေးပြီး သတ်ဖြတ်ခံရတာ အထိ ဖြစ်လေ့ရှိပေမယ့် အခု Mabalacat ခြံဝင်းထဲမှာတော့ ဒီလို အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့ အထောက်အထားမျိုး မတွေ့ရဘူးလို့ ရဲတပ်ဖွဲ့က ဗွီအိုအေကို ပြောပါတယ်။

ဒီလို တရားမဝင် လုပ်ငန်းတွေကို အွန်လိုင်း “အယောင်ဆောင်စက်ရုံတွေ” လို့ ခေါ် ပြီး မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယား အပါအဝင် အရှေ့တောင်အာရှ နိုင်ငံအများအပြားမှာ ဖြန့်ကျက် ရှိနေပါတယ်။

ဒီလုပ်ငန်းမှာ လူကုန်ကူးခံရသူ သောင်းနဲ့ချီရှိပြီး ဒေါ်လာ ဘီလီယံပေါင်း များစွာရနေတဲ့ လုပ်ငန်းပါ။

လူကုန်ကူးခံရသူတွေထဲမှာ မကြာခဏ ဆိုသလို ဆိုရှယ်လူမှုမီဒီယာ ကျွမ်းကျင်မှုရှိတဲ့ တက္ကသိုလ်ဘွဲ့ရ ခေတ်ပညာတတ် အလုပ်သမားတွေလည်း ပါဝင်ပါတယ်။ သူတို့ဟာ လူသုံးများတဲ့ အင်္ဂလိပ်နဲ့ တရုတ် ဘာသာစကား ပြောနိုင်သူတွေ ဖြစ်ပါတယ်။ လိမ်လည်သူများ တချို့လူတွေကလည်း ကိုဗစ် ကပ်ရောဂါကာလအတွင်း အလုပ်ပြုတ်ပြီး နောက်ထပ် အလုပ်သစ်ကို အပူတပြင်း ရှာဖွေနေကြသူတွေ ဖြစ်ပါတယ်။

ဒီလို လုပ်ငန်းကနေ ပြန်လည် လွတ်မြောက်လိုသူတွေဟာ လူကုန်ကူးသူတွေကို ဒေါ်လာသောင်းနဲ့ချီ ပေးပြီး ပြန်လည် ရွေးယူရတာတွေလည်း မကြာခဏ ဖြစ်လေ့ရှိပါတယ်။

လူကုန်ကူးခံရသူ ၁,၀၀၀ ကျော် ဖိလစ်ပိုင် ကယ်တင်
please wait

No media source currently available

0:00 0:01:17 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG